Transportation

ယာဥ္ပိုင္ရွင္ အမည္မွန္မွသာ လိုင္စင္မဲ႕ယာဥ္ဟုတ္ ၊ မဟုတ္ စစ္ေဆးမည္႕ RFID စနစ္ တပ္ဆင္မည္

ယာဥ္ပိုင္ရွင္ အမည္မွန္မွသာ လိုင္စင္မဲ႕ယာဥ္ဟုတ္ ၊ မဟုတ္ စစ္ေဆးမည္႕ RFID စနစ္ တပ္ဆင္မည္ google

ယာဥ္ပိုင္ရွင္အမည္မွန္မွသာ လိုင္စင္မဲ့ ယာဥ္ဟုတ္၊ မဟုတ္စစ္ေဆးမည့္ RFID စနစ္ တပ္ဆင္ႏိုင္မည္ ျဖစ္ေသာေၾကာင့္ အမည္ေျပာင္းလဲမထားသည့္ ယာဥ္ပိုင္ရွင္မ်ား အေနျဖင့္ ယာဥ္ပိုင္ရွင္အမည္ ေျပာင္းလဲရန္ လိုအပ္ၿပီး ယာဥ္ပိုင္ရွင္အမည္ ေျပာင္းပါက ယာဥ္တန္ဖိုး၏ ၃ ရာခိုင္ႏႈန္းသာ အခြန္ေဆာင္ရမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးလ်န္က်င့္မန္၏ ေျပာဆိုခ်က္အရ သိရပါတယ္။

 

''တစ္ႏွစ္အတြင္းမွာ ေမာ္ေတာ္ယာဥ္ဝယ္ထားၿပီး ကိုယ့္အမည္ေပါက္မဟုတ္ရင္ ပိုင္ရွင္အမည္မွန္ ေျပာင္းေပးၾကဖို႔ တိုက္တြန္းပါတယ္။ အခြန္ကေတာ့ တစ္ႏွစ္ေျဖေလွ်ာ့ၿပီးၿပီ။ ဘတ္ဂ်က္ကို ေျဖေလွ်ာ့ မထားဘူးဆိုရင္ ၁၅ ရာခိုင္ႏႈန္းတိုးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ႏွစ္အတြင္း ၃ ရာခိုင္ႏႈန္းနဲ႔ ေျဖေလွ်ာ့ေနတဲ့ အခ်ိန္မွာ အမည္လာေျပာင္းၾကဖို႔နဲ႔ RFID (Radio Frequency Identification ) တပ္ဆင္ဖို႔ စီစဥ္တာျဖစ္ပါတယ္။ RFID တပ္မယ္ဆိုရင္လည္း ယာဥ္ပိုင္ရွင္ေတြ အမည္မွန္မွပဲ ကြၽန္ေတာ္တို႔က လုပ္လို႔ရမွာျဖစ္ပါတယ္'' ဟု ဦးလ်န္က်င့္မန္က ေျပာခဲ့ပါတယ္။

 

ျပည္တြင္း၌ ေမာ္ေတာ္ယာဥ္အစီးေရ တိုးလာမႈေၾကာင့္ ျဖစ္ေပၚလာေသာ ျပႆနာမ်ားကို ေျဖရွင္းႏိုင္ရန္၊ ယာဥ္မ်ားကို စစ္ေဆးၾကပ္မတ္ႏိုင္ရန္၊ဥပေဒ ခ်ဳိးေဖာက္ၿပီး ထြက္ေျပး တိမ္းေရွာင္ေနသည့္ ေမာ္ေတာ္ယာဥ္မ်ားကို အလြယ္တကူစိစစ္ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ႏွင့္ လိုင္စင္မဲ့ယာဥ္ ဟုတ္၊ မဟုတ္ သိရွိႏိုင္ရန္တို႔အတြက္ တရားဝင္ မွတ္ပံုတင္ယာဥ္မ်ားကို RFID Sticker မ်ား ကပ္၍ နည္းပညာျမင့္ RFID စနစ္ တပ္ဆင္ အသုံးျပဳရန္ စီစဥ္ျခင္းျဖစ္ပါတယ္။

 

ထိုသို႔ေဆာင္ရြက္ႏိုင္ရန္ လက္ရွိတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအထိ ကြင္း ဆင္းေလ့လာျခင္းမ်ား ျပဳလုပ္လ်က္ရွိၿပီး တစ္ႏိုင္ငံလုံး အတိုင္းအတာအရ ေဆာင္ရြက္မည္ျဖစ္ကာ ရန္ကုန္အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလးႏွင့္ တျခားၿမိဳ႕ႀကီးမ်ား၌ပါ တပ္ဆင္ရန္ လ်ာထားေၾကာင္း သိရပါတယ္။

 

 

ယာဥ္ပိုင္ရွင္ အမည္မွန္မွသာ လိုင္စင္မဲ႕ယာဥ္ဟုတ္ ၊ မဟုတ္ စစ္ေဆးမည္႕ RFID စနစ္ တပ္ဆင္ႏိုင္မည္

 

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ယာဉ်ပိုင်ရှင် အမည်မှန်မှသာ လိုင်စင်မဲ့ယာဉ်ဟုတ် ၊ မဟုတ် စစ်ဆေးမည့် RFID စနစ် တပ်ဆင်မည်

 

ယာဉ်ပိုင်ရှင်အမည်မှန်မှသာ လိုင်စင်မဲ့ ယာဉ်ဟုတ်၊ မဟုတ်စစ်ဆေးမည့် RFID စနစ် တပ်ဆင်နိုင်မည် ဖြစ်သောကြောင့် အမည်ပြောင်းလဲမထားသည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်ပိုင်ရှင်အမည် ပြောင်းလဲရန် လိုအပ်ပြီး ယာဉ်ပိုင်ရှင်အမည် ပြောင်းပါက ယာဉ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်၏ ပြောဆိုချက်အရ သိရပါတယ်။

 

''တစ်နှစ်အတွင်းမှာ မော်တော်ယာဉ်ဝယ်ထားပြီး ကိုယ့်အမည်ပေါက်မဟုတ်ရင် ပိုင်ရှင်အမည်မှန် ပြောင်းပေးကြဖို့ တိုက်တွန်းပါတယ်။ အခွန်ကတော့ တစ်နှစ်ဖြေလျှော့ပြီးပြီ။ ဘတ်ဂျက်ကို ဖြေလျှော့ မထားဘူးဆိုရင် ၁၅ ရာခိုင်နှုန်းတိုးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း ၃ ရာခိုင်နှုန်းနဲ့ ဖြေလျှော့နေတဲ့ အချိန်မှာ အမည်လာပြောင်းကြဖို့နဲ့ RFID (Radio Frequency Identification ) တပ်ဆင်ဖို့ စီစဉ်တာဖြစ်ပါတယ်။ RFID တပ်မယ်ဆိုရင်လည်း ယာဉ်ပိုင်ရှင်တွေ အမည်မှန်မှပဲ ကျွန်တော်တို့က လုပ်လို့ရမှာဖြစ်ပါတယ်'' ဟု ဦးလျန်ကျင့်မန်က ပြောခဲ့ပါတယ်။

 

ပြည်တွင်း၌ မော်တော်ယာဉ်အစီးရေ တိုးလာမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ယာဉ်များကို စစ်ဆေးကြပ်မတ်နိုင်ရန်၊ဥပဒေ ချိုးဖောက်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် မော်တော်ယာဉ်များကို အလွယ်တကူစိစစ် ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် သိရှိနိုင်ရန်တို့အတွက် တရားဝင် မှတ်ပုံတင်ယာဉ်များကို RFID Sticker များ ကပ်၍ နည်းပညာမြင့် RFID စနစ် တပ်ဆင် အသုံးပြုရန် စီစဉ်ခြင်းဖြစ်ပါတယ်။

 

ထိုသို့ဆောင်ရွက်နိုင်ရန် လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ကွင်း ဆင်းလေ့လာခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်ရွက်မည်ဖြစ်ကာ ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးနှင့် တခြားမြို့ကြီးများ၌ပါ တပ်ဆင်ရန် လျာထားကြောင်း သိရပါတယ်။


Source : myawady

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)