Transportation

ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၌ ၃၁ ႏွစ္တာကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၁၁ ဘီလ်ံနီးပါးဝင္ေရာက္ထား

ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၌ ၃၁ ႏွစ္တာကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၁၁ ဘီလ်ံနီးပါးဝင္ေရာက္ထား google

ႏွစ္ေပါင္း ၃၁ ႏွစ္အတြင္း ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၁၁ ဘီလ်ံနီးပါးဝင္ေရာက္ထားၿပီး စီးပြားေရးက႑ ၁၂ ခုအနက္ အဆင့္ေလးေနရာတြင္ ရပ္တည္ေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန DICA မွ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရပါတယ္။

 

၁၉၈၈ - ၁၉၈၉ ဘ႑ာႏွစ္မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္အထိ ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၁၀ ဒသမ ၉၀၈ ဘီလ်ံ တန္ဖိုးရွိ လုပ္ငန္းေပါင္း ၆၀ အထိ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ ထားခဲ့ပါတယ္။

 

အဆိုပါပမာဏသည္ ျမန္မာႏိုင္ငံအတြင္း စုစုေပါင္းလာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားေသာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ၏ ၁၃ ဒသမ ၃၂ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။

 

အဆိုပါကာလအတြင္း ျမန္မာႏိုင္ငံအတြင္းသို႔ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑၊ စြမ္းအင္က႑၊ ကုန္ထုတ္လုပ္မႈက႑၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၊ အိမ္ၿခံေျမက႑၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းက႑၊ သတၱဳတြင္းက႑၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ စိုက္ပ်ိဳးေရးက႑၊ စက္မႈဇုန္လုပ္ငန္းက႑၊ ေဆာက္လုပ္ေရးက႑ႏွင့္ အျခားဝန္ေဆာင္မႈက႑တို႔၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အဓိကဝင္ေရာက္ထားခဲ့ပါတယ္။

 

ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၂၂ ဘီလ်ံေက်ာ္ရွိၿပီး စုစုေပါင္းပမာဏ၏ ၂၇ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္ခဲ့ပါတယ္။

 

စြမ္းအင္က႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္မႈပမာဏ ေဒၚလာ ၂၁ ဘီလ်ံေက်ာ္ရွိၿပီး စုစုေပါင္းပမာဏ၏ ၂၅ ရာ ခိုင္ႏႈန္းေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ ကုန္ထုတ္လုပ္မႈက႑တြင္ ႏိုင္ငံျခားရင္းႏွီီးျမႇဳပ္ႏွံမႈပမာဏ ၁၁ ဘီလ်ံေက်ာ္ရွိၿပီး စုစုေပါင္း၏ ၁၄ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ တတိယအမ်ားဆုံး ျဖစ္ပါတယ္။ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑သည္ စတုတၳအမ်ားဆုံး ျဖစ္ပါတယ္။

 

ႏွစ္ေပါင္း ၃၁ ႏွစ္အတြင္း ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ထားသည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ သီလဝါအထူးစီးပြားေရးဇုန္အပါအဝင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၈၃ ဒသမ ၇၃၆ ဘီလ်ံအထိရွိေၾကာင္း သိခဲ့ရပါတယ္။

 

ျမန္မာႏိုင္ငံ၏ မီးရထားလမ္းႏွင့္ အေဝးေျပးလမ္းမမ်ား၏ ရာခိုင္ႏႈန္း ၆၀ သည္ အရည္ေသြးနိမ့္က်ေနၿပီး ေဒၚလာဘီလ်ံ ၆၀ ခန႔္အထိ အကုန္က်ခံကာ ရင္းႏွီးျမႇဳပ္ႏွံကာ ျပဳျပင္မွသာ လက္ရွိသယ္ယူပို႔ေဆာင္ေရး ကုန္က်စရိတ္၏ ရာခိုင္ႏႈန္း ၃၀ ခန႔္အထိ က်ဆင္းသြားမည္ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလက ျပဳလုပ္သည့္ Myanmar – Korea Investment Promotion Seminar အခမ္းအနားမွ သိခဲ့ရပါတယ္။

 

ယင္းကဲ့သို႔ ပို႔ေဆာင္ဆက္သြယ္ေရး လမ္းပိုင္းဆိုင္ရာမ်ားကို ရင္းႏွီးျမႇဳပ္မႈမ်ား ဝင္ေရာက္ မီးရထားလမ္းမ်ားႏွင့္ အေဝးေျပးလမ္းမႀကီးမ်ား ရာႏႈန္းျပည့္ေကာင္းမြန္လာပါက လက္ရွိသယ္ယူပို႔ေဆာင္ေရးကုန္က်စရိတ္ကို ရာခိုင္ႏႈန္း ၃၀ ခန႔္အထိ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ၏ GDP တြက္ခ်က္မႈမွာလည္း ၁၃ ရာခိုင္ႏႈန္းအထိ တိုးတက္လာမည္ျဖစ္ေၾကာင္း သိခဲ့ရပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ ၃၁ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဘီလျံနီးပါးဝင်ရောက်ထား

 

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဘီလျံနီးပါးဝင်ရောက်ထားပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အဆင့်လေးနေရာတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

 

၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၀၈ ဘီလျံ တန်ဖိုးရှိ လုပ်ငန်းပေါင်း ၆၀ အထိ လာရောက်ရင်းနှီးမြှုပ်နှံ ထားခဲ့ပါတယ်။

 

အဆိုပါပမာဏသည် မြန်မာနိုင်ငံအတွင်း စုစုပေါင်းလာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၁၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ထားခဲ့ပါတယ်။

 

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ခဲ့ပါတယ်။

 

စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၂၅ ရာ ခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၁၁ ဘီလျံကျော်ရှိပြီး စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံး ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် စတုတ္ထအများဆုံး ဖြစ်ပါတယ်။

 

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၇၃၆ ဘီလျံအထိရှိကြောင်း သိခဲ့ရပါတယ်။

 

မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများ၏ ရာခိုင်နှုန်း ၆၀ သည် အရည်သွေးနိမ့်ကျနေပြီး ဒေါ်လာဘီလျံ ၆၀ ခန့်အထိ အကုန်ကျခံကာ ရင်းနှီးမြှုပ်နှံကာ ပြုပြင်မှသာ လက်ရှိသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၃၀ ခန့်အထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် Myanmar – Korea Investment Promotion Seminar အခမ်းအနားမှ သိခဲ့ရပါတယ်။

 

ယင်းကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေး လမ်းပိုင်းဆိုင်ရာများကို ရင်းနှီးမြှုပ်မှုများ ဝင်ရောက် မီးရထားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများ ရာနှုန်းပြည့်ကောင်းမွန်လာပါက လက်ရှိသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ရာခိုင်နှုန်း ၃၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွက်ချက်မှုမှာလည်း ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)