Transportation

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်နိုင်ငံများသို့ ဆက်လက်တိုးချဲ့ လုပ်ဆောင်မည်

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်နိုင်ငံများသို့ ဆက်လက်တိုးချဲ့ လုပ်ဆောင်မည် google

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်နိုင်ငံများသို့ ဆက်လက်တိုးချဲ့ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

 

၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် အာဆီယံ က ထုတ်ပြန်သည့် ကြေညာချက်တွင် အိန္ဒိယအနေဖြင့် မြန်မာ၊ ထိုင်းနှင့် သုံးနိုင်ငံ ချိတ်ဆက်မည့် အဝေးပြေးလမ်းမစီမံကိန်းကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်အထိ ဆက်လက် တိုးမြှင့်မည်ဟု ကြေညာချက်တွင် ပါရှိသည်။

 

သန်လျင်အမှတ် ၃ တံတားနှင့် ရန်ကုန် - ဒလ မြစ်ကူးတံတား ရေလမ်းကြောင်းသတိပေးချက်များ ထုတ်ပြန်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကော်မတီဖွဲ့စည်းဆောင်ရွက်မည် နိုင်ငံအချင်းချင်း ချိတ်ဆက်မည့် အဝေးပြေးလမ်းမစီမံကိန်း၌ အသစ်တည်ဆောက်ရန်ရှိသည့် တံတားအကြီး သုံးခုနှင့် တံတားအသေး နှစ်ခုပါဝင်မည် ဖြစ်သည်။

 

ထို့ပြင် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအနေဖြင့် တံတားအကြီးစား လေးခု၊ တံတား အသေး ကိုးခုနှင့် ပြန်လည် တည်ဆောက်ရန် လိုအပ်သည့် တံတားအသေး ခြောက်ခု၊ ရေထွက်ပေါက် ၂၂၆ ခု၊အဝေးပြေးလမ်းမတစ်လျှောက် ယဉ်ရပ်နားစခန်း အခု ၂၀ တို့ကိုလည်း တည်ဆောက်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အဝေးပြေးလမ်းမစီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်ရန်လည်း ရှိနေသည်။

 

တရုတ်အစိုးရနှင့် သဘောတူညီပါက မူဆယ်နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်မည် ဆက်လက်၍ အိန္ဒိယနိုင်ငံ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကြားလုပ်ဆောင်မည့် အစီအစဉ်များအား အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းလုပ်ဆောင်နိုင်ရန် စောင့် မျှော်နေကြောင်း၊အစွန်းရောက်အကြမ်းဖက် မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများနှင့် Cyber မှုခင်းများ တိုက်ဖျက်နိုင်ရန်အတွက် အာဆီ ယံနှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုများ အား အာဆီယံ Cyber လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာမှတစ်ဆင့် အကောင်အထည်ဖော်ရန်၊ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်ဆက်သွယ်မှု၊ ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်ဖွံ့ဖြိုးရေး နှင့်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အင်ဒိုပိစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်၊၂၀၂၂ ခုနှစ်တွင် အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘီလျံ ၂၀၀ အထိ တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဒေသတွင်း ပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု RCEP ကို လက်ရှိ ရလဒ်အပေါ် ကြိုဆိုပြီး ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများ ထွက်ပေါ်လာရန်၊ အာဆီယံ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ ၂၀၂၅ အား ဆက်လက် အကောင်အထည်ဖော်ရန်၊ အာဆီယံနှင့် အိန္ဒိယအကြား ချိတ်ဆက်မှု ပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်သွားရန်နှင့်၂၀၁၉ ခုနှစ်သည် အာဆီယံ-အိန္ဒိယ ခရီးသွားလာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှစ်အဖြစ်လုပ်ဆောင်မှု အောင်မြင်ပြီး ယင်း အောင်မြင်မှုအပေါ် ဆက်လက်တိုးမြှင့်သွား မည်ဖြစ်ကြောင်းလည်းအာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ၏ အနှစ်ချုပ်ကြေညာ ချက်အရ သိရသည်။

 

အာဆီယံ-အိန္ဒိယထိပ်သီးဆွေးနွေးပွဲ ကို ၁၆ ကြိမ်မြောက်အဖြစ် ၃၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများတွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

 

ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း သီးသန့် တွေ့ဆုံမှုတစ်ရပ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ Twitter စာမျက်နှာတွင် မိုဒီနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုမှာ အလုပ်ဖြစ်သော တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့ကြောင်း မှတ်ချက်ပြု ရေးသားထားခဲ့သည်။

 

Source-Daily Elevn

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)