Transportation

FLYDUBAI လေကြောင်းလိုင်းမှ ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ပျံသန်းမည်

FLYDUBAI လေကြောင်းလိုင်းမှ ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ပျံသန်းမည် google
 ဒူဘိုင်းအခြေစိုက်  Flydubai  လေကြောင်းလိုင်းက ရန်ကုန်-ဒူဘိုင်း တိုက်ရိုက် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက် တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ  Ghaith  Al  Ahaith ၏ပြောကြားချက်အရ သိရသည်။
 
အဆိုပါ လေကြောင်းလိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် အနာဂတ် ကုန်သွယ်မှုလုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေရန် ပျံသန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံသာမက ထိုင်းနှင့် UAE နိုင်ငံတို့သို့လည်း ခရီးစဉ်သစ်များ ပျံသန်းမည်ဖြစ်သည်။  ယင်းတိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ပျံသန်းမည်ဖြစ်သည်။ လက်ရှိ ရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ် အနေဖြင့် Emirates လေကြောင်းလိုင်းမှ တစ်ပတ်လျှင် လေးကြိမ် ပျံသန်းလျက်ရှိသည်။
 
“မြန်မာနိုင်ငံမှာ ဗိသုကာ လက်ရာမြောက် ရှေးဟောင်းအဆောက်အအုံနဲ့  စေတီပုထိုးတွေ အများကြီးရှိနေတာကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားမှု ရှိတာကို တွေ့ရတယ်။  ဒါကြောင့်  နှစ်နိုင်ငံကြား   လေကြောင်းပျံသန်းမှု တိုးချဲ့ရတာဖြစ်ပါတယ်။  အခုလိုပျံသန်းခွင့် ရရှိတဲ့အတွက်    ၀မ်းမြောက်ဂုဏ်ယူပါတယ်။ ခရီးစဉ်တွေကို နေ့စဉ် ပျံသန်းပေးမှာဖြစ်လို့ အပြန်အလှန် သွားလာမှု အဆင်ပြေလာမှာဖြစ်ပါတယ်”ဟု Ghaith Al Ahaith က ပြောသည်။ ယင်းလေကြောင်းလိုင်းအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လမှစ၍ ခရီးစဉ်များ ပျံသန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
 
Source : myawady
 
 
Read times
Rate this item
(0 votes)