Transportation

အကောက်ခွန်လေဆိပ် သတ်မှတ်ခြင်း

အကောက်ခွန်လေဆိပ် သတ်မှတ်ခြင်း google

ပုဂံ-ညောင်ဦးလေဆိပ် လေဆိပ်ဧည့်ခန်းမဆောင်၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လေဆိပ်တာဝန်ခံနှင့် တာဝန်ရှိသူများ၊ လေကြောင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

 

ညွှန်ကြားရေးမှူးချုပ်မှ ပုဂံ- ညောင်ဦးလေဆိပ်အား မကြာမီတွင် ပြည်ပမှ လေကြောင်းခရီးစဉ်များပျံသန်းနိုင်ရန်အတွက် CIQ Airport အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လာရောက်စစ်ဆေးကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကုန်တွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အပြီးသတ်ရန်မျှော်မှန်းထားပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဂရုတစိုက် ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြရန် ဆွေးနွေးမှာကြားပြောဆိုခဲ့ပါတယ်။

 

လေဆိပ်ခန်းမအတွင်း ပြည်ပသို့ပျံသန်းမည့် လေကြောင်းလိုင်းများအတွက် ကောင်တာများချထားမည့်နေရာ၊ လေဆိပ်လုံခြုံရေး CCTV နှင့် X-ray စက်များအ‌ခြေအနေ၊ မီးသတ်ယာဉ်များ၊ မီးသတ်ဆေးကိရိယာများအ‌ခြေအနေ ဝန်ထမ်းအင်အားနှင့် လိုအပ်ချက်များ၊ လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း Ground Handling ၊ လေယာဉ်ရပ်နားရာနေရာ Apron နှင့် လေဆိပ်အဆောက်အဦ Terminal သို့ ခရီးသည်ကြိုပို့ယာဉ် Ramp Bus များပြေးဆွဲနိုင်ရေး လေကြောင်းထိန်းတာဝါရှိ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ လေကြောင်းလမ်းညွှန်စက်နှင့် အခြားလမ်းညွှန်စက်များအ‌ခြေအနေ Instrument Landing System ပြုလုပ်ပေးခဲ့ပါသည်။

 

မြန်မာနိုင်ငံလေယာဉ်နည်းဥပဒေများ၊ နည်းဥပဒေ ၅၃ နည်းဥပဒေခွဲ (က) အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပုဂံ - ညောင်ဦးလေဆိပ်ကို နိုင်ငံတကာခရီးစဉ် ပျံသန်းသည့် လေယာဉ်များ ဝင်ရောက် / ထွက်ခွာနိုင်သော အကောက်ခွန်လေဆိပ် ( Customs Aerodrome ) အဖြစ် သတ်မှတ်လိုက်သည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အထက်ဖော်ပြပါ အကောက်ခွန်လေဆိပ်တွင် လေကြောင်းခရီးသွားလာမှု လိုအပ်ချက်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးလိုအပ်ချက်နှင့် အခြေခံအဆောက်အအုံနှင့် အထောက်အကူပစ္စည်း ပြည့်စုံမှုတို့အပေါ် မူတည်၍ နိုင်ငံတကာခရီးစဉ် ပုံမှန်ပျံသန်းသော လေယာဉ်များကိုဖြစ်စေ၊ ပုံမှန်ပျံသန်းခြင်းမပြုသော လေယာဉ်များကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်၍ ဝင်ရောက် / ထွက်ခွာခွင့်ပြုနိုင်သည်။

 

အေကာက္ခြန္ေလဆိပ္ သတ္မွတ္ျခင္း

 

ပုဂံ-ေညာင္ဦးေလဆိပ္ ေလဆိပ္ဧည့္ခန္းမေဆာင္၌ ေလေၾကာင္းပို့ေဆာင္ေရးညႊန္ၾကားမွုဦးစီးဌာနမွ ေလဆိပ္တာဝန္ခံႏွင့္ တာဝန္ရွိသူမ်ား၊ ေလေၾကာင္းရဲတပ္ဖြဲ႕၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ဦးစီးဌာနတို့မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ၍ ညႇိႏွိုင္းအစည္းအေဝးျပဳလုပ္ခဲ့သည္။

 

ညႊန္ၾကားေရးမွူးခ်ဳပ္မွ ပုဂံ- ေညာင္ဦးေလဆိပ္အား မၾကာမီတြင္ ျပည္ပမွ ေလေၾကာင္းခရီးစဥ္မ်ားပ်ံသန္းနိုင္ရန္အတြက္ CIQ Airport အျဖစ္ အဆင့္ျမႇင့္တင္နိုင္ေရး ေဆာင္ရြက္ထားရွိမွု အေျခအေနမ်ားႏွင့္ပတ္သက္၍ လာေရာက္စစ္ေဆးၾကည့္ရွုျခင္းျဖစ္ပါေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလကုန္တြင္ ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ငန္းမ်ား အၿပီးသတ္ရန္ေမၽွာ္မွန္းထားပါေၾကာင္း၊ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားအေနျဖင့္ မိမိတို့လုပ္ငန္းတာဝန္မ်ားကို ကၽြမ္းက်င္ပိုင္နိုင္စြာ ဂ႐ုတစိုက္ ေဆာင္ရြက္နိုင္ေရး ျပင္ဆင္ထားၾကရန္ ေဆြးေႏြးမွာၾကားေျပာဆိုခဲ့ပါတယ္။

 

ေလဆိပ္ခန္းမအတြင္း ျပည္ပသို့ပ်ံသန္းမည့္ ေလေၾကာင္းလိုင္းမ်ားအတြက္ ေကာင္တာမ်ားခ်ထားမည့္ေနရာ၊ ေလဆိပ္လုံျခဳံေရး CCTV ႏွင့္ X-ray စက္မ်ားအ‌ေျခအေန၊ မီးသတ္ယာဥ္မ်ား၊ မီးသတ္ေဆးကိရိယာမ်ားအ‌ေျခအေန ဝန္ထမ္းအင္အားႏွင့္ လိုအပ္ခ်က္မ်ား၊ ေလယာဥ္ေျမျပင္ဝန္ေဆာင္မွုလုပ္ငန္း Ground Handling ၊ ေလယာဥ္ရပ္နားရာေနရာ Apron ႏွင့္ ေလဆိပ္အေဆာက္အဦ Terminal သို့ ခရီးသည္ႀကိဳပို့ယာဥ္ Ramp Bus မ်ားေျပးဆြဲနိုင္ေရး ေလေၾကာင္းထိန္းတာဝါရွိ ဆက္သြယ္ေရး စက္ပစၥည္းမ်ား၊ ေလေၾကာင္းလမ္းညႊန္စက္ႏွင့္ အျခားလမ္းညႊန္စက္မ်ားအ‌ေျခအေန Instrument Landing System ျပဳလုပ္ေပးခဲ့ပါသည္။

 

ျမန္မာႏိုင္ငံေလယာဥ္နည္းဥပေဒမ်ား၊ နည္းဥပေဒ ၅၃ နည္းဥပေဒခြဲ (က) အရ လုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ ပုဂံ - ေညာင္ဦးေလဆိပ္ကို ႏိုင္ငံတကာခရီးစဥ္ ပ်ံသန္းသည့္ ေလယာဥ္မ်ား ဝင္ေရာက္ / ထြက္ခြာႏိုင္ေသာ အေကာက္ခြန္ေလဆိပ္ ( Customs Aerodrome ) အျဖစ္ သတ္မွတ္လိုက္သည္။

 

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနသည္ အထက္ေဖာ္ျပပါ အေကာက္ခြန္ေလဆိပ္တြင္ ေလေၾကာင္းခရီးသြားလာမႈ လိုအပ္ခ်က္၊ ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ လုံၿခဳံေရးလိုအပ္ခ်က္ႏွင့္ အေျခခံအေဆာက္အအုံႏွင့္ အေထာက္အကူပစၥည္း ျပည့္စုံမႈတို႔အေပၚ မူတည္၍ ႏိုင္ငံတကာခရီးစဥ္ ပုံမွန္ပ်ံသန္းေသာ ေလယာဥ္မ်ားကိုျဖစ္ေစ၊ ပုံမွန္ပ်ံသန္းျခင္းမျပဳေသာ ေလယာဥ္မ်ားကိုျဖစ္ေစ၊ ႏွစ္မ်ိဳးလုံးကိုျဖစ္ေစ အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္သတ္မွတ္၍ ဝင္ေရာက္ / ထြက္ခြာခြင့္ျပဳႏိုင္သည္။

 

ေလဆိပ္ ၂၆ ခုမာတိကာ

 

79089078 822805831501022 7945219559458340864 n

 

Nyaung-U Airport

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)