Transportation

၂ဝ၃ဝမတိုင်မီ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများဖြစ်အောင် အဆင့်မြှင့်တင်မည်

၂ဝ၃ဝမတိုင်မီ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများဖြစ်အောင် အဆင့်မြှင့်တင်မည် google

မြန်မာတစ်နိုင်ငံလုံး ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွင် ၂ဝ၃ဝပြည့်နှစ်၌ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ ၉၀ရာခိုင်နှုန်းအပေါ်ရာသီမရွေးသွားလာနိုင်သောကျေးလက်လမ်းများ အဖြစ် အသုံးပြုနိုင်ရန် ရည်မှန်းလုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် ကပြောသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ခြင်း၊တံတားများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 


လမ်းများတည်ဆောက်ရာတွင် အရည်အသွေးပြည့်မီသော လမ်း၊တံတားများ တည်ဆောက်ရေးနှင့် ကျေးရွာများ ရာသီမရွေးဆက်သွယ်သွားလာနိုင်သောကျေးရွာလမ်းများဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက်နှင့် ရင်းနှီးမြှပ်နှံမှုအစီစဉ်(၂၀၁၇-၂၀၃၀)ဖြင့် ရေးဆွဲဆောင်လျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။

 

ကုန်ကျစရိတ်နှင့်လျော်ညီစွာ အရည်အသွေးကောင်းမွန်သည့် ကျေးလက်လမ်းများ၊တံတားများ ပေါ်ထွက်လာပါက ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာပြီးဆင်းရဲနွမ်းပါးမှုကို လျော့ချရေးတွင် ကြီးမားသော အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။

 


 


 



 



 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)