Transportation

ပြည် -ရန်ကုန် ရထားခရီးစဉ် အချိန် ၃ နာရီခွဲဖြင့် မြန်နှုန်းမြင့်မောင်းနှင်ရန်စီစဉ်နေ

ပြည် -ရန်ကုန် ရထားခရီးစဉ် အချိန် ၃ နာရီခွဲဖြင့် မြန်နှုန်းမြင့်မောင်းနှင်ရန်စီစဉ်နေ google

ပြည် -ရန်ကုန် ရထားခရီးစဉ်ကို အချိန် ၃ နာရီခွဲဖြင့် မြန်နှုန်းမြင့်မောင်းနှင်ပြေးဆွဲနိုင်ဖို့ AGD ဘဏ်နှင့် မြန်မာ့မီးရထား တို့ပူးပေါင်းပြီး ဆောင်ရွက်သွားရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထားတာဝန်ရှိသူ တဦးက ပြောသည်။

 

လက်ရှိအချိန်တွင် ပြည်- ရန်ကုန် မီးရထား ခရီးစဉ်သည် တစ်နာရီလျှင် ၆၀ ကီလိုဖြင့် အချိန် ၇ နာရီကျော်ကြာ မောင်းနှင်နေကြောင်း၊ အကယ်၍ ရထားမြန်နှုန်းမြှင့်ပြီးပါက တစ်နာရီကို ၁၂၀ ကီလိုမီတာ နှုန်းဖြင့် အချိန် ၃ နာရီခွဲသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

"ရထားမြန်နှုန်းမြင့်နိုင်ဖို့ ရထားလမ်းဘေး နေထိုင်သူတွေ အိမ်တွေ ဆိုင်ခန်းတွေ လယ်ပိုင်ရှင်တွေ တွေ့ပြီးအကြို စစ်တမ်း ကောက်နေတယ်။ ရထားလမ်းဘေး တစ်ဘက်စီက ၃၃ ပေအကွာမှာ အုတ်တံတိုင်းတွေ ကာရံမှာဖြစ်တယ်။ ဒါ့ကြောင့်မလွတ်ကင်း တဲ့အိမ် ဆိုင်ခန်း ဖယ်ပေးရမှာဖြစ်တယ်။အဲ့ဒီအတွက် ထိုက်သင့်တဲ့လျော်ကြေးပေးလျော်မှာဖြစ်ပါတယ်"ဟု မြန်မာ့မီးရထား ပြည်မှ လက်ထောက် ညွှန်ကြားရေးမှူးဦးသက်ဆွေမြင့် ကပြောသည်။

 

အဆိုပါ မီးရထားမြန်နှုန်းမြင့်နိုင်ဖို့အတွက် မီးရထားလမ်းဘေး နေထိုင်သူများ ဈေးရောင်းချနေသူများ လယ်ပိုင်ရှင်များ ကိုတွေ့ဆုံပြီး မြေပြင်ကွင်းဆင်းကာ အကြိုစစ်တမ်းကောက်ယူနေပြီဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်-ပြည် ရထားလမ်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်ပြီး လက်ရှိအချိန်တွင် ရထားတွဲဆိုင်များမှာ ခရီးသည်များအတွက် အဆင်ပြေသည့်ဝန်ဆောင်မှုမရှိသေးကြောင်း ခရီးသွား ပြည်သူတချို့က ပြောသည်။

 

လက်ရှိအချိန်တွင် ရန်ကုန်-ပြည် ရထားလက်မှတ်တစ်စောင်မှာ ၁၉၅၀ ကျပ်နီးဖြစ်နေကြောင်း သိရသည်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

ျပည္ -ရန္ကုန္ ရထားခရီးစဥ္ အခ်ိန္ ၃ နာရီခြဲျဖင့္ ျမန္ႏႈန္းျမင့္ေမာင္းႏွင္ရန္စီစဥ္ေန

 

ျပည္ -ရန္ကုန္ ရထားခရီးစဥ္ကို အခ်ိန္ ၃ နာရီခြဲျဖင့္ ျမန္ႏႈန္းျမင့္ေမာင္းႏွင္ေျပးဆြဲနိုင္ဖို႕ AGD ဘဏ္ႏွင့္ ျမန္မာ့မီးရထား တို႕ပူးေပါင္းၿပီး ေဆာင္ရြက္သြားရန္ စီစဥ္ေနသည္ဟု ျမန္မာ့မီးရထားတာဝန္ရွိသူ တဦးက ေျပာသည္။

 

လက္ရွိအခ်ိန္တြင္ ျပည္- ရန္ကုန္ မီးရထား ခရီးစဥ္သည္ တစ္နာရီလွ်င္ ၆၀ ကီလိုျဖင့္ အခ်ိန္ ၇ နာရီေက်ာ္ႀကာ ေမာင္းႏွင္ေနေၾကာင္း၊ အကယ္၍ ရထားျမန္နႈန္းျမွင့္ၿပီးပါက တစ္နာရီကို ၁၂၀ ကီလိုမီတာ နႈန္းျဖင့္ အခ်ိန္ ၃ နာရီခြဲသာ ႀကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

 

"ရထားျမန္ႏႈန္းျမင့္နိုင္ဖို့႕ ရထားလမ္းေဘး ေနထိ္ုင္သူေတြ အိမ္ေတြ ဆိုင္ခန္းေတြ လယ္ပိုင္ရွင္ေတြ ေတြ႕ျပီးအႀကိဳ စစ္တမ္း ေကာက္ေနတယ္။ ရထားလမ္းေဘး တစ္ဘက္စီက ၃၃ ေပအကြာမွာ အုတ္တံတိုင္းေတြ ကာရံမွာျဖစ္တယ္။ ဒါ့ေႀကာင့္မလြတ္ကင္း တဲ့အိမ္ ဆိုင္ခန္း ဖယ္ေပးရမွာျဖစ္တယ္။အဲ့ဒီအတြက္ ထိုက္သင့္တဲ႕ေလ်ာ္ေႀကးေပးေလ်ာ္မွာျဖစ္ပါတယ္"ဟု ျမန္မာ့မီးရထား ျပည္မွ လက္ေထာက္ ညႊန္ႀကားေရးမွဴးဦးသက္ေဆြျမင့္ ကေျပာသည္။

 

အဆိုပါ မီးရထားျမန္ႏႈန္းျမင့္နိုင္ဖို့အတြက္ မီးရထားလမ္းေဘး ေနထိုင္သူမ်ား ေစ်းေရာင္းခ်ေနသူမ်ား လယ္ပိုင္ရွင္မ်ား ကိုေတြ႕ဆုံၿပီး ေျမျပင္ကြင္းဆင္းကာ အႀကိဳစစ္တမ္းေကာက္ယူေနျပီျဖစ္ေႀကာင္းသိရသည္။

 

ရန္ကုန္-ျပည္ ရထားလမ္းသည္ ျမန္မာနိုင္ငံတြင္ ပထမဆုံးေဖာက္လုပ္ခဲ့ေသာ ရထားလမ္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ရထားတြဲဆိုင္မ်ားမွာ ခရီးသည္မ်ားအတြက္ အဆင္ေျပသည့္ဝန္ေဆာင္မႈမရွိေသးေၾကာင္း ခရီးသြား ျပည္သူတခ်ိဳ႕က ေျပာသည္။

 

လက္ရွိအခ်ိန္တြင္ ရန္ကုန္-ျပည္ ရထားလက္မွတ္တစ္ေစာင္မွာ ၁၉၅၀ က်ပ္နီးျဖစ္ေနေၾကာင္း သိရသည္။

 

 

Image result for train pyay yangon

 

Myanmar Logistics Guide

 
 

 

 

 

 

Read times
Rate this item
(0 votes)