Transportation

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ပြေးဆွဲ google

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်စတင်ခြင်း အခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီခွဲတွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ “ကိုကိုးကျွန်းကို ကျွန်တော်တို့ ရေကြောင်းခရီးပြေးဆွဲတဲ့ အဓိကရည်ရွယ်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ကိုကိုးကျွန်းဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးဧရိယာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလုံခြုံရေးဧရိယာကို အပျော်ခရီးသွားလာမှုမျိုးကို ခွင့်ပြုဦးမှာ မဟုတ်ပါဘူး။ ဒီခရီးစဉ်ကို ပြေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ ရှုံးနိုင်တယ်။

 

ဘာကြောင့်လဲဆို ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို ရှေးရှုပြီး ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ အခု ဒီခရီးစဉ်အတွက် ခရီးစဉ်တစ်ခေါက် အသွား(၂)ရက် ကြာမယ်။ ဟိုမှာ (၂)ရက်နေမယ်။ အပြန် (၂)ရက်ကြာမယ်။ (၆)ရက်ခရီးစဉ်အတွက် သိန်း(၂၀၀) ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီဥစ္စာကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေ ကျခံပြီး သုံးစွဲပေးမှာ ဖြစ်ပါတယ်။ ဒီသုံးစွဲမှုဟာ အကျိုးအမြတ်တစ်ခုထဲကို ရှေးရှုပြီး သုံးစွဲမှာ မဟုတ်ပါဘူး။ ဒေသခံပြည်သူတွေရဲ့ ဘဝနဲ့ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ယူနေတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို အကောင်းဆုံး စီမံဆောင်ရွက်ပေးနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။” ဟု ပြောသည်။

 

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်အား လတစ်လ၏ ပထမအပတ်တိုင်းတွင် ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ယင်းရေကြောင်းခရီးသည် ဒေသခံပြည်သူများ ဆောင်ရွက်လိုသော စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအား များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကိုကိုးကျွန်း၌ (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် ဆိုလာဖြင့် မီးပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် အုန်းစိုက်ပျိုးရေးကိုလည်း ပိုမို ကောင်းမွန်သော စနစ်ဖြင့် စိုက်ပျိုးနိုင်ပါက ဒေသခံပြည်သူများ ဝင်ငွေရလာမှာဖြစ်ကြောင်း၊ နောင်တွင် ဒေသခံပြည်သူများ၏ ထုတ်ကုန်များအား ယင်းသင်္ဘောခရီးစဉ်ဖြင့် ရန်ကုန်သို့ တင်ပို့နိုင်မှာဖြစ်ပြီး မိမိတို့ လိုအပ်သော စားသောက်ကုန်များကိုလည်း ယင်းရေကြောင်းခရီးလမ်းဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ YRTA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

>>>Zawgyi<<<

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စီမံမႈျဖင့္ ရန္ကုန္-ကိုကိုးကြၽန္း ေရေၾကာင္းခရီးစဥ္ စတင္ေျပးဆြဲ

 

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ စီမံမႈျဖင့္ ရန္ကုန္-ကိုကိုးကြၽန္း ေရေၾကာင္းခရီးစဥ္စတင္ျခင္း အခမ္းအနားကို ယေန႔၊ နံနက္(၈)နာရီခြဲတြင္ ျမန္မာ့ၾကယ္ငါးပြင့္လုပ္ငန္း၊ သာေကတဆိပ္ခံတံတားတြင္ ျပဳလုပ္ရာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕၊ နာယက၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္ခဲ့သည္။

 

အခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက အဖြင့္အမွာစကား ေျပာၾကားရာ၌ “ကိုကိုးကြၽန္းကို ကြၽန္ေတာ္တို႔ ေရေၾကာင္းခရီးေျပးဆြဲတဲ့ အဓိကရည္႐ြယ္ခ်က္ဟာ ေဒသခံျပည္သူေတြနဲ႔ ဒီေဒသမွာ သြားေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ဌာနဆိုင္ရာအသီးသီးက တာဝန္ရွိတဲ့သူေတြ အတြက္ပဲ ျဖစ္ပါတယ္။ ကိုကိုးကြၽန္းဟာ ျမန္မာႏိုင္ငံရဲ႕ အေရးႀကီးတဲ့ လုံၿခဳံေရးဧရိယာတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီလုံၿခဳံေရးဧရိယာကို အေပ်ာ္ခရီးသြားလာမႈမ်ိဳးကို ခြင့္ျပဳဦးမွာ မဟုတ္ပါဘူး။ ဒီခရီးစဥ္ကို ေျပးဆြဲတဲ့ေနရာမွာ ကြၽန္ေတာ္တို႔ ရႈံးႏိုင္တယ္။

 

ဘာေၾကာင့္လဲဆို ေဒသခံျပည္သူေတြရဲ႕ လူမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ေဒသဖြံ႕ၿဖိဳးေရးကို ေရွးရႈၿပီး ေျပးဆြဲေပးတာ ျဖစ္ပါတယ္။ အခု ဒီခရီးစဥ္အတြက္ ခရီးစဥ္တစ္ေခါက္ အသြား(၂)ရက္ ၾကာမယ္။ ဟိုမွာ (၂)ရက္ေနမယ္။ အျပန္ (၂)ရက္ၾကာမယ္။ (၆)ရက္ခရီးစဥ္အတြက္ သိန္း(၂၀၀) ကုန္က်မွာ ျဖစ္ပါတယ္။ ဒီဥစၥာကို ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႕ရဲ႕ ရန္ပုံေငြထဲကေန က်ခံၿပီး သုံးစြဲေပးမွာ ျဖစ္ပါတယ္။ ဒီသုံးစြဲမႈဟာ အက်ိဳးအျမတ္တစ္ခုထဲကို ေရွးရႈၿပီး သုံးစြဲမွာ မဟုတ္ပါဘူး။ ေဒသခံျပည္သူေတြရဲ႕ ဘဝနဲ႔ ဌာနဆိုင္ရာအသီးသီးမွာ တာဝန္ယူေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြကို အေကာင္းဆုံး စီမံေဆာင္႐ြက္ေပးႏိုင္ဖို႔ အတြက္ပဲ ျဖစ္ပါတယ္” ဟု ေျပာသည္။

 

ရန္ကုန္-ကိုကိုးကြၽန္း ေရေၾကာင္းခရီးစဥ္အား လတစ္လ၏ ပထမအပတ္တိုင္းတြင္ ေျပးဆြဲႏိုင္ဖို႔ ရည္မွန္းထားေၾကာင္း၊ ယင္းေရေၾကာင္းခရီးသည္ ေဒသခံျပည္သူမ်ား ေဆာင္႐ြက္လိုေသာ စီးပြားေရး၊ လူမႈေရး ကိစၥရပ္မ်ားအား မ်ားစြာ အေထာက္အကူျပဳမွာ ျဖစ္ေၾကာင္း၊ ေနာက္ပိုင္းတြင္ ကိုကိုးကြၽန္း၌ (၂၄)နာရီ မီးရရွိႏိုင္ေရးအတြက္ ဆိုလာျဖင့္ မီးေပးႏိုင္ဖို႔ ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ေဒသခံျပည္သူမ်ား၏ စိုက္ပ်ိဳးေရးက႑ျဖစ္သည့္ အုန္းစိုက္ပ်ိဳးေရးကိုလည္း ပိုမို ေကာင္းမြန္ေသာ စနစ္ျဖင့္ စိုက္ပ်ိဳးႏိုင္ပါက ေဒသခံျပည္သူမ်ား ဝင္ေငြရလာမွာျဖစ္ေၾကာင္း၊ ေနာင္တြင္ ေဒသခံျပည္သူမ်ား၏ ထုတ္ကုန္မ်ားအား ယင္းသေဘၤာခရီးစဥ္ျဖင့္ ရန္ကုန္သို႔ တင္ပို႔ႏိုင္မွာျဖစ္ၿပီး မိမိတို႔ လိုအပ္ေသာ စားေသာက္ကုန္မ်ားကိုလည္း ယင္းေရေၾကာင္းခရီးလမ္းျဖင့္ ေဆာင္႐ြက္ႏိုင္မွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆက္လက္ေျပာၾကားသည္။

 

ထို႔ေနာက္ ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ စီမံမႈျဖင့္ ရန္ကုန္-ကိုကိုးကြၽန္း ေရေၾကာင္းခရီးစဥ္ စတင္ျခင္း အခမ္းအနားအား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၾကသည္။

 

ဖြင့္ပြဲအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌး၊ YRTA မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)