Transportation

လာမည့် ၂၀၂၃-၂၀၂၄တွင် ရထားလက်မှက်များကို အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင်တော့မည်

လာမည့် ၂၀၂၃-၂၀၂၄တွင် ရထားလက်မှက်များကို အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင်တော့မည် google

ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုးက မီးရထား လက်မှတ်များကို ကားလက်မှတ်များ ရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် Online မှ ရောင်းချပေးနိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ပါတယ်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောခဲ့ပါတယ်။

 

မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်မည့် Network Server မရှိသည့်အတွက် Online မှလက်မှတ်ရောင်းချမှုစနစ်ကို မဆောင်ရွက်နိုင်သေးသော်လည်း (၁-၁၀-၂၀၁၉) ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံ ODA ချေးငွေအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်- မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့် (၂) လုပ်ငန်းများတွင် ခရီးသည် ဝန်ဆောင်မှုကို မြှင့်တင်နိုင်ရန်ကြိုတင်လက်မှတ်မှာသည့် (Ticket Reservation) စနစ်ဖြင့် ခရီးသည်ပြန်ကြားရေး (Passenger Information) စနစ်များ တပ်ဆင်ခြင်းလုပ်ငန်းပါရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် တင်ဒါစာရွက်စာတမ်းများ ပြုစုပြင်ဆင်လျက်ရှိပြီး ၂၀၂၀-၂၁ ခုနှစ်တွင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ အဆင့်(၂)လုပ်ငန်းများ ပြီးဆုံးမည့် ၂၀၂၃-၂၄ ခုနှစ်အတွင်း ရထားလက်မှတ်များကို ပြည်သူများသို့ Online မှ ရောင်းချပေးနိုင်မည် ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအတွက် အချိန်နှင့်တစ်ပြေးညီ မျက်မြင်သိရှိနိုင်မည့် Real-time Information System အသုံးပြုပြီး လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့်လက်မှတ် ရောင်းချမှုစနစ်ကို ပြောင်းလဲနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါတယ်။

 

>>>Zawgyi<<<

 

လာမည့္ ၂၀၂၃-၂၀၂၄တြင္ ရထားလက္မွက္မ်ားကို အြန္လုိင္းမွတစ္ဆင့္၀ယ္ယူႏုိင္ေတာ့မည္

 

ျပည္သူ႔လႊတ္ေတာ္ ၁၅ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးတြင္ မင္းလွမဲဆႏၵနယ္မွ ေဒါက္တာ ဦးသန္းေအာင္စိုးက မီးရထား လက္မွတ္မ်ားကို ကားလက္မွတ္မ်ား ေရာင္းခ်သကဲ့သို႔ ျပည္သူမ်ား လြယ္ကူစြာဝယ္ယူႏိုင္ရန္အတြက္ Online မွ ေရာင္းခ်ေပးႏိုင္ျခင္း ရွိမရွိ ေမးျမန္းခဲ့ပါတယ္။ အဆိုပါကိစၥႏွင့္ စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးက ေျပာခဲ့ပါတယ္။

 

ျမန္မာ့မီးရထားအေနျဖင့္ လက္ရွိအေျခအေနတြင္ တစ္ႏိုင္ငံလုံးကိုလႊမ္းၿခဳံႏိုင္မည့္ Network Server မရွိသည့္အတြက္ Online မွလက္မွတ္ေရာင္းခ်မႈစနစ္ကို မေဆာင္႐ြက္ႏိုင္ေသးေသာ္လည္း (၁-၁၀-၂၀၁၉) ခုႏွစ္မွစတင္၍ ဂ်ပန္ႏိုင္ငံ ODA ေခ်းေငြအကူအညီျဖင့့္ ေဆာင္႐ြက္လ်က္ရွိသည့္ ရန္ကုန္- မႏၲေလး ရထားလမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္း၏ အဆင့္ (၂) လုပ္ငန္းမ်ားတြင္ ခရီးသည္ ဝန္ေဆာင္မႈကို ျမႇင့္တင္ႏိုင္ရန္ႀကိဳတင္လက္မွတ္မွာသည့္ (Ticket Reservation) စနစ္ျဖင့္ ခရီးသည္ျပန္ၾကားေရး (Passenger Information) စနစ္မ်ား တပ္ဆင္ျခင္းလုပ္ငန္းပါရွိၿပီး လုပ္ငန္းအေကာင္အထည္ေဖာ္ရန္အတြက္ တင္ဒါစာ႐ြက္စာတမ္းမ်ား ျပဳစုျပင္ဆင္လ်က္ရွိၿပီး ၂၀၂၀-၂၁ ခုႏွစ္တြင္ တင္ဒါေခၚယူေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ သို႔ျဖစ္ပါ၍ ရန္ကုန္-မႏၲေလးရထားလမ္းအဆင့္ျမႇင့္တင္ျခင္းစီမံကိန္း၏ အဆင့္(၂)လုပ္ငန္းမ်ား ၿပီးဆုံးမည့္ ၂၀၂၃-၂၄ ခုႏွစ္အတြင္း ရထားလက္မွတ္မ်ားကို ျပည္သူမ်ားသို႔ Online မွ ေရာင္းခ်ေပးႏိုင္မည္ ျဖစ္ၿပီး ရထားလက္မွတ္ဝယ္ယူမည့္ ခရီးသည္မ်ားအတြက္ အခ်ိန္ႏွင့္တစ္ေျပးညီ မ်က္ျမင္သိရွိႏိုင္မည့္ Real-time Information System အသုံးျပဳၿပီး လြယ္ကူလ်င္ျမန္စြာ ဝယ္ယူႏိုင္မည့့္္လက္မွတ္ ေရာင္းခ်မႈစနစ္ကို ေျပာင္းလဲႏိုင္ေရးစီစဥ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ေျဖၾကားပါတယ္။

 

 

11

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)