Transportation

တူရကီတွင် လေယာဉ်တစ်စီး လမ်းချော်၊ မီးလောင်၊ မြောင်းထဲထိုးကျ၊ ၃ ပိုင်းကျိုး

တူရကီနိုင်ငံ အစ္စတန်ဘူးလ်လေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ဘိုးအင်း ၇၃၇ လေယာဉ်တစ်စီး ပေ ၂ဝဝခန့် လမ်းချော်ခဲ့ပြီးနောက် မီးလောင်ကာ မြောင်းတစ်ခုအတွင်းသို့ထိုးကျသွားသဖြင့် လေယာဉ် ၃ ပိုင်းကျိုးသွားရာ လူ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

 

လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၁၈၃ ဦးပါဝင်ခဲ့ရာ လေယာဉ်အမှုထမ်းများလည်း ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ကနဦးသိရသည်။

 

အဆိုပါလေယာဉ်သည် တူရကီနိုင်ငံတွင်းပြေးဆွဲသော ခရီးစဉ်တစ်ခုအရ နိုင်ငံအနောက်ပိုင်းရှိ Izmir မြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး အစ္စတန်ဘူးလ်မြို့ရှိ Sabiha Gokcen လေဆိပ်သို့ဆင်းသက်စဉ်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းပင်။ လေယာဉ်ဆင်းသက်နေစဉ်တွင် လေယာဉ်၏နောက်ဖက်မှ လေတိုက်ခတ်မှု(high tail wind) ပြင်းထန်နေခဲ့ကြောင်းသိရသည်။

 

Source: Daily Mail

 

>>>Zawgyi<<<

 

တူရကီတြင္ ေလယာဥ္တစ္စီး လမ္းေခ်ာ္၊ မီးေလာင္၊ ေျမာင္းထဲထိုးက်၊ ၃ ပိုင္းက်ိဳး

 

တူရကီႏိုင္ငံ အစၥတန္ဘူးလ္ေလဆိပ္ ေလယာဥ္ေျပးလမ္းေပၚတြင္ ဘိုးအင္း ၇၃၇ ေလယာဥ္တစ္စီး ေပ ၂ဝဝခန႔္ လမ္းေခ်ာ္ခဲ့ၿပီးေနာက္ မီးေလာင္ကာ ေျမာင္းတစ္ခုအတြင္းသို႔ထိုးက်သြားသျဖင့္ ေလယာဥ္ ၃ ပိုင္းက်ိဳးသြားရာ လူ ၃ ဦးထက္မနည္းေသဆုံးခဲ့ၿပီး ၁၇၉ ဦးခန႔္ ဒဏ္ရာရရွိခဲ့သည္။

 

ေလယာဥ္ေပၚတြင္ စုစုေပါင္း လူ ၁၈၃ ဦးပါဝင္ခဲ့ရာ ေလယာဥ္အမႈထမ္းမ်ားလည္း ဒဏ္ရာရရွိခဲ့ၿပီး ေလယာဥ္မႉးႏွစ္ဦးမွာ စိုးရိမ္ရေသာ အေျခအေနတြင္ရွိေၾကာင္း ကနဦးသိရသည္။

 

အဆိုပါေလယာဥ္သည္ တူရကီႏိုင္ငံတြင္းေျပးဆြဲေသာ ခရီးစဥ္တစ္ခုအရ ႏိုင္ငံအေနာက္ပိုင္းရွိ Izmir ၿမိဳ႕မွ ပ်ံသန္းလာျခင္းျဖစ္ၿပီး အစၥတန္ဘူးလ္ၿမိဳ႕့ရွိ Sabiha Gokcen ေလဆိပ္သို႔ဆင္းသက္စဥ္တြင္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းပင္။ ေလယာဥ္ဆင္းသက္ေနစဥ္တြင္ ေလယာဥ္၏ေနာက္ဖက္မွ ေလတိုက္ခတ္မႈ(high tail wind) ျပင္းထန္ေနခဲ့ေၾကာင္းသိရသည္။

 

Image may contain: sky and outdoor

 

 

Image may contain: one or more people and outdoor

 

No photo description available.

 

No photo description available.

 

Image may contain: one or more people and outdoor

 

 

Source: Daily Mail

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)