Transportation
ဗိုင်းရပ်စ်ကပ်သင့်တဲ့ အပျော်စီးသင်္ဘောကြီး သုံးစီး
အာရှမှာ ဝူဟံဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတာမှာ ဆိက်ကမ်းစုံဆိုက် အပျော်စီးခရီးသည်တင် သဘောၤအကြီးစား သုံးစီး ဗိုင်းရပ်စ် ကပ်သင့်ခဲ့ပြီး နှစ်စီးကို ဆိပ်ကမ်းမှာ ကျန်းမာရေးစစ်ဆေးစောင့်ကြည့်မှု ဆောင်ရွက်လျက်ရှိပြီး တစ်စီးကတော့ ကမ်းကပ်ဖို့ လက်ခံပေးမယ့် နိုင်ငံမရှိသေးသဖြင့် ပင်လယ်ထဲမှာ တဝဲလည်လည် ဖြစ်နေပါတယ်။
● Diamond Princess
Diamond Princess အမည်ရှိ ခရီးသွားလုပ်ငန်း ပင်လယ်ခရီးသင်္ဘောပေါ်မှာ သဘောၤဝန်ထမ်း ၁၀၄၅ ဦး ပါရှိပြီး ဧည့်ခရီးသည် ၂၆၆၆ ဦး ပါရှိတာမို့ စုစုပေါင်း ၃၇၁၁ ဦး ပါရှိတာမှာ ဧည့်ခရီးသည် ၆၄ ဦးနဲ့ သင်္ဘောဝန်ထမ်း ၁ ဦးတို့မှာ ဝူဟံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အရ သိရှိခဲ့ပါတယ်။ ရောဂါစတင်ဖြစ်ပွားတဲ့ ခရီးသည်မှာ ဟောင်ကောင်မှာ နေထိုင်သးဖြစ်ပြီး သင်္ဘောကြီးပေါ်ကု ိဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်း၌ ဖန်နဝါရီလ ၂၀ ရက်မှာ တက်ရောက်ခဲ့ပြီး သင်္ဘောခရီးစဉ် ဟောင်ကောင်ရောက်ရှိချိန်မှာ သင်္ဘောပေါ်မှ ဆင်းသွားခဲ့ပြီး ပြန်ရောက်မလာခဲ့ဘူး။ သူက နေမကောင်း ဖြစ်တာကြောင့် ဇန်နဝါရီလ ၃၀ ရက်မှာ ဆေးခန်းပြတယ်။ ရောဂါဆန်းစစ်ရှာဖွေလိုက်တဲ့အခါ ဝူဟံဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိခဲ့ကြတယ်။
ကျန်းမာရေး စစ်ဆေးစောင့်ကြည့်မှုကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
● The World Dream
The World Dream အမည်ရှိ လူစီးသင်္ဘောကြီးကို ဟောင်ကောင်မှာ ဆိုက်ကပ်ရပ်နားထားပါတယ်။ ခရီးသည်နှင့် ဝန်ထမ်း စုစုပေါင်း ၃၆၀၀ ဦး ပါရှိပြီး ကျန်းမာရေး စောင့်ကြည့်မှု ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါ သင်္ဘောကြီး ဗီယက်နမ်နိုင်ငံ ခရီးစဉ်မှာ လိုက်ပါခဲ့သူ သုံးဦးမှာ ဝူဟံဗိုင်းရပ်စ် တွေ့ရှိခဲ့လို့ ယခုအခါ ဆိပ်ကမ်းမှာ ရပ်နားပြီး ကျန်းမာရေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ သင်္ဘောဝန်ထမ်းတွေထဲမှာ ၃၀ ဦး ဖျားနာခဲ့ကြပေမဲ့ ယခုအခါ နေပြန်ကောင်းနေကြပြီဖြစ်ကြောင် ဟောင်ကောင်ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဖျားရှိသူ သုံးဦးကို ဟောင်ကောင်ရှိ ဆေးရုံတစ်ခုမှာ ကုသပေးလျက် ရှိပါတယ်။
● Westerdam
Westerdam အမည်ရှိ ခရီးသွားလုပ်ငန်း သဘောၤကြီးဟာ စင်ကာပူမှ ဇန်နဝါရီလ ၁၆ ရက်မှာ ထွက်ခွာခဲ့ပြီး အာရှတစ်ဝိုက် ရက် ၃၀ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဟောင်ကောင်ဆိပ်ကမ်းမှာ ရပ်နားခဲ့ပြီးတဲ့နောက်မှာ ခရီးဆက်ခဲ့ရာ၌ ဖိလစ်ပိုင်နဲ့ တိုင်ဝမ်တို့က ဝူဟဲဗိုင်းရပ်စ် ကူးစက်ခံရမယ့်အရေးကို စိုးရိမ်တာကြောင့် လာရောက်ခွင့် ပိတ်ပင်လိုက်ကြပါတယ်။ ခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ ဆိပ်ကမ်း ၅ ခု မှာ ရပ်နားဖို့ အစီအစဉ် ပါရှိသော်လည်း ဂျပန်အစိုးရက ဘယ်ဆိက်ကမ်းမှာမှ ဝင်ခွင့်မပြုကြောင်း ကြေညာထားပါတယ်။ ခရီးသည် ၁၄၅၅ ဦး နဲ့ သင်္ဘောဝန်ထမ်း ၈၀၂ ဦး စုစုပေါင်း ၂၂၅၇ ဦးဝန်းကျင် ပါရှိတဲ့ Westerdam သင်္ဘောကြီးဟာ ယခုအခါ ပင်လယ်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေပါတယ်။
>>>Zawgyi<<<
အာရှမှာ ဝူဟံဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေတာမှာ ဆိက်ကမ်းစုံဆိုက် အပျော်စီးခရီးသည်တင် သဘောင်္အကြီးစား သုံးစီး ဗိုင်းရပ်စ် ကပ်သင့်ခဲ့ပြီး နှစ်စီးကို ဆိပ်ကမ်းမှာ ကျန်းမာရေးစစ်ဆေးစောင့်ကြည့်မှု ဆောင်ရွက်လျက်ရှိပြီး တစ်စီးကတော့ ကမ်းကပ်ဖို့ လက်ခံပေးမယ့် နိုင်ငံမရှိသေးသဖြင့် ပင်လယ်ထဲမှာ တဝဲလည်လည် ဖြစ်နေပါတယ်။
● Diamond Princess
● The World Dream
● Westerdam
Myanmar Logistics Guide
Read times
Rate this item
(3 votes)