Transportation

အစိုးရဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ့်ကိစ္စ သမ္မတရုံးက ခွင့်ပြုတာနဲ့ ချက်ချင်းပြန်လည်လုပ်ဆောင်မည်

အစိုးရဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ့်ကိစ္စ သမ္မတရုံးက ခွင့်ပြုတာနဲ့ ချက်ချင်းပြန်လည်လုပ်ဆောင်မည် google

အစိုးရဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ့်ကိစ္စ ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ ပြန်လည်ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

 

ဖေဖေါ်ဝါရီ ၁၄ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာ တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောတာဖြစ်ပါတယ်။

 

“ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ဝန်ထမ်းတွေဟာ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တယ်။ လခလည်း အများမရဘူး။ သူများလို အာဆီယံလခတို့ဘာတို့ ဆိုတာလည်းရတာ မဟုတ်ဘူး။ ဒါ့ကြောင့် ဝန်ထမ်းတွေအတွက်ကို အိမ်တို့ကားတို့ ထောက်ပံ့ပေးနေရတယ်။ ဒီလိုခွင့်ပြုလိုက်မယ် ဆိုလို့ရှိရင် ကားထောက်ပံ့ပေးမှုလည်း လျော့သွားမယ့်သဘောရှိပါတယ်။ အိမ်ဆိုလို့ရှိရင်လည်း ကျနော်တို့ အရစ်ကျရောင်းချတဲ့ စနစ်ရှိပြီဆိုရင် နိုင်ငံတော်ကလည်း အကုန်တာဝန်ယူရတဲ့ အခြေ အနေမျိုးမှာ မရှိတော့တဲ့ သဘောမျိုးရှိပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကျနော်တို့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ဆောင်ရွက်ပေမယ့် တချို့တွေကလည်း ဒါကို နည်းနည်းလေးချဲ့ကားပြီးတော့မှ ပြောလိုက်တဲ့အခါကျတော့ အထူးအခွင့်အရေးပေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ အထူးအခွင့်အရေးပေးတာ မဟုတ်ပါဘူး ” လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

 

လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်းကောင်းလက်မှတ်ရ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပါမစ်တွေပေးဖို့ အခုနှစ် ဇန်နဝါရီ အစောပိုင်းထဲက စီစဉ်ခဲ့ပေမယ့် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးတို့အထိ ကန့်ကွက်တိုင်ကြားမှုတွေလည်း ရှိခဲ့ပါတယ်။ဒီလိုတိုင်ကြားမှုတွေကြောင့် ဝန်ထမ်းတွေ ကားတင်သွင်းခွင့်ကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

သမ္မတရုံးက ခွင့်ပြုချက်ရပြီဆိုတာနဲ့ ကားတင်သွင့်ကိစ္စစတင်နိုင်အောင် စီစဉ်နေသလို တဘက်ကလည်း ကားတင်သွင်းခွင့်မူဝါဒနဲ့ ပတ်သက်ပြီး ပြောင်းလဲဖို့စဉ်းစားထားတယ်လို့လည်း ဆိုပါတယ်။“အရင်ထဲကတော့ ၂၅ နှစ်အထက်ကို အကုန်ပေးမယ်လို့ ကျနော်က ပြောထားပြီးသား၊ ဒါပေမယ့်လည်း အဲ့လိုပေးတဲ့ အခါမှာ ကျနော်တို့က ၂၅ နှစ်ပြည့်တဲ့သူကို အငယ်တွေကို ဦးစားပေး ပြီးတော့ ပေးမယ်လို့ ကျနော်တို့က စဉ်းစားထားတာပါ။ အဲ့လိုစဉ်းစားတဲ့နေရာမှာလည်း ကျနော်တို့ က ဝန်ထမ်းတွေသက်သာအောင်လို့ဆိုပြီးတော့ 1500 cc အထိ ပဲ ခွင့်ပြုဖို့ပေါ့နော်၊ 1500cc ဆိုရင် အထူးကုန်စည်ခွန်ပေးဖို့မလိုဘူးပေါ့နော်” လို့ စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

 

ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူလသတ်မှတ်ထားတဲ့ အစီအစဉ်မှာ လုပ်သက် ၂၅ နှစ်ပြည့်ဝန်ထမ်းတွေကို နောက်ဆုံးမှ ပေးဖို့ စီစဉ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဦးစားပေးအနေနဲ့ ပြောင်းလဲဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ဝန်ထမ်းတွေကားတင်သွင်းခွင့်ကို ခေတ္တရပ်ဆိုင်းထားတယ်ဆိုပေမယ့် စီးပွားကူးသန်းဌာနကတော့ လိုအပ်တဲ့ စာရင်းတွေကို ကောက်ယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

 

Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ။

 

---Zawgyi---

 

အစိုးရဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ေပးမယ့္ကိစၥ သမၼတ႐ုံးက ခြင့္ျပဳတာနဲ႔ ခ်က္ခ်င္းျပန္လည္လုပ္ေဆာင္မည္

 

အစိုးရဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ေပးမယ့္ကိစၥ ဆိုင္းငံ့ထားတာနဲ႔ ပတ္သက္ၿပီး သမၼတ႐ုံးရဲ့ ျပန္လည္ခြင့္ျပဳမိန႔္ကို ေစာင့္ဆိုင္းေနတယ္လို့ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရး ဌာန ျပည္ေထာင္စု ဒုဝန္ႀကီး ဦးေအာင္ထူးက ေျပာပါတယ္။

 

ေဖေဖၚဝါရီ ၁၄ ရက္က ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးအၿပီး သတင္းမီဒီယာ ေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာတာျဖစ္ပါတယ္။

 

“က်ေနာ္တို့ရဲ့ရည္မွန္းခ်က္ကေတာ့ ဝန္ထမ္းေတြဟာ တိုင္းျပည္အတြက္ အလုပ္လုပ္ခဲ့တယ္။ လခလည္း အမ်ားမရဘူး။ သူမ်ားလို အာဆီယံလခတို့ဘာတို့ ဆိုတာလည္းရတာ မဟုတ္ဘူး။ ဒါ့ေၾကာင့္ ဝန္ထမ္းေတြအတြက္ကို အိမ္တို့ကားတို့ ေထာက္ပံ့ေပးေနရတယ္။ ဒီလိုခြင့္ျပဳလိုက္မယ္ ဆိုလို့ရွိရင္ ကားေထာက္ပံ့ေပးမွုလည္း ေလ်ာ့သြားမယ့္သေဘာရွိပါတယ္။ အိမ္ဆိုလို့ရွိရင္လည္း က်ေနာ္တို့ အရစ္က်ေရာင္းခ်တဲ့ စနစ္ရွိၿပီဆိုရင္ နိုင္ငံေတာ္ကလည္း အကုန္တာဝန္ယူရတဲ့ အေျခ အေနမ်ိဳးမွာ မရွိေတာ့တဲ့ သေဘာမ်ိဳးရွိပါတယ္။ ဒီရည္ရြယ္ခ်က္ေတြနဲ႔ပဲ က်ေနာ္တို့အေနနဲ႔ ေဆာင္ရြက္တာျဖစ္ပါတယ္။ ဒီလိုရည္ရြယ္ခ်က္နဲ႔ေဆာင္ရြက္ေပမယ့္ တခ်ိဳ့ေတြကလည္း ဒါကို နည္းနည္းေလးခ်ဲ႕ကားၿပီးေတာ့မွ ေျပာလိုက္တဲ့အခါက်ေတာ့ အထူးအခြင့္အေရးေပးတယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။ တကယ္ေတာ့ အထူးအခြင့္အေရးေပးတာ မဟုတ္ပါဘူး ” လို့ စီးပြားကူးသန္း ဒုဝန္ႀကီး ဦးေအာင္ထူးက ေျပာပါတယ္။

 

လုပ္သက္ ၂၅ ႏွစ္အထက္ ဝန္ထမ္းေကာင္းလက္မွတ္ရ ဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ ပါမစ္ေတြေပးဖို့ အခုႏွစ္ ဇန္နဝါရီ အေစာပိုင္းထဲက စီစဥ္ခဲ့ေပမယ့္ သမၼတ႐ုံး၊ နိုင္ငံေတာ္အတိုင္ပင္ခံ ႐ုံးတို့အထိ ကန႔္ကြက္တိုင္ၾကားမွုေတြလည္း ရွိခဲ့ပါတယ္။ဒီလိုတိုင္ၾကားမွုေတြေၾကာင့္ ဝန္ထမ္းေတြ ကားတင္သြင္းခြင့္ကို ေခတၱရပ္ဆိုင္းထားတယ္လို့ သမၼတ႐ုံးညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေဇာ္ေဌးက ဇန္နဝါရီ ၃၁ ရက္က ျပဳလုပ္တဲ့ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

 

သမၼတ႐ုံးက ခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ ကားတင္သြင့္ကိစၥစတင္နိုင္ေအာင္ စီစဥ္ေနသလို တဘက္ကလည္း ကားတင္သြင္းခြင့္မူဝါဒနဲ႔ ပတ္သက္ၿပီး ေျပာင္းလဲဖို့စဥ္းစားထားတယ္လို့လည္း ဆိုပါတယ္။“အရင္ထဲကေတာ့ ၂၅ ႏွစ္အထက္ကို အကုန္ေပးမယ္လို့ က်ေနာ္က ေျပာထားၿပီးသား၊ ဒါေပမယ့္လည္း အဲ့လိုေပးတဲ့ အခါမွာ က်ေနာ္တို့က ၂၅ ႏွစ္ျပည့္တဲ့သူကို အငယ္ေတြကို ဦးစားေပး ၿပီးေတာ့ ေပးမယ္လို့ က်ေနာ္တို့က စဥ္းစားထားတာပါ။ အဲ့လိုစဥ္းစားတဲ့ေနရာမွာလည္း က်ေနာ္တို့ က ဝန္ထမ္းေတြသက္သာေအာင္လို့ဆိုၿပီးေတာ့ 1500 cc အထိ ပဲ ခြင့္ျပဳဖို့ေပါ့ေနာ္၊ 1500cc ဆိုရင္ အထူးကုန္စည္ခြန္ေပးဖို့မလိုဘူးေပါ့ေနာ္” လို့ စီးပြား/ကူးသန္း ဒုဝန္ႀကီး ဦးေအာင္ထူး က ေျပာပါတယ္။

 

ကားတင္သြင္းခြင့္နဲ႔ ပတ္သက္ၿပီး မူလသတ္မွတ္ထားတဲ့ အစီအစဥ္မွာ လုပ္သက္ ၂၅ ႏွစ္ျပည့္ဝန္ထမ္းေတြကို ေနာက္ဆုံးမွ ေပးဖို့ စီစဥ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဦးစားေပးအေနနဲ႔ ေျပာင္းလဲဖို့ စီစဥ္ေနတာလည္း ျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ဝန္ထမ္းေတြကားတင္သြင္းခြင့္ကို ေခတၱရပ္ဆိုင္းထားတယ္ဆိုေပမယ့္ စီးပြားကူးသန္းဌာနကေတာ့ လိုအပ္တဲ့ စာရင္းေတြကို ေကာက္ယူထားၿပီးျဖစ္တယ္လို့လည္း သိရပါတယ္။

 

Insurance Agents အာမခံ၀န္ေဆာင္မႈေပါင္း ၈၃ခုကိုရွာရန္ႏိွပ္ပါ။

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)