Transportation

မန္တလေးတိုင်းဒေသကြီးပြင်ပမှ အဝေးပြေးယာဉ်လိုင်းများအား ပြန်လည်ပြေးဆွဲခွင့်ပြုမည်

မန္တလေးတိုင်းဒေသကြီးပြင်ပမှ အဝေးပြေးယာဉ်လိုင်းများအား ဇွန်လ ၁ ရက် မှ စတင်၍

ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ခွင့်ပြု သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဒေသတွင်းအဝေးပြေးယာဉ်လိုင်းများ၏ ပြန်လည်ပြေးဆွဲခွင့်ကို မေလ(၁၅) ရက် တွင် ကြေငြာချက်ထုတ်ပြန်ပေးခဲ့ပြီး ယခုအခါ ဇွန် ၁ ရက် မှ စတင်၍ တိုင်းဒေသကြီးပြင်ပသို့ အဝေးပြေး ယာဉ်လိုင်းအားလုံးပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


Mask တပ်ဖို့၊လက်ဆေးဖို့၊ နှစ်ဦးထိုင်ရမဲ့နေရာတွေမှာတစ်ဦးသာထိုင်ဖို့၊ယာဉ်ပေါ်မတက်ခင်အဖျားတိုင်းဖို့၊ ယာဉ်ပြတင်းပေါက်များ အားလုံး လေဝင်လေထွက်ကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ဖို့၊ခရီးသည်မတင်ဆောင်မီနှင့် တင်ဆောင်ပြီးအချိန်များတွင် စနစ်တကျပိုးသတ်ဆေးဖြန်းဖို့အပြင် ယာဉ်မောင်း /ယာဉ်နောက်လိုက် အနေဖြင့် လိုက်နာရမည့်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ဖို့ စတဲ့စည်းကမ်းချက်များလိုက်နာရမှာ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက် အတိုင်း ပြန်လည်ပြေးဆွဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ဧပြီ ၇ ရက် မှ စတင်ပိတ်ထားခဲ့ရာ ယခုအခါတိုင်းဒေသကြီးအစိုးရမှ ပြန်လည်ဖြေလျှော့ ပြေးဆွဲခွင့်ပြုခြင်းဖြစ်ကြောင်း သိရပြီး မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း(၅) ခုတွင် ယာဉ်အသင်း ပေါင်း(၄၂၅) သင်းရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

မႏၲေလးတိုင္းေဒသႀကီးျပင္ပမွ အေဝးေျပးယာဥ္လိုင္းမ်ားအား ျပန္လည္ေျပးဆြဲခြင့္ျပဳမည္

မႏၲေလးတိုင္းေဒသႀကီးျပင္ပမွ အေဝးေျပးယာဥ္လိုင္းမ်ားအား ဇြန္လ ၁ ရက္ မွ စတင္၍ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ျပန္လည္ခြင့္ျပဳ သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ မွ သိရသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း၌ ေဒသတြင္းအေဝးေျပးယာဥ္လိုင္းမ်ား၏ ျပန္လည္ေျပးဆြဲခြင့္ကို ေမလ(၁၅) ရက္ တြင္ ေၾကျငာခ်က္ထုတ္ျပန္ေပးခဲ့ၿပီး ယခုအခါ ဇြန္ ၁ ရက္ မွ စတင္၍ တိုင္းေဒသႀကီးျပင္ပသို႔ အေဝးေျပး ယာဥ္လိုင္းအားလုံးျပန္လည္ေျပးဆြဲခြင့္ျပဳမည္ျဖစ္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၏ လမ္းၫႊန္ခ်က္မ်ား အတိုင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
Mask တပ္ဖို႔၊လက္ေဆးဖို႔၊ ႏွစ္ဦးထိုင္ရမဲ့ေနရာေတြမွာတစ္ဦးသာထိုင္ဖို႔၊ယာဥ္ေပၚမတက္ခင္အဖ်ားတိုင္းဖို႔၊ ယာဥ္ျပတင္းေပါက္မ်ား အားလုံး ေလဝင္ေလထြက္ေကာင္းမြန္ရန္ စီစဥ္ေဆာင္႐ြက္ဖို႔၊ခရီးသည္မတင္ေဆာင္မီႏွင့္ တင္ေဆာင္ၿပီးအခ်ိန္မ်ားတြင္ စနစ္တက်ပိုးသတ္ေဆးျဖန္းဖို႔အျပင္ ယာဥ္ေမာင္း /ယာဥ္ေနာက္လိုက္ အေနျဖင့္ လိုက္နာရမည့္စည္းကမ္းမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ဖို႔ စတဲ့စည္းကမ္းခ်က္မ်ားလိုက္နာရမွာ ျဖစ္ေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန လမ္းၫႊန္ခ်က္ အတိုင္း ျပန္လည္ေျပးဆြဲ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္ က ေျပာၾကားသည္။
မႏၲေလးတိုင္းေဒသႀကီးတြင္ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈမရွိေစေရးအတြက္ ခရီးသည္တင္ယာဥ္လိုင္းမ်ား ေျပးဆြဲခြင့္ကို ဧၿပီ ၇ ရက္ မွ စတင္ပိတ္ထားခဲ့ရာ ယခုအခါတိုင္းေဒသႀကီးအစိုးရမွ ျပန္လည္ေျဖေလွ်ာ့ ေျပးဆြဲခြင့္ျပဳျခင္းျဖစ္ေၾကာင္း သိရၿပီး မႏၲေလးၿမိဳ႕ရွိ အေဝးေျပးယာဥ္ရပ္နားစခန္း(၅) ခုတြင္ ယာဥ္အသင္း ေပါင္း(၄၂၅) သင္းရွိေၾကာင္း သိရသည္။သန္းေဇာ္မင္း(ျပန္/ဆက္)

Read times
Rate this item
(0 votes)