Transportation

အိမ်ပြန်မရ သင်္ဘောသားများ အဆုံးစီရင်မှုများ လျှော့ချရေး စတင်‌ဆောင်ရွက်

သင်္ဘောလိုက်တဲ့သူတွေတော်တော်များများဟာ ကမ်းမမြင် လမ်းမမြင်ပင်လယ်ကြီးထဲမှာ တာဝန်တွေ အသီးသီးကို သင်္ဘောကြီးပေါ်မှာပဲ မငြီးငွေ့ဘဲ ထမ်းဆောင်ကြရတယ် အိမ်က မိသားစု စားဝတ်နေရေးကို ရှေးရှုပြီး တာဝန်ပြီးဆုံးချိန်မှသာလျှင် မြေပေါ်ခြေချ မိသားစုနဲ့ နေနိုင်တော့တယ်။

အခုလို ကိုဗစ်ကာလတွေ ဖြစ်လာတဲ့ အချိန်မှာ တာဝန် ပြီးဆုံးတဲ့ သင်္ဘောသားတွေက အိမ်မပြန်ကြရဘူး။ အိမ်မပြန်ရလို့ သင်္ဘော ပေါ်မှာ စိတ်ညစ်တာတွေလည်းရှိမယ်။ စိတ်ဒဏ်ပိတာတွေလဲည်း ရှိမယ်။ ဒါ့ကြောင့် စိတ်ကျရောဂါ ခံစားလာရတယ်လို့ ဆိုရမယ်။ သင်္ဘောသား အသုံးအနှုန်းနဲ့တော့ ရေထဲ နေရတာကြာလာလို့ 'ရေကြောင်' တယ်လို့ ပြောကြတယ်။ အခုဆိုရင် သင်္ဘောပေါ်မှာပဲ ၎င်းတို့ ကိုယ်တိုင် သေကြောင်းကြံတာတွေအထိ ဖြစ်လာတယ်။

 

ကိုဗစ်ကိုပဲ အပြစ်တင်ရမလား ၊ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား ဆိုပေမဲ့ လက်ရှိမှာကို ပင်လယ်ပြင် လုပ်ငန်းခွင်မှ သင်္ဘောသားတွေ အဆုံးစီရင်ပြီး လောက မှ ထွက်ခွာသွားကြတာ အတော်အတန်များနေပြီ။ သင်္ဘောလိုင်း တချို့ က ထိန်ချန်လျှို့ဝှက်ထားကြတယ်။ တိကျတဲ့ အချက်အလက်တွေ လုံး၀ ထွက်ရှိလာတာမျိုး မရှိအောင် ဖုံးဖိထားကြတယ်။

 

ဗြိတိန်နိုင်ငံရဲ့ သင်္ဘောသားရန်ပုံငွေ အဖွဲ့ချုပ်မှ CEO ဖြစ်သူ Catherine Spencer ပြောကြားချက်ကတော့ '' ကျွန်မ အနေနဲ့ အတော်လေး အံအားသင့်စေတာက ထိုအခြင်းအရာနဲ့ ပတ်သတ်ပြီး တစ်စွန်းတစ်စ မှ အချက်အလက်လေးတောင် မကြားသိရဘူး ၊ အဲဒီအချက်အလက်ဆိုတာကတော့ အခုလို ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ သင်္ဘောသားတွေ ဘယ်လောက်တောင် စိတ်ဓာတ်ကျ ရာမှ အသက်ကိုစတေးခဲ့ပြီးပြီလဲ ဆိုတာပဲ။ ဒီထက် ကမ္ဘာတစ်ဝှမ်းသင်္ဘောသားတွေထဲ ဘယ်နှစ်ယောက်တောင် မလုပ်သင့်တာကိုလုပ်ပြီး ၎င်းတို့ ဘဝကို ကျောခိုင်းသွားပြီလဲ ဆိုတာပါပဲ "

 

" တချို့ သင်္ဘော ပိုင်ရှင်တွေ အာမခံထားတဲ့ P&I Clubs မှလည်း အဆိုပါ ကိစ္စတွေဖြင့် သေဆုံးရင် ဘာမှ လုပ်မပေးဘူးနဲ့ တူပါတယ် ဒါ့ကြောင့်လဲ တချို့ ပင်လယ်ထဲမှ သင်္ဘောသားများ မိမိ ကိုယ်ကိုယ်သေကြောင်း ကြံစည်မှုကို မတော်တဆမှု ပုံစံပြောင်းလဲလိုက်ကြတော့တာပေါ့။ ကိုယ်တွေ အနေနဲ့ က ယခုလို ကိစ္စတွေဖြစ်ပွားနေတယ့် တကယ့် ကိစ္စရပ် အရင်းအမှန်ကို မသိပဲနဲ့ သင်္ဘောပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေတဲ့ သင်္ဘောသားတွေကို ဘယ်လို ကူညီနိုင်ပါ့မလဲ '' ဆိုကာပြောကြားသွားခဲ့ပါတယ်။

 

Splash သင်္ဘော ဂျာနယ်မှ အမှု့ဆောင်ချုပ်ဖြစ်သူ Andrew Craig-Bennett မှ ယခုဖြစ်ပွားတဲ့ ကိစ္စ အပေါ် ပြောကြားချက်ကတော့ " သင်္ဘောလိုင်းတွေက လက်တလောမှာ သင်္ဘောသားတွေ သေကြောင်းကြံမှုကို မတော်တဆနဲ့ သေဆုံးတယ်လို့ပဲ မှတ်တမ်းရေးသားနေကြတာတွေ့ရတယ် ဒါဟာ စိတ်မချမ်းမြေ့စရာပဲ " ဆိုကာပြောကြားခဲ့ပါတယ်။

 

ယခုဆိုရင်တော့ ဗြိတိန်နိုင်ငံရဲ့ သင်္ဘောသားရန်ပုံငွေ အဖွဲ့ချုပ်မှ သင်္ဘောသား ဆေးရုံ လူမှုအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး " ကိုဗစ်ကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့ သင်္ဘောသားတွေ အဆုံးစီရန်မှု လျော့ချရေး '' ဆိုကာ အလှူအတန်း ပရဟိတ လှုပ်ရှားမှုတစ်ခု လုပ်မယ်ဆိုတာကို သင်္ဘော အာမခံ လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Watkins Marine’s website မှာ အတည်ပြု စာတင်ထားတာတွေ့ရပါတယ်။

 

ထို့အပြင် Seafarers Happiness Index ဆိုတဲ့ သင်္ဘောသားအာရုံစိုက်လုပ်အားပေး အဖွဲ့ အစည်းမှ Steven Jones ပြောကြားချက်ကတော့ " သင်္ဘောသားတွေ စိတ်ညစ်နေတာ ဖြစ်ဖြစ်စိတ်ဒဏ်ပိမှု များနေတာဖြစ်ဖြစ် ခံစားနေရတယ်ဆိုပါစို့။ ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်ပါတယ် ထို့ အပြင် မိသားစု နဲ့ အဆက်သွယ်ပြတ်နေလည်း သူတို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ ကူရာကယ်ရာမဲ့ နေလည်း အကူအညီတောင်းခံနိုင်ပါတယ် " ဆိုကာပြောကြားခဲ့ပါတယ်။

 

အခုအချိန်မှာ ဆိုရင်တော့ သင်္ဘောသားတွေ ဘက်မှာ အဖွဲ့ အစည်းတွေအားလုံးက ရပ်တည်နေပါတယ် ကိုဗစ် ကိစ္စတွေကလည်း တဖြည်းဖြည်း အေးလာပြီမို့ မကြာခင်အဆင်ပြေတော့မှာမို့ သင်္ဘောသားများ ဆက်လက် စိတ်ရှည်ပေးသင့်ပြီး စိတ်ကျစရာများ မတွေးဖို့ တိုက်တွန်းလိုပါတယ်။

 

Ref : Splash 256 

Read times
Rate this item
(4 votes)