Transportation

အသုဘစရိတ်အထိ အာမခံထားပေးတဲ့ Emirates Airlines

COVID-19 ကာလမှာ လေယာဉ်စီး ခရီးသည်တွေ စိတ်ချလက်ချရှိအောင် နည်းအမျိုးမျိုး သုံးစွဲပြီး

ဆွဲဆောင်ကြရတယ်။ ခပ်ခွာခွာ ဖြစ်နေစေဖို့ အလယ်ခုံကို အလွတ်ထားပေးတယ်။ လေယာဉ်စီးသူတိုင်း မတ်စ် မတပ်မနေရာ တပ်ကြရတယ်။ မတ်စ် မတပ်ဘူးဆိုရင် ပြန်ဆင်းခိုင်းတယ်။ လိုက်ပါခွင့် မပြုဘူး။ လေယာဉ်ကွင်း ရောက်တဲ့အခါ ကိုယ်အပူချိန်တိုင်းတယ်။ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ခရီးသွားရတာ စိတ်ချလက်ချ ရှိအောင် အခုလို လုပ်ကိုင်ပေးထားတာ ဖြစ်ပါတယ်။ 

ယူအေးအီးနိုင်ငံ ဒူဘိုင်းအခြေစိုက် Emirates Airlines က အခြား အစီအမံများအပြင် ကျန်းမာရေး အာမခံကိုပါ ထားပေးတယ်။ 

လေယာဉ်ပေါ် လိုက်ပါလာကြတဲ့ ခရီးသည်တွေမှာ တစ်ဦးတစ်ယောက် ကိုဗစ် ကူးစက်ခံထားရကြောင်း ဆေးစစ်ချက် အတည်ပြုချက် ရရှိတယ်ဆိုရင် ဆေးကုသစရိတ် အမေရိကန်ဒေါ်လာ ၁၇၆ ၀၀၀ နီးပါး အထိ အာမခံလျော်ကြေး ရရှိမှာ ဖြစ်ပါတယ်။ ကူစက်ခံလူနာနဲ့ ခရီးအတူစီးခဲ့ကြသူတွေ quarantine ဝင်ဖို့အတွက် တစ်နေ့ အမေရိကန်ဒေါ်လာ ၁၁၈ ပေးအပ်မှာ ဖြစ်ပြီး ဣှစ်ပတ်အထိ ပေးမှာ ဖြစ်ပါတယ်။

အဆိုးဝါးဆုံးကို ကြုံရပါပြီ ဆိုရင်တော့ ခရီးသည်က သေဆုံးသွားတယ်ဆိုရင် အသုဘစရိတ်အဖြစ် လျောကြေး အမေရိကန်ဒေါ်လာ ၁၇၆၅ ရရှိမှာ ဖြစ်ပါတယ်။ 

လက်မှတ်ဝယ်လိုက်တာနဲ့ အာမခံက တစ်ပါတည်း ပါလာပြီးသား ဖြစ်ပြီး အဲဒီအတွက် လေကြောင်းလိုင်းက အာမခံကြေး စိုက်ထုတ်ပေးမှာ ဖြစ်လို့ ခရီးသည်မှ ပေးရန်မလိုပေ။

 

Source: forbes

 

Read times
Rate this item
(0 votes)