Transportation

သင်္ဘောမှ လူစားလဲရန်ပြန်လာသည့် မြန်မာသင်္ဘောသားတစ်ဦး လမ်းခရီးတွင် ရုတ်တရက်သေဆုံး

ကော့သောင်းတွင် သင်္ဘောသားလူစားလဲ (Crew Change) ရန် ပြန်လာသည့် မြန်မာသင်္ဘောသားတစ်ဦး လမ်း ခရီးတွင် ရုတ်တရတ်သေဆုံးခဲ့ သည်ဟု SR Shipping ကုမ္ပဏီ ပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

 

အဆိုပါ သင်္ဘောသားသည် မြန်မာနိုင်ငံသို့ပြန်လာရန် ဘူလ် ဂေးရီးယားနိုင်ငံဆိပ်ကမ်းမှ သြ ဂုတ် ၁၁ ရက်က သင်္ဘောဖြင့် ထွက်လာပြီး သြဂုတ် ၂၈ ရက် နံနက်တွင် အခန်းတွင်း၌ သေဆုံး နေခြင်းဖြစ်သည်။

 

အသက် (၃၄) နှစ်အရွယ်ရှိ အဆိုပါသင်္ဘောသားမှာ Oiler ရာထူးဖြင့် တာဝန်ထမ်းဆောင် နေပြီး သီရိလင်္ကာရေပိုင်နက် အိန္ဒိယသမုဒ္ဒရာအတွင်း သေဆုံး ခဲ့ခြင်းဖြစ်ကာ COVID ကြောင့် သေဆုံးခြင်းမဟုတ်ဟု ဦးသန်း ဝင်းက ပြောသည်။

 

“ည ၁၂ မှာ သူ့ဂျူတီပြီးတော့ သူ့အခန်းပြန်ပြီး ၂ နာရီလောက် မှာ သူ့မိသားစုနဲ့ ဖုန်းအဆက်အ သွယ် လုပ်သေးတယ်။ မနက်ကျ တော့ ဂျူတီမလာလို့သွားကြည့် တော့ သေဆုံးနေတာ’’ ဟု ဦးသန်းဝင်းက ပြောသည်။

 

အဆိုပါသင်္ဘောသားပါဝင် သည့် သင်္ဘောမှာ စက်တင်ဘာ ၃ ရက်တွင် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ပြီး ကော့သောင်းဆေး ရုံတွင် ရင်ခွဲစစ်ဆေးလျက်ရှိသည် ဟု ၎င်းကပြောသည်။

 

7Day News

Read times
Rate this item
(7 votes)