Transportation

ကယ်ဆယ်ရေးအထူးလေယာဉ် များဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅,၂၂၅ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်အထိ ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ် များဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅,၂၂၅ ဦး ပြန်လည်ခေါ်ဆောင် ခဲ့ပြီးဖြစ်ကြောင်း’ နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။


(၂၂) ကြိမ်မြောက် MAI ကယ်ဆယ်ရေး လေကြောင်း ခရီးစဉ်

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ အဆိုပါလေယာဉ်သည် ၁၅-၉-၂၀၂၀ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၄၅ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ယင်းနေ့ရက် 

(၂၀ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြပါသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ဘယ်လ်ဂျီယံမှ (၁) ဦး၊ ဘရာဇီးလ်မှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၄)ဦး၊ အစ္စရေးမှ (၁) ဦး၊ အီတလီမှ (၄) ဦး၊ မွန်ဂိုလီးယားမှ (၃) ဦး၊ နော်ဝေမှ (၁) ဦး၊ ကိုရီးယားမှ (၇၁) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁၀) ဦး၊ ဗီယက်နမ်မှ (၄) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး လိုက်ပါလာခဲ့ပါသည်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးဆောင်၍ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

Read times
Rate this item
(0 votes)