Transportation

သင်္ဘောသား အတွက် တရုတ်ပြည် ဆိပ်ကမ်းများ တဖြည်းဖြည်းဖွင့်လှစ်ရန်စီစဉ်

သင်္ဘောသား အတွက် တရုတ်ပြည် ဆိပ်ကမ်းများ တဖြည်းဖြည်းဖွင့်လှစ်ရန်စီစဉ် Synergy Group

တရုတ်သည် ဆိပ်ကမ်းများကို နိုင်ငံခြားသားများအတွက် ၀င်ခွင့်ကန့်သတ်ချက်ကို လျှော့ချလိုက်ပြီး မကြာမီဖွင့်တော့မည်ဖြစ်ရာ သင်္ဘောသားများ လူလဲရန်အတွက်လည်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။ 

 

မတ်လတွင် Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအစီအမံ၏တစ်စိတ်တစ်ပိုင်းအနေဖြင့်နိုင်ငံခြားသား ၀ င်ရောက်မှုအားလုံးကိုဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

 

ယခုလို ပြန်လည် ဖွင့်လှစ်လိုက်ပြီးသောအခါ ထိရောက်သောကပ်ရောဂါထိန်းချုပ်မှုကို သေချာစေအောင် ဆောင်ရွက်စီမံသွားမည်ဟု နိုင်ငံခြားရေး ၀ န်ကြီးဌာနနှင့်အမျိုးသားလူ ၀ င်မှုကြီးကြပ်ရေးဌာနမှယမန်နေ့ကကြေငြာခဲ့သည်။

 

တရုတ်နိုင်ငံသည် နိုင်ငံခြားသားသင်္ဘောသားများ အပါအ၀င် သင်္ဘောဆိပ်ကမ်းအတော်များများကို ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်။

 

Qingdao ဆိပ်ကမ်းမြို့၏ ကူးစက်ရောဂါထိန်းချုပ်ရေးအာဏာပိုင်မှ ထုတ်ပြန်သောစာရွက်စာတမ်းအရ Qingdao ဆိပ်ကမ်းသည် နိုင်ငံခြားသားသင်္ဘောသားများ လူလဲရန်အတွက် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ နောက်ဆုံးဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ၁၄ ရက်အကြာတွင် သင်္ဘောသားများ လူလဲရန်အတွက် သင်္ဘောပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် လျှောက်လွှာတင်နိုင်သည်။

 

သင်္ဘောသားများ လူလဲရန်အတွက် စုစုပေါင်းတရုတ်ဆိပ်ကမ်း ၁၀ ခု ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ကြေငြာလိမ့်မည်ဟု သိရသည်။  မဖြစ်မနေ လိုအပ်ချက်မှာ ပြည်ပမှလာသူ မည်သူမဆို coronavirus စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်သည့်အပြင် ၁၄ ရက်ကြာ quarantine ကို ပြီးစီးရမည်။


Written By Aung Win (Myanmar Logistic Guide)

Source Link: splash247.com

Read times
Rate this item
(0 votes)