ကုန်စည်တွေကို ကွန်တိန်နာနဲ့ ထည့်ပြီး ပင်လယ်ရေကြောင်းဖြင့် သယ်ယူတာမှ ယခုအချိန်လောက် ဘယ်တုန်းကမှ ဈေးမကြီးခဲ့ဖူးဘူး။
အခုအချိန်လို ကွန်တိန်နာ ရှားပါးတာမျိုးလည်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ဖူးဘူး။ ကွန်တိန်နာသယ်ယူပို့ဆောင်ရေးမှာသာ ဈေးမြင့်နေတာတော့ မဟုတ်ဘူး။ သဘာဝဓာတ်ငွေ့ရည်
Liquified natural gas (LNG) ရေကြောင်း သယ်ယူပို့ဆောင်ရေးမှာလည်း မကြုံစဖူး ဈေးမြင့်တက်နေတယ်။ ကမ္ဘာ့စံချိန်သစ် တင်သွားတဲ့အထိ ဖြစ်ပါတယ်။
LNG သင်္ဘော LNG Abalamabie ကို ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း BP က ငှာရမ်းသုံးစွဲတာမှာ တစ်ရက်ကို အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖြင့် ငှားရမ်းလိုက်ပါတယ်။ ကုန်စည် ရေကြောင်းပို့ဆောင်ရေး သင်္ဘောငှားရမ်းခ သမိုင်းကြောင်းမှာ ဈေးစံချိန်သစ် တင်လိုက်တာ ဖြစ်ပါတယ်။ ယခင် စံချိန်ဟောင်းက ဧရာမ ရေနံစိမ်းတင်သင်္ဘော very large crude carrier (VLCC) အမျိုးအစား သင်္ဘောကို တစ်ရက် အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
အခုလို ဈေးအမြင့်ပေးပြီး ဌားရမ်းနိုင်တာဟာ အမေရိကန်ဈေးကွက်မှာ ဖြစ်ပေါ်နေတာထက် အာရှမှာ ဖြစ်ပေါ်နေတဲ့ LNG က ဈေးအများကြီး ပိုမြင့်နေလို့ ဈေးသက်သာတဲ့ဆီမှ ဝယ်ယူပြီး ဈေးကောင်းရတဲ့ဆီကို တင်ပို့ရောင်းချတာမှာ အခုလို ဈေးအမြင့်ပေးပြီး သင်္ဘောငှားရမ်းတာတောင်မှ တွက်ခြေကိုက်နေလို့ ဖြစ်ပါတယ်။
ကမ္ဘာစံချိန် မှတ်တမ်း Guinness Book မှာ စံချိန်ချိုးတဲ့ ဈေးနှုန်းဖြင့် ကမ်းလှမ်းငှားရမ်းနေပေမဲ့ ယခုအထိ LNG သင်္ဘောငှားမရ ဖြစ်နေတဲ့ shipper တွေလည်း ရှိနေပါတယ်။
freightwaves.com