Transportation

တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ကုန်တင်ရထား နယ်စပ်ဂိတ်ဖြတ်ကျော်ကာ လာအိုသို့ ပြေးဆွဲ

ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ကူမင်းဘူတာမှထွက်ခွာလာသော ကုန်စည်အပြည့်တင်ဆောင်ထားသည့်

နိုင်ငံတကာ ကုန်တင်ရထားတစ်စင်းသည် မိုဟန်ရထားလမ်း နယ်စပ်ဂိတ်သို့ ဝင်ရောက်ခဲ့ပြီး တရုတ်-လာအို ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းမှတဆင့် လာအိုနိုင်ငံသို့ ဝင်ရောက်မည်ဖြစ်သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ပြီးနောက် ပထမဆုံး နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားဖြစ်ကြောင်း သိရသည်။
တရုတ်-လာအို ရထားလမ်းသည် တရုတ်ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံတကာရထားလမ်းတစ်ခုဖြစ်ကြောင်း၊ ယင်းရထားလမ်းသည် မြောက်ဘက်တွင် ယူနန်ပြည်နယ်၊ကူမင်းမြို့မှ စတင်ကာ တရုတ်နိုင်ငံ မိုဟန်နယ်စပ်ဂိတ်နှင့် လာအိုနိုင်ငံ ဘိုတန်နယ်စပ်ဂိတ်တို့ကို ဖြတ်သန်းပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိကြောင်းနှင့် တရုတ်-လာအိုရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၁,၀၃၅ ကီလိုမီတာရှိကြောင်း သိရသည်။
ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရထားလမ်း အပြည့်အဝ လည်ပတ်ပါက ရထားသွားလာချိန်သည် ၂၄ နာရီအတွင်းဖြစ်ပြီး လက်ရှိ သွားလာချိန် ၄၈ နာရီထက် လျော့နည်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်-လာအိုအကြား ကုန်စည်ပို့ဆောင်မှု၏ အချိန်နှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

(Xinhua)

train.jpg

train_21.jpg

train_3.jpg

Read times
Rate this item
(0 votes)