စင်ကာပူလေကြောင်း ကမ္ဘာ့အရှည်ဆုံး မရပ်မနား လေကြောင်းခရီးစဉ် အပွားတစ်ခုထပ်တိုး ပြေးဆွဲမည်
စင်ကာပူလေကြောင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ JFK လေဆိပ်နှင့် Newark လေဆိပ် နှစ်ခုစလုံးသို့ ပျံသန်းပြေးဆွဲမည် ဖြစ်သည်။
လာမယ့် နွေဉီးတွင် Singapore Airlines က စင်ကာပူ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ် Changi International Airport (SIN) နှင့် အမေရိကန်နိုင်ငံ နယူးယောက် နိုင်ငံတကာ လေဆိပ်များ ဖြစ်ကြသည့် John F. Kennedy (JFK) နှင့် Newark (EWR) လေဆိပ်နှစ်ခုတို့အကြား အသွားနှင့်အပြန် မရပ်မနားခရီးစဉ်ကို နေ့စဉ် တိုက်ရိုက်ပျံသန်းပြေးဆွဲမည် ဖြစ်သည်။ ထိုလေကြောင်းခရီးစဉ်နှစ်ခုသည် ၉,၅၃၇ မိုင် (ကီလိုမီတာ ၁၅,၃၈၄) နှင့် ၉,၅၃၄ မိုင် (ကီလိုမီတာ ၁၅,၃၄၃) အသီးသီး ကွာဝေးပြီး ကမ္ဘာ့အရှည်ဆုံး လေကြောင်းခရီးစဉ်များ ဖြစ်ပါသည်။
ခရီးရှည် ချိတ်ဆက်မှု
၂၀၂၂ ဇန်နဝါရီလတွင် စင်ကာပူလေကြောင်းသည် စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ခရီးစဉ် ၁၉၁ ခု ပြေးဆွဲလျက် ရှိသည်။ လက်ရှိတွင် စင်ကာပူလေကြောင်းသည်
JFK ၊ Los Angeles International (LAX) နှင့် San Francisco (SFO) မြို့ကြီး သုံးမြို့သို့ ချန်ဂီလေဆိပ်ကို အခြေပြုပြီး Airbus A350-900 ဖြင့် ပျံသန်းပြေးဆွဲလျက် ရှိသည်။
မတ်လမှစ၍ ကမ္ဘာ့အရှည်ဆုံး မရပ်မနား လေကြောင်းခရီးစဉ်တစ်ခု ဖြစ်သော စင်ကာပူ-နယူးယောက် ခရီးစဉ်တွင် လက်ရှိ JFK လေဆိပ်သို့ ပျံသန်းခြင်းအပြင် နောက်တစ်ခု ထပ်ပွားပြီး Newark လေဆိပ်သို့ပါ SIN-EWR ခရီးစဉ်ကို ပျံသန်းပြေးဆွဲမည် ဖြစ်သည်။ မတ်လတွင် ခရီးစဉ် လေးခုဖြင့်သာ ပြေးဆွဲမည် ဖြစ်ပြီး ဧပြီလတွင် နေ့စဉ်ပြေးဆွဲသွားရန် လျာထားပါသည်။
SIN-JFK သည် ကမ္ဘာ့အရှည်ဆုံး မရပ်မနား လေကြောင်းခရီးစဉ် (၉,၅၃၇ မိုင်) ဖြစ်ပြီး JFK-EWR သည် ဒုတိယ ကမ္ဘာ့အရှည်ဆုံး မရပ်မနား လေကြောင်းခရီးစဉ် (၉,၅၃၇ မိုင်) ဖြစ်သည်။
မရပ်မနားခရီးစဉ်များ
ခရီးတာ မိုင် ၈,၀၀၀ (ကီလိုမီတာ ၁၂,၈၇၅) ကျော်သော မရပ်မနားခရီးစဉ်များ ကမ္ဘာတစ်လွှားတွင် ၂၁ ခု ပြေးဆွဲလျက် ရှိပြီး Emirates, Qatar Airways, Singapore Airlines, Cathay နှင့် Qantas လေကြောင်းလိုင်းများက ပြေးဆွဲလျက် ရှိပါသည်။
simpleflying.com