Transportation

Maersk ရဲ့ ရထားကွန်တိန်နာပို့ဆောင်ရေးဝန်ဆောင်မှု ဆက်လက်ကြီးထွားလျက်ရှိ

Maersk ရဲ့ ရထားကွန်တိန်နာပို့ဆောင်ရေးဝန်ဆောင်မှု ဆက်လက်ကြီးထွားလျက်ရှိ

Maersk က အန္ဒိယမှာ ကွန်တိန်နာရထား ဝန်ဆောင်မှု လုပ်ကိုင်ခဲ့ရာမှာ ၂၀၂၁ မှာ သွင်းကုန်ပို့ကုန် နှစ်ရပ်ပေါင်းပို့ဆောက်မှု ၂၃% ပိုများခဲ့ပြီး ပို့ကုန်ပို့ဆောင်မှု ၄၃% ပိုများခဲ့ကြောင်း ထုတ်ပြန် ကြေညာပါတယ်။

ယခုလို ကြီးထွားနိုင်ခဲ့တာ အိန္ဒိယမှာ ကွန်တိန်နာရထားများ ပြေးဆွဲခဲ့ရာမှာ အပတ်စဉ် ပြေးဆွဲတဲ့ ဝန်ဆောင်မှု ၁၃ ခု ထပ်တိုးခဲ့လို့ ဖြစ်ပါတယ်။

 

Maersk-rail-services.png

 

Maersk ရဲ့ ထုတ်ပြန်ချက် အရ ကုန်းတွင်းပိုင်း အချိတ်အဆက် ပေးအပ်ဖို့ ကြိုးပမ်းအားထုတ်တာ ဖြစ်ပြီး ြဖည့်သွင်းကွင်းဆက်မှာ ကိုဗစ်ကြောင့် ကမောက်ကမ ဖြစ်နေလို့ ကုန်စည် ဘယ်နေရာကို ဘယ်အချိန်ရောက်မလဲ ကြိုမပြောနိုင်တဲ့အဖြစ်ကို ဖြေရှင်းပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

ကွန်တိန်နာရထား ပြေးဆွဲပေးခြင်းကြောင့် Maersk ရဲ့ ဖောက်သည်တွေ အကျိုးကျေးဇူးများ ရရှိကြပါတယ်။ ကြားခံအဆင့် ကြာမြင့်ကာလက ထရပ်ကားများဖြင့် ပို့ဆောင်တာထက် ရထားဖြင့် ပို့ဆောင်တာက ၃၀% အထိ ပိုမြန်သွားတယ်။ ဆိပ်ကမ်းနဲ့ စက်ရုံအကြား ပို့ဆောင်မှု အချိန်ဇယား ထားရှိပြီး လုပ်ဆောင်နိုင်စေတယ်။

ကာဘွန်ထုတ်လွှတ်မှု ၁၄.၅ မက်ထရစ်တန် လျော့နည်းတယ်လို့ Maersk က ပြောကြားပါတယ်။

ယခင်နှစ်ထက် 50,000 TEU ပိုမိုပို့ဆောင်ခဲ့ပြီး ခရီးတာ ၁၅၀,၀၀ ကီလိုမီတာ သယ်ပို့ပေးနိုင်ခဲ့ပါတယ်လို့ Maersk South Asia ရဲ့ product manager ဖြစ်သူ Jyoti Mitter က ပြောကြားပါတယ်။

ဆိပ်ကမ်းနဲ့ စက်မှုလုပ်ငန်း အချက်အချာတို့အကြား ကုန်စည်ပို့ဆောင်မှုကို ရထားဖြင့် ဖြေရှင်းပေးတဲ့နည်းလမ်းအပေါ် ယုံကြည်စိတ်ချကြောင်းလည်း Jyoti Mitter က ပြောပြပါတယ်။

"ယမန်နှစ်က ရထားလမ်းကြောင်း စင်္ကြံ အသစ် ၂၇၃ ခုကို ကျောရိုးအဖြစ် ကျွန်တော်တို့ ဖန်တီးခဲ့ပါတယ်။ ဖောက်သည်တွေကို ထိရောက်တဲ့ လောဂျစ္စတစ်ဖြင့် ချိတ်ဆက်ပေးထားတယ်" လို့ သူက ပြောကြားပါတယ်။

 

ခရီးလမ်းကြောင်းများ

services.png

Read times
Rate this item
(1 Vote)