Transportation

JP Rakuten Logistics အထပ်မြင့် တိုက်ခန်းများသို့ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှု စမ်းသပ်အောင်မြင်

JP Rakuten Logistics အထပ်မြင့် တိုက်ခန်းများသို့ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှု စမ်းသပ်အောင်မြင်

JP Rakuten Logistics Inc သည် Rakuten Group Inc နှင့် Japan Post Co Ltd တို့ ထူထောင်ထားသည့်ဖက်စပ် လုပ်ငန်းဖြစ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့တွင် မြို့ပြဧရိယာများတွင် ဒရုံးအခြေပြု ပို့ဆောင်ရေး အကောင်အထည်ဖော်ရန် ရည်ရွယ်ချက် ထားရှိသည့် ဒရုံးပို့ဆောင်ရေး ကော်မတီ၏ နည်းပညာလေ့လာရေးအုပ်စုတွင် ပူးပေါင်းပါဝင်လုပ်ကိုင်ခဲ့သည်။

အစပျိုး စမ်းသပ်မှုအဖြစ် မှာယူသည့် ပစ္စည်းများကို ဒရုံးများအသုံးပြုပြီး ပေးပိုခြင်းကို JP Rakuten Logistics က ဆောင်ရွက်ခဲ့သည်။
အထပ်မြင့်အဆောက်အဦများမှ မီတာ ၁၀၀ အထက် မြင့်သော တိုက်ခန်းများသို့ ပစ္စည်းများ ပေးပို့ခဲ့သည်။ ၂၀၂၁ ဒီဇင်ဘာလ ၁ ရက်မှ ၁၆ ရက်အထိ လုပ်ကိုင်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ဒရုံးဖြင့် အထပ်မြင့် တိုက်ခန်းများသို့ မျာကြားသည့်ပစ္စည်းများ အောင်မြင်စွာဖြင့် အရောက်ပို့ပေးသည်မှာ ယခု စမ်းသပ်မှုူသည် ပထမဆုံး ဖြစ်သည်။

စမ်းသပ်မှုတွင် အသုံးပြုသော ဒရုံးများသည် ကုန်အလေးချိန် အများဆုံး ၇ ကီလိုဂရမ်အထိ သယ်ပို့ပေးနိုင်သည်။ မှာကြားသည့် တိုက်ခန်း အဆောက်အဦ ခေါင်မိုးပေါ်ရှိ ရဟတ်ယာဉ်ကွင်းပေါ်သို့ ပို့ပေးခြင်း ဖြစ်သည်။ ခရီးအကွာအဝေးမှာ အသွားအပြန် ၂၄ ကီလိုမီတာဝန်းကျင် ရှိသည်။ တိုကျိုပင်လယ်အော် အပေါ်မှာ ဖြတ်သန်းပြီး ပေးပို့ခြင်း ဖြစ်သည်။

download_1.jpg

Source: Rakuten

Read times
Rate this item
(0 votes)