Transportation

ဒလ-ရန်ကုန် ကားကူးဇက်မှ ခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိ

ဒလ-ရန်ကုန် ကားကူးဇက်မှ ခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပိုဆောင်ရေး ဒလ-ရန်ကုန် ကားကူးဇက်မှ ဒလမြိုနှင့် ရန်ကုန်မြိုသို ကားဖြင့်သွားလာကြသူ ပြည်သူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ကာ ကားကူးဇက်ပြေးဆွဲခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဒလ-ရန်ကုန် ကားကူးဇက်ဖြင့် ဒလ-ရန်ကုန်သို ခရီးစဉ်ပြေးဆွဲမှုအနေဖြင့်
ဒလဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီ ၄၅ မိနစ် (နောက်ဆုံးခေါက်)၊
ရန်ကုန်ဆိပ်ကမ်းမှ နံနက် ၇ နာရီမှ ညနေ ၆ နာရီ ၄၅ မိနစ် (နောက်ဆုံးခေါက်)ထိ ရောက်ထွက်စနစ်ဖြစ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ကားကူးဇက်ဖြင့် ဒလ-ရန်ကုန်သို သွားလာကြမည့် ကားများ အချိန်နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရန်အတွက် အကူရေယာဉ်တစ်စီးဖြင့်လည်း အစားထိုးပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ဒလ-ရန်ကုန် ကားကူးဇက် ပြေးဆွဲပေးနေမှုများနှင့်ပတ်သတ်၍ သိရှိလိုသည်များရှိပါက
ဖုန်း ၀၉-၄၂၂၄၅၅၆၀၀
၀၉-၂၅၀၀၆၇၇၇၅
တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်

Read times
Rate this item
(0 votes)