Transportation

တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထား ၂၀၂၆ တွင် စတင်ပြေးဆွဲရန် မျှော်မှန်း

တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထား ၂၀၂၆ တွင် စတင်ပြေးဆွဲရန် မျှော်မှန်း

ထိုင်းနိုင်ငံရဲ့ တရုတ်နုိင်ငံနှင့် ချိတ်ဆက်မယ့် မြန်နှုန်းမြင့် ရထားလမ်းပိုင်း ၈၇၃ ကီလိုမီတာကို ၂၀၂၆ ခုနှစ်မှာ စတင်ပြေးဆွဲနိုင်ဖို့ မျှော်မှန်းထားကြောင်း၊ ယခင် အစီအစဉ် လျာထားချိန်ထက် ၃ နှစ် နောက်ကျကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

ပထမအဆင့်မှာ ဘန်ကောက်မှ နာခွန် ရက်ချာစီမာ Nakhon Ratchasima အထိ ကီလိုမီတာ ၂၀၀ ခရီးကို ဖောက်လုပ်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ Nakhon Ratchasima မှ လာအို နယ်ခြားအနီး Nong Khai အထိ ကီလိုမီတာ ၃၃၀ ကို ဖောက်လုပ်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာဆန်းစစ်နေပါတယ်။
ထိုင်းနှင့် တရုတ် နိုင်ငံပိုင်လုပ်ငန်းများ ရထားလမ်းစီမံကိန်းအတွက် ဘတ် ၅.၂ ဘီလျံတန် သဘောတူစာချုပ်ကို ၂၀၁၇ မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီဇိုင်း၊ ဘဏ္ဍာရေး၊ နည်းပညာ အထောက်အကူ ကိစ္စရပ်များမှာ သဘောတူညီမှု မရသဖြင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။

၂၀၂၁ ဒီဇင်ဘာလဆန်းမှာ လာအို-တရုတ် ကုန်တင်ရထား စတင်ပြေးဆွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ပို့ကုန်များ လာအို တစ်ဆင့်ခံဖြင့် တရုတ်သို့ ပေးပို့ကြပါတယ်။ထိုင်း-လာအို နယ်ခြားကုန်သွယ်မှု ပမာဏ ၂၀၂၀ ဒီဇင်ဘာမှာ ဘတ် ၄.၆၄ ဘီလျံ ရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာမှာ ဘတ် ၆.၉ ဘီလျံအထိ မြင့်တက်ခဲ့ပါတယ်။


Source: Reuters

Read times
Rate this item
(0 votes)