Transportation

မောင်းသူမဲ့ ကွန်တိန်နာရထားတွဲ

မောင်းသူမဲ့ ကွန်တိန်နာရထားတွဲ

ဘက်ထရီဖြင့် ပင်ကိုထိန်းကျောင်း မောင်းနှင်တဲ့ ရထားတွဲများဖြင့် ကုန်စည် ပို့ဆောင်ရေးကို ယခင်က SpaceX မှာ လုပ်ကိုင်ခဲ့တဲ့ အင်ဂျင်နီယာ ၃ ဦးက Parallel Systems အမည်ဖြင့် ကုမ္ပဏီ ထူထောင်ပြီး ကြိုးပမ်းအားထုတ်လျက် ရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှုများကို ပထမအသုတ် ခေါ်ယူခဲ့ရာ အမေရိကန်ဒေါ်လာ ၄၉.၅၅ သန်း ရရှိခဲ့ပါတယ်

Screenshot_2022-01-30_092747.png

 

အသုံးပြုမယ့် ပို့ဆောင်ရေးစနစ်က ရထားလမ်းကို အသုံးပြုပါတယ်။ ရေကြောင်းသုံး ကွန်တိန်နာ တစ်လုံးကို ရထားတွဲ တစ်တွဲအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။ ကွန်တိန်နာတစ်လုံးချင်းစီ သယ်ယူပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
လျှပ်စစ်ရထားယာဉ်နှစ်ခုကို အသုံးပြုထားပြီး ကွန်တိန်နာ ရှေ့ပိုင်းနှင့် နောက်ပိုင်းမှာ ယာဉ်တစ်ခုစီ နေရာယူပါတယ်။ ယာဉ်တစ်ခုစီမှာ ဘက်ထရီမှ စွမ်းအင်ဖြင့် ဘီးများ လည်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘီးတေွကို လည်စေဖို့ဘက်ထရီမှ ရတဲ့ ဓာတ်အားဖြင့် အလုပ်လုပ်မယ့် အမြဲတမ်းသံလိုက်သုံး ချိန်ကိုက်မော်တာ permanent magnet synchronous motor (PMSM) တပ်ဆင်ပေးထားပါတယ်။
ဘက်ထရီကို တစ်နာရီအတွင်း အားအပြည့် ပြန်သွင်းပေးနိုင်ပါတယ်။ အားအပြည့်သွင်းပြီးရင် ကီလိုမီတာ ၈၀၀ အထိ ကွန်တိန်နာကို ပို့ဆောင်ပေးနိုင်ပါတယ်။ ဝန်အလေးချိန် ၅၈,၀၀၀ ကီလိုအထိ သယ်နိုင်ပါတယ်။

 Parallel Systems  အလုပ်လုပ်ပုံကို တင်ပြထားတဲ့ ဗီဒီယို ကားတို နှစ်ခုကို တင်ပြအပ်ပါတယ်။ 

 

 

Read times
Rate this item
(0 votes)