Transportation

AirAsia ဂျက်လေယာဉ်ပေါ် မြွေပါလာသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရ

AirAsia ဂျက်လေယာဉ်ပေါ် မြွေပါလာသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရ

AirAsia လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ပေါ်တွင် မြွေတစ်ကောင် ပါလာတာကို တွေ့ရှိရသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

မလေးရှား ဈေးသက်သာ လေကြောင်းလိုင်း AirAsia ရဲ့ ပြည်တွင်းခရီးစဉ်တစ်ခုမှာ မျက်နှာကြက် အလင်းကွက်ထဲမှာ မြွေတစ်ကောင် သွားနေတာကို ပျံသန်းနေစဉ် တွေ့ရှိခဲ့ပါတယ်။


ခရီးသည် တစ်ဦးက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးပြီး TikTok ဆိုရှယ်မီဒီယာမှာ တင်ပြခဲ့ပါတယ်။

အင်မတန် ဖြစ်ခဲပါတယ်လို့ AirAsia လေကြောင်းလိုင်းက ဆိုပါတယ်။
အဆိုပါ လေယာဉ်ခရီးစဉ်က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှ ထွက်ခွာလာပြီး တာဝဥ မြို့သို့ ပျံသန်းနေစဉ် လမ်းခရီးမှာ ကြုံတွေ့ရတာ ဖြစ်ပါတယ်။ တာဝဥက ဘောနီယိုကျွန်း အရှေ့ဖက်ကမ်းခြေမှာ တည်ရှိပါတယ်။

လေယာဉ်‌ပေါ် မြွေအရှင်တစ်ကောင် ပါလာကြောင်း လေယာဉ်မှူး သိရှိပြီးတဲ့အခါ ကူချင်း လေဆိပ်သို့ ဆင်းသက်ခဲ့ပါတယ်။ ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်ရတာကြောင့် အရေးပေါ် ဆင်းသက်ဖုိ့ လေယာဉ်မှူးက ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ကူချင်းက တာဝဥရဲ့ အနောက်ဘက် မိုင် ၅၆၀ ( ကီလိုမီတာ ၉၀၀) ဝန်းကျင် ဝေးကွာပါတယ်။

လေယာဉ်ပေါ်မှ မြွေကို သုတ်သင်ရှင်းလင်းဖို့ လေယာဉ်ကို ကူချင်း‌လေဆိပ်မှာ ရပ်နားထားလိုက်ပါတယ်။ ခရီးသည်များကို အခြားလေယာဉ်တစ်စီးပေါ်သို့ ပြောင်းတင်ပေးပြီး တာဝါဥသို့ ပို့ဆောင်ပေးလိုက်ပါတယ်။

 

 

 

Read times
Rate this item
(0 votes)