Transportation

ကီလို ၅၀၀ သယ်နိုင်တဲ့ ကုန်တင်ဒရုံး စမ်းသပ်ပျံသန်းမှု အောင်မြင်

ကီလို ၅၀၀ သယ်နိုင်တဲ့ ကုန်တင်ဒရုံး စမ်းသပ်ပျံသန်းမှု အောင်မြင်

 

တရုတ်ပြည်တွင်းမှာ ကုန်တင်ဒရုံး TP500  ကို တည်ဆောက်ခဲ့ပြီး မောင်းသူမဲ့ ကုန်တင်လေယာဉ်ငယ်အဖြစ် ဒီဇိုင်း ထုတ်ထားပါတယ်။ 

၂၀၂၂ ဇွန်လ ၁၈ ရက်မှာ စမ်းသပ်ပျံသန်းမှုအဖြစ် ပထမဆုံးခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပါတယ်။ 

 

 

Annotation_2022-07-03_180909.jpg

တရုတ်ပြည်တွင်းဖြစ် ကုန်တင်ဒရုံး  TP500  က တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ဂျင်မန်းမြို့မှာ စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။ ၂၇ မိနစ်ကြာမြင့်တဲ့ ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းရောက်ရှိခဲ့ပါတယ်။ 

 

TP500  ကို First Aircraft Institute of the Aviation Industry Corporation of China (AVIC) မှ ဖွံ့ဖြိုးထုတ်လုပ်ပါတယ်။ တရုတ်နိုင်ငံ မြို့ပြလေကြောင်း စည်းမျဉ်း Chinese Civil Aviation Regulation (CCAR) များမှ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားပါတယ်။ 

ကုန်တင်ဒရုံးက ကုန်စည် ၅၀၀ ကီလိုဂရမ် တင်ဆောင်နိုင်ပါတယ်။ ခရီးတာ ၅၀၀ ကီလိုမီတာ အထိ ပျံသန်းရောက်ရှိနိုင်ပါတယ်။ 

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

 

MLG

Read times
Rate this item
(0 votes)