Yangon -Noi Bai ခရီးစဉ် MAI စတင်ပျံသန်း
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် ရန်ကုန်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းအခြေစိုက် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးစဉ်ကို စက်တင်ဘာ ၁၉ ရက်က စတင်ပျံသန်းပြေးဆွဲခဲ့သည်။
မြန်မာလေကြောင်းလိုင်းသည် ဗီယက်နမ်ခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ်ပျံသန်းမည်ဖြစ်ရာ တနင်္လာနေ့နှင့် သောကြာနေ့များတွင် အသွားအပြန် ခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်မှစတင်၍ MAI သည် Airbus A320 ဖြင့် ကြာသပတေးနေ့တိုင်း ရန်ကုန်-ဟိုချီမင်းစီးတီး လမ်းကြောင်းကို အသွားအပြန် ခရီးစဉ် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U