Transportation

အာရှတွင်း ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ခနှုန်းထားများ လျှောကျ

အာရှတွင်း ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ခနှုန်းထားများ လျှောကျ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

အာရှတွင်း ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုနှုန်းများ လျှောကျနေသော်လည်း ခရီးရှည်ခရီးစဉ်များထက် သာလွန်နေကြောင်း ထိုင်ဝမ်မှ forwarder လုပ်ငန်း Dimerco ၏ စက်တင်ဘာလ အာရှပစိဖိတ် ကုန်စည်ပို့ဆောင်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

.

ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးဝယ်လိုအားသည်  အားနည်းနေကြောင်း၊ အခြေအနေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖွယ် မရှိကြောင်း ၎င်းအစီရင်ခံစာတွင် ပြောကြားထားပါသည်။

.

သမုဒ္ဒရာခရီးစဉ်များအတွက် ကုန်စည်ပို့ဆောင်လိုသည့် ပမာဏ အားနည်းနေသဖြင့် တန်ဆာခများ ကျဆင်းနေကြောင်း၊ အာရှတွင်း ခရီးစဉ်များ ဖြစ်သည့် အရှေ့တောင် အာရှနှင့် အရှေ့မြောက် ခရီးစဉ်နှုန်းထားများလည်း လျှောကျနေကြောင်း၊ သို့သော် တရုတ်နိုင်ငံ အဝင်အထွက် ခရီးစဉ်များထက် တည်ငြိမ်မှု ပိုရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့်အပတ်တွင် အရှေ့တောင်အာရှကုန်စည်ပို့ဆောင်ရေးအညွှန်းကိန်းမှာ ၂.၅% ကျဆင်းခဲ့ပြီး Shanghai Containerized Freight Index သည် ၁၀.၄% ကျဆင်းခဲ့သည်။

.

ဒေသတွင်း ဘက်စုံစီးပွားရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် Regional Comprehensive Economic Partnership  (RECP) နှင့် China plus-one အစီအစဉ်တို့ကြောင့် အာရှဒေသတွင်း ကုန်သွယ်မှုများသည်  သမုဒ္ဒရာလမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက အလွန်တည်ငြိမ်နေပါသည်ဟု Dimerco က ပြောကြားသည်။

RECP နိုင်ငံများအကြား ကုန်သွယ်မှု တိုးလာနေသည့်အတွက် ကုန်စည်ပို့ဆောင်မှုများ တိုးလာနေကြောင်း Dimerco က ပြောကြားသည်။

.

Maersk ၏ နောက်ဆုံးထုတ် အာရှပစိဖိတ်အစီရင်ခံစာအရ အာရှတိုက်တွင်းနှင့် အာဖရိကတိုက်အတွင်း ကွန်တိန်နာပမာဏသည် မေလမှ ဇူလိုင်လအတွင်း တိုးမြင့်လာသည်ကို မြင်တွေ့ရသည်။  ကုန်သွယ်မှုများသည်  ၃.၇% တိုးလာသည်။ အမေရိကန်နှင့် ဥရောပတို့တွင် သိသိသာသာ လျော့ကျသွားသည်။

Source loadstar

#MyanmarLogisticsGuide

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

Read times
Rate this item
(0 votes)