ရုရှားရေနံစိမ်း ဈေးနှုန်းပြဋ္ဌာန်း ကန့်သတ်ချက်ကြောင့် ရုရှားသို့ ရေနံသင်္ဘောများ ဦးတည်ခုတ်မောင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရေနံတင်သင်္ဘောနှစ်စီးက ရုရှားရေနံစိမ်း တင်ရန် ရုရှားသို့ ဦးတည်ခုတ်မောင်းနေပါတယ်။ အနောက်နိုင်ငံများက ရုရှားရေနံစိမ်း အများဆုံး ဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းလိုက်ပြီးပြီ ဖြစ်ပြီး စတင်သက်ရောက်မည့်ရက် မတိုင်ခင်မှာ ရုရှားရေနံစိမ်း တင်ဆောင်ဖို့ ရုရှားသို့ ဦးတည်ခုတ်မောင်းနေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂ ရက်မှာ အီးယူက ရုရှားနိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် တင်ပို့တဲ့ ရေနံစိမ်းများရဲ့ အများဆုံးဈေးနှုန်းကို တစ်စည်လျှင် $60 သတ်မှတ်ခဲ့ပါတယ်။ ရုရှားအစိုးရရဲ့ ရေနံဝင်ငွေကို ကန့်သတ်ဖို့အတွက် ပေါက်ဈေးထက် လျော့နည်းတဲ့ ဈေးနှုန်းကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အဆင့်မြင့် Kremlin အရာရှိများက စျေးနှုန်းကန့်သတ်ချက်ကို အကောင်အထည်ဖော်တဲ့ နိုင်ငံများသို့ ရေနံများ ရောင်းချပေးမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံရှိ ရုရှားသံရုံးက လွတ်လပ်ဈေးကွက် free market ရဲ့ မူများကို ပုံပြန်သွင်းခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ယခုလို အရေးယူဆောင်ရွက်ပေမဲ့ ရုရှားရေနံ ဝယ်လိုအား ဆက်ရှိနေမှာဖြစ်ကြောင်း ခွန်းတုံ့ပြန်ခဲ့ပါတယ်။
ယခု ဈေးနှုန်း ကန့်သတ်ချက်မှာ ဥရောပပြင်ပ နိုင်ငံများအနေဖြင့် သတ်မှတ်ဈေးနှုန်းထက် သက်သာတဲ့ ဈေးနှုန်းဖြင့် ရောင်းချသော ရုရှားရေနံစိမ်းများကို ရေကြောင်းဖြင့် တင်သွင်းဖို့ ခွင့်ပြုထားပါတယ်။
VesselsValue က ရုရှားရေနံစိမ်းများ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်တဲ့ သင်္ဘောများကို မျက်ခြည်မပြတ် စောင့်ကြည့်မှတ်တမ်းတင်ပါတယ်။ ယခုအခါ ဥရောပသို့ တင်ပို့မှုများ အကြီးအကျယ် လျော့ကျသွားပြီး အခြားဈေးကွက်များသို့ တင်ပို့မှု မြင့်တက်လာနေကြောင်း VesselsValue က ပြောကြားပါတယ်။
ရုရှားက ရေနံစိမ်းကို အိန္ဒိယနှင့် တရုတ်နိုင်ငံများထံ ရေကြောင်းဖြင့် တင်ပို့လျက် ရှိပါတယ်။
MarineTraffic က ကုန်မပါတဲ့ အလွတ် ရေနံတင်သင်္ဘော နှစ်စီး ရုရှားသို့ ဦးတည်ခုတ်မောင်းတာကို တင်ပြခဲ့ပါတယ်။
ရေနံတင်သင်္ဘောတစ်စီးမှာ Minerva Marina ဖြစ်ပြီး မော်လ်တာအလံ မှတ်ပုံတင်ထားပါတယ်။
နောက်ထပ် ရေနံတင်သင်္ဘောတစ်စီးမှာMoskovsky Prospect ဖြစ်ပြီး လိုင်ဘေးရီးယားအလံ မှတ်ပုံတင်ထားပါတယ်။ အိန္ဒိယနိုင်ငံ ဘုံဘေဆိပ်ကမ်းမှ ထွက်ခွာလာခဲ့တဲ့သင်္ဘော ဖြစ်ပါတယ်။
ပင်လယ်နက်ထဲမှာလည်း ရုရှားမှ ရေနံစိမ်းနှင့် ဓာတုအရည် တင်ဆောင်တဲ့ သင်္ဘောများ ရှိနေပါတယ်။ သွားရောက်မယ့် နေရာများတွင် အိန္ဒိယ၊ ယူအေအီးနှင့် တရုတ်တို့ ပါဝင်ကြောင်း MarineTraffic ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
သတ်မှတ်ဈေးနှုန်းထက် ပိုမျာတဲ့ ဈေးနှုန်းဖြင့် အရောင်းအဝယ်လုပ်ထာတဲ့ ရုရှားရေနံစိမ်းများကို တင်ဆောင်တဲ့ သင်္ဘောများကို အာမခံဝန်ဆောင်မှု မပေးဖို့ တားမြစ်ထားပါတယ်။
ပင်လယ်နက် ဝင်ထွက်ပေါက်မှာ တည်ရှိတဲ့ တူရကီနိုင်ငံက ရေနံတင်သင်္ဘောများကို အာမခံ ဝန်ဆောင်မှု ရှိကြောင်း အထောက်အထား စစ်ဆေးလျက် ရှိတာကြောင့် ခရီးဆက်ဖို့ ကြန့်ကြာနေကြပါတယ်။
ရုရှားမှ ဥရောပသို့ ဒီဇယ်တင်ပို့မှု အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ရုရှားဒီဇယ်တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်မှာ ဖြစ်ပါတယ်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U