Transportation

Boeing အမှာစာများ ရရှိနေသော်လည်း Airbus ကို ၄ နှစ်ဆက်တိုက် မမီ

Boeing  အမှာစာများ ရရှိနေသော်လည်း Airbus ကို ၄ နှစ်ဆက်တိုက် မမီ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Boeing  အမှာစာများ ရရှိနေသော်လည်း Airbus ကို မမီသည်မှာ ၄ နှစ်ဆက်တိုက် ရှိပြီ ဖြစ်သည်။

မမီရသည့် အဓိက အကြောင်းတစ်ချက်မှာ တရုတ်နိုင်ငံမှ အမှာစာများ Boeing မရရှိဘဲ Airbus ကချည်း ရရှိနေသောကြောင့် ဖြစ်သည်။

 

Boeing Co သည် ၂၀၂၂  ခုနှစ်တွင် လေယာဉ်အမှာစာများ ပိုမိုများပြားစွာ လက်ခံရရှိခဲ့သည်။ တည်ဆောက်ပြီးစီးသည့် လေယာဉ်များလည်း စီးရေ ပိုများများကို ဝယ်လက်များထဲ လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အမေရိကန်အခြေစိုက် Boeing သည် ဥရောပမှ Airbus ကို လိုက်မမီသေးချေ။ 

 

GK-Genera.jpg

တရုတ်ဈေးကွက်တွင် နှိုင်းယှဉ်ကြည့်ပါက Airbus က Boeing ထက် စီးရေ ၁၀ ဆကျော် သာနေသည်။ Airbus က Boeing ထက် သာနေခဲ့သည်မှာ ၄ နှစ်ဆက်တိုက် ရှိပြီ ဖြစ်သည်။ 

 

၂၀၂၂ တွင် Boeing သည် လေယာဉ်အစင်းရေ ၄၈၀ ကို ဝယ်လက်များထံ ပေးပို့ခဲ့သည်။ အမှာစာအသစ် ၇၇၄ စီး ရရှိခဲ့သည်။ 

၂၀၂၂ တွင် Airbus သည် ဝယ်လက်များထံသို့ လေယာဉ် ၆၆၁ စီး ပေးပို့ခဲ့သည်။ အမှာစာ အသစ် ၁,၀၇၈ စီး ရရှိခဲ့ပြီး အမှာစာအချို့ကို ရုပ်သိမ်းခွင့် ပေးခဲ့ရာ ဆန်ကာတင် ၈၂၀ စီး ကျန်သည်။

 

၂၀၂၂ တွင် တရုတ်ဈေးကွက်ကို ကြည့်လျှင် Boeing က လေယာဉ် ၈ စီးကို ဝယ်လက်များထံ ပေးပို့ခဲ့သည်။ Airbus က စီးရေ ၁၀၀ ကျော် ပေးပို့ခဲ့သည်။

တရုတ်နိုင်ငံမှ နိုင်ငံပိုင် လေကြောင်းလိုင်း 'ကြီး၃ကြီး' ဖြစ်သော Air China, China Eastern Airlines, China Southern Airlines တို့က ၂၀၂၂ ဇူလိုင်လတွင် Airbus  300 ၂၉၂ စီး ဝယ်ယူရန် သဘောတူခဲ့ကြသည်။

Boeing က စက်တင်ဘာလတွင် Boeing 737 MAX အစီး ၁၀၀ ကျော်ကို တရုတ်လေကြောင်းလိုင်းများထံ ပြန်လည်ကြိုးပမ်းမည်ဟု ကြေညာခဲ့သည်။

အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာသဖြင့် အမေရိကန်ကုမ္ပဏီ Boeing ထံမှ လေယာဉ်များကို နိုင်ငံပိုင် လေကြောင်းလိုင်းများက လက်ရှောင်ထားကြသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)