Transportation

မြန်မာနှင့် တရုတ် သင်္ဘောသားများပါသည့် သင်္ဘောနစ်မြှုပ်မှု ၈ ဦးသေဆုံးကြောင်း အတည်ပြု

မြန်မာနှင့် တရုတ် သင်္ဘောသားများပါသည့် သင်္ဘောနစ်မြှုပ်မှု  ၈ ဦးသေဆုံးကြောင်း အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံ နာဂါဆာကီစီရင်စုအနီး အရှေ့တရုတ်ပင်လယ်တွင် ဗုဒ္ဓဟူးနေ့က သင်္ဘောနစ်မြုပ်ပြီးနောက် အနည်းဆုံး သင်္ဘောသား ရှစ်ဦး သေဆုံးခဲ့ကြောင်း ကျိုဒိုသတင်းဌာနက သတင်းဖော်ပြသည်။

သင်္ဘောသား ၂၂ ဦးကို တင်ဆောင်လာသည့်  ဟောင်ကောင်မှတ်ပုံတင်ထားသော ၆,၅၅၁ တန်ရှိ Jintian သင်္ဘောဟည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့သည်။

သင်္ဘောသားနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိကြောင်း ယမန်နေ့က တာဝန်ကျအရာရှိက ပြောသည်။

 

photo_2023-01-26_21-21-57.jpg

ကယ်တင်နိုင်ခဲ့သည့် ၁၃ ဦးအနက် ခြောက်ဦး သေဆုံးခဲ့ကြောင်း မကြာသေးမီက အတည်ပြုခဲ့သည်။ သို့ဖြစ်ရာ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီးဘဂျပန်နိုင်ငံအနောက်ပိုင်း Fukuoka မြို့ရှိ ကောင်စစ်ဝန်ချုပ် Lyu Guijun က သေဆုံးသူ ရှစ်ဦးအနက် ခြောက်ဦးသည် တရုတ်နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံ CGTN သို့ ပြောကြားခဲ့သည်။

သက်ဆိုင်ရာ နိုင်ငံများနှင့် ဆက်သွယ်အသိပေးထားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။


ယခင်ကနဦး ဖော်ပြချက်

မြန်မာနှင့် တရုတ် သင်္ဘောသား ၂၂ ဦးပါ သစ်လုံးတင်သင်္ဘော Jin Tian ဂျပန်တွင် နစ်မြှုပ်

https://www.logisticsguide.com.mm/en/knowledge/tips/226938-jin-tian.html


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)