Transportation

Xiamen Airlines ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

Xiamen Airlines  ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို (၂၀၂၃) ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲပါသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဒေသစံတော်ချိန် ညနေ (၅) နာရီ (၃၀) မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် (၁၅၂) ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် - MF8669/70 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင် Key Chain များ ပေးအပ်ခဲ့သည်။

342719989_1308264983098090_8667219036061290484_n.jpg

 

343561682_541663834830385_4246977152630557787_n.jpg

 

 

Xiamen Airlines မှ ရန်ကုန်မြို့ နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့တိုင်း (တစ်ပတ်လျှင် ၃ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.xiamenair.com/en-ww/   တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

Source  yangonairport

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)