အကောက်ခွန်ဖျက်ဆီးခံရသည့် လေယာဉ်ငယ်အတွက် Cathay Pacific က လက်ဆောင်ပေး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဧပြီလ အစောပိုင်းက Rachell Anne Ramos သည် ဟောင်ကောင်တွင် ၄ နှစ်ကြာ အလုပ်လုပ်ပြီးနောက် ဟောင်ကောင်မှ ဖိလစ်ပိုင်သို့ အိမ်ပြန်သောအခါ အရုပ်လေယာဉ်တစ်စင်းကို အိမ်သို့ ယူဆောင်လာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Ninoy Aquino International Airport သို့ ဆိုက်ရောက်ပြီးသောအခါ Laoag သို့ ခရီးဆက်ရန် Terminal 1 တွင် ပြည်တွင်းခရီးစဉ် လေယာဉ်စီးရန် လုံခြုံရေး အစစ်ဆေး ခံသည်။
X-ray စက်ဖြင့် စစ်ဆေးခဲ့ရာ အရုပ်လေယာဉ်ကို အထဲမှာ မူးယစ်ဆေးဝါး ဝှက်ထည့်ထားသည်ဟု သင်္ကာမကင်း ဖြစ်သည်။
သူမက စီးမည့် လေယာဉ်လွတ်သွားမည် စိုးသဖြင့် အကောက်ခွန်အရာရှိကို အရုပ်လေယာဉ်ထဲ ဘာမှ မပါသည်ကို မယုံပါက ချိုးဖဲ့ပြီး ကြည့်ရန် သူမက ပြောကြားခဲ့ရသည်။
အကောက်ခွန်က အရုပ်လေယာဉ်ကို ချိုးဖဲ့ပြီး စစ်ဆေးသဖြင့် အရုပ်လေယာဉ်ပျက်စီးသွားသည်။
အရုပ်လေယာဉ်ထဲ ဘာမှ ထည့်မထား။ အရုပ်လေယာဉ်ကတော့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
.
ထိုဖြစ်ရပ်ကို Ramos က Facebook တွင် တင်ပြခဲ့ရာ ချက်ချင်းပျံ့နှံ့သွားသည်။
ထိုသို့ ပျံ့နှံ့သွားပြီးသည့်နောက်မှာ အကောက်ခွန်က ရာမို့စ်ကို တောင်းပန်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သို့သော် အရုပ်လေယာဉ် အစားပြန်လျော်ပေးမည့်အကြောင်း စကားမဟချေ။
.
အရုပ်လေယာဉ်မှာ ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်း လေယာဉ် ပုံစံငယ် ဖြစ်သဖြင့် Cathay Pacific က Airbus A350-900 စကေးကိုက် ပုံစံငယ် အရုပ်လေယာဉ်တစ်စီးကို Ramos ထံ လက်ဆောင်ပို့ပေးခဲ့သည်။
.
Rachell Anne Ramos သည် ဧပြီလ ၂၅ ရက်နေ့တွင် Cathay Pacific မှ လက်ဆောင်ပေးသော စကေးကိုက် လေယာဉ်ငယ် ဓာတ်ပုံကို Facebook တွင် တင်ပြခဲ့သည်။
"Cathay Pacific လေယာဉ်သည် သင့်အတွက် မည်မျှအရေးကြီးသည်ကို ကျွန်ုပ်တို့ သိပါသည်။ ဤလက်ဆောင်ပစ္စည်းက အပြုံးများနှင့် ဝမ်းမြောက်ခြင်းများ ပြန်ရေအာင် ဆောင်ယူပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်" ဟု ဖော်ပြထားပြီး "Donald" လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်လည်း ပါသည်။
ဖိလစ်ပိုင်နိုင်ငံရှိ Cathay Pacific ၏ နိုင်ငံမန်နေဂျာမှာ Donald Morris ဖြစ်ပါသည်။
.
အကောက်ခွန်ဗျူရို Bureau of Customs (BOC) မှ လက်ထောက်ကော်မရှင်နာနှင့် ပြောရေးဆိုခွင့်ရှိသူ Vincent Maronilla သည် ယင်းလုပ်ရပ်အတွက် တောင်းပန်ခဲ့သည်။
အရုပ်များ၊ စပီကာများအတွင်း မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ဖူးသည့် ယခင်က ဖြစ်ရပ်များ ရှိခဲ့သဖြင့် ဖိလစ်ပိုင်မူးယစ်ဆေးဝါး နှိမ်နင်းရေးအေဂျင်စီ Philippine Drug Enforcement Agency (PDEA) မှ တာဝန်ရှိသူများက သင်္ကာမကင်း ဖြစ်မိကြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့ပါသည်။
Source philstar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U