Transportation

အိန္ဒိယ-မြန်မာ ကုလားတန် ရေလမ်းကြောင်းကို မေလတွင် စတင်သော်လည်း ကုန်လမ်းကြောင်း ကြန့်ကြာဦးမည်

အိန္ဒိယ-မြန်မာ ကုလားတန် ရေလမ်းကြောင်းကို မေလတွင် စတင်သော်လည်း ကုန်လမ်းကြောင်း ကြန့်ကြာဦးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အတည်ပြုပြီး ဆယ့်ငါးနှစ်အကြာတွင် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း Kaladan Multimodal Transit Transport (KMTTP) ၏ ရေလမ်း အစိတ်အပိုင်းကို ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုသည်။ 

ရေကြောင်းကုန်စည်များကို ကိုလ်ကတ္တား-စစ်‌ေတွ ခရီးစဉ်ဖြင့် ပို့ဆောင်သည်။

စစ်တွေမြို့ရှိ ရေနက်ဆိပ်ကမ်းသည် ရူပီး ကုဋေ ၃,၂၀၀ (ကန်ဒေါ်လာ ၄၈၄ သန်း)တန် စီမံကိန်း KMTTP ၏ အပိုင်းကဏ္ဍတစ်ခု ဖြစ်သည်။

.

ပြည်ပရေးရာ ဝန်ကြီးဌာနက၂၀၀၈ ခုနှစ်တွင်  အတည်ပြုခဲ့သော အဆိုပါ စီမံကိန်းသည် အိန္ဒိယနှင့် မြန်မာကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရန်နှင့် အခြားသော တောင်အာရှနိုင်ငံများသို့ ကုန်စည်ပို့ဆောင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်သည်။

.

 အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ်အရှေ့မြောက်ပိုင်းပြည်နယ်များကို ကျန်အိန္ဒိယနိုင်ငံနှင့်  မဟာဗျူဟာမြောက် ချိတ်ဆက်ပေးမည့် စီမံကိန်းလည်း ဖြစ်သည်။

 .

အိန္ဒိယနိုင်ငံ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ Inland Waterways Authority of India (IWAI) က စစ်တွေဆိပ်ကမ်းကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြင်းထန်သော ပဋိပက္ခများ၊ ခွင့်ပြုချက်နှင့် လိုင်စင်ရရှိရေး နှောင့်နှေးခြင်းတို့အပါအဝင် အဟန့်အတား များစွာကြောင့် လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိခဲ့‌ေချ။

.

"ဆိပ်ကမ်းကို စတင်လည်ပတ်ဖို့ ယခုနှစ် ဇန်နဝါရီလမှာ  မြန်မာနိုင်ငံမှ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ ခွင့်ပြုချက်တွေ အကုန်လုံး ရထားပြီးပါပြီ။ ကျွန်တော်တို့ ရေကြောင်းကုန်စည် ပို့ဆောင်ပါမယ်။ ဘိလပ်မြေကို ကိုလ်ကတ္တားမှ စစ်တွေသို့ ပို့ဆောင်ပါမယ်။ မေလ ဒုတိယပတ်မှာပါ" ဟု IWAI မှ တာဝန်ရှိသူက ပြောကြားသည်။

 

ယခင်လက စစ်တွေမှ ဘင်္ဂလားဒေ့ရှ်သို့  ရေကြောင်းဖြင့် ဆန်များ တစ်ကြိမ် တင်ပို့ခဲ့သည်။  "အစမ်းပြေးဆွဲကြည့်တာပါ" ဟု IWAI မှ တာဝန်ရှိသူက ပြောကြားသည်။

.

ရေနက်ဆိပ်ကမ်းကို ဘိလပ်မြေ၊ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများကို ဝမ်းပုံ တင်သည့် bulk သင်္ဘောများ အများဆုံး အသုံးပြုမည်ဖြစ်သည်။

.

KMTTP သည် ပလက်ဝကိုလည်း ကုလားတန်မြစ် ရေလမ်းကြောင်းဖြင့် ချိတ်ဆက်ပေးသည်။ ပလက်ဝတွင်လည်း ဆိပ်ခံကို IWAI က တည်ဆောက်မှု ပြီးစီးပြီ ဖြစ်သည်။

.

ပလက်ဝမြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့သို့ ဆက်သွယ်ရန် ကီလိုမီတာ ၁၁၀ ကွာဝေးသော ကားလမ်းကို တည်ဆောက်လျက်ရှိသည်။ 

.

အိန္ဒိယ မီးရထား ဝန်ကြီးဌာန လက်အောက်မှ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် Ircon International ၏ လက်အောက်ခံလုပ်ငန်း Ircon Infrastructure and Services Limited က တာဝန်ယူ လမ်းဖောက်ပေးသည်။ 

ဇိုရင်ပူမြို့မှ ကားလမ်းများဖြင့် ကုန်းတွင်းပိတ်ဒေသများသို့ ချိတ်ဆက်ထားသည်။

 

 photo_2023-05-01_21-05-27.jpg

 

အထူးသဖြင့် ပလက်ဝ-ဇိုရင်ပူ ၁၁၀ ကီလိုမီတာ ကားလမ်း ဖောက်လုပ်ပြီးစီးပြီး ကားလမ်းဖြင့် စစ်တွေဆိပ်ကမ်းအထိ ချိတ်ဆက်ပြီးချိန်တွင် အဆိုပါ ကုန်တွင်းပိတ်ဒေသများသည် စစ်တွေဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်တစ်ခု အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

.

ပလက်ဝ-ဇိုရင်ပူ ၁၁၀ ကီလိုမီတာ ကားလမ်းသည်  အခက်အခဲများ ရင်ဆိုင်နေရသည်။

.

ပြီးဆုံးရန် လျာထားသည့်ရက် ကျော်လွန်ခဲ့ပြီး နောက်ထပ် ၁၈ လမှ လ ၂၀ အထိ ကြာနိုင်သည်ဟု ခန့်မှန်းထားသည်။

 

“ရက္ခိုင့်တပ်မတော် (AA) လှုပ်ရှားနေတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခ အဆိုးရွားဆုံး ဒေသတချို့ကို ကီလိုမီတာ ၁၁၀ ဖြတ်သွားတဲ့ လမ်းပါ။ အသက်အန္တရာယ် လုံခြုံရေးက အမြဲတမ်း ပြဿနာရှိနေမှာပါ ။အရင်တုန်းက တရားဥပဒေစိုးမိုးရေး မရှိတဲ့ကိစ္စကြောင့် အလုပ်တွေ ရပ်ထားရတယ်" ဟု Ircon မှ တာဝန်ခံ တစ်ဦးက ပြောကြားသည်။

၂၀၁၉ တွင် အင်ဂျင်နီယာ ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

ယခုနှစ် အစောပိုင်းတွင် လမ်းဖောက်နေသည့် ကန်ထရိုက်တာများ ဖြစ်ကြသည့် Engineers Projects India Limited နှင့် C&C Construction Limited တို့ကို အိန္ဒိယအစိုးရက ကန်ထရိုက် ရုပ်သိမ်းခဲ့သည်။ဒေသခံ ကန်ထရိုက်တာများ ငှားရမ်းပြီး လမ်းကို ဆက်ဖောက်ဖို့   Ircon ကို ညွှန်ကြားခဲ့သည်။

.

"နိုင်ငံရေး တည်ငြိမ်မှ လာမယ့် ၂ နှစ်အတွင်းမှာ KMTTP ပြီးစီးနိုင်မှာပါ" ဟု ၎င်းက ပြောကြားသည်။

.

စစ်တွေ ဆိပ်ကမ်းအဟောင်းသည် သင်္ဘော အရွယ်အစား 2,000 DWT (deadweight tonnage)အထိ ဆိုက်ကပ်နိုင်သည်။ စစ်တွေရေနက်ဆိပ်ကမ်းသည် 20,000 DWT အထိ အရွယ်အစား ကြီးမားသော သင်္ဘောများ ဆိုက်ကပ်နိုင်သည်။

 

Source Print


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)