Transportation

ရေနံများကို ပြည်ပမှတင်သွင်းသောဆီဘောက်ဆာကားများဖြင့်သာ သယ်ယူခွင့်ပြုတော့မည်

ရေနံများကို ပြည်ပမှတင်သွင်းသောဆီဘောက်ဆာကားများဖြင့်သာ သယ်ယူခွင့်ပြုတော့မည် google

မကွေးတိုင်း ဒေသကြီးအတွင်းက ရေနံများ သယ်ယူသည့် ဆီဘောက်ဆာကားများကို ပြည်ပမှတင်သွင်းလာသော ဘောက်ဆာကားများဖြင့်သာ သယ်ယူခွင့် ပြုတော့မည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။

 

မကွေးတိုင်းဒေသကြီးအတွင်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံများကို မုံရွာမြို့သို့ ရေနံချက်ရန် သယ်ယူပို့ဆောင်ရာတွင် အန္တရာယ် ကင်းရှင်းစေရန်နှင့် စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်း ဖြစ်စေရန်အတွက် အန္တရာယ်ကင်းရှင်းနိုင်သည့် နိုင်ငံခြားမှ ထုတ်လုပ်သော အော်ရီဂျင်နယ်ဘောက် ဆာကားများကို အသုံးပြုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။

 

ရေနံများ သယ်ယူရာတွင် အော်ရီဂျင်နယ် ဘောက်ဆာကားများဖြင့် သယ်ယူရန် ဇန်နဝါရီလက လုပ်ငန်းရှင်များကို အသိပေးခဲ့ပြီး လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအရ ကိုးလအချိန်ပေးခဲ့ကာ ဩဂုတ် ၆ ရက်က ရေနံ လုပ်ငန်းရှင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်မံခေါ်ယူ အသိ ပေးပြီးဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းကစပြီး သတ်မှတ်ချက်နှင့် မညီသည့် ရေနံသယ်ယာဉ် ဆီဘောက် ဆာကားများကို ဥပဒေအတိုင်း အရေး ယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိ ရေနံလုပ်ငန်းရှင် ၁၄ ဦးရှိပြီး လုပ်ကိုင်ခွင့် လျှောက်ထားဆဲများလည်း ရှိကြောင်း ယခုလက်ရှိတွင် မကွေး တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ရေနံများကို သယ်ယူပို့ဆောင်သည့် ရေနံသယ်ယာဉ် ၈၆ စီးရှိကြောင်း၊ ရေနံလုပ်ငန်းရှင်များကို ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်က စတင်ပြီး တိုင်းဒေသကြီးအတွက် အခွန်ကောက်ခံခဲ့ရာမှာ အခွန်ရရှိမှု သုံးနှစ်ကျော် ကာလအတွင်း ကျပ် ဘီလီယံ ၂၀ အထိ ရရှိ ကြောင်း သိရပါတယ်။

 

Readmore ရေနံချက် စက်ရုံ အသစ်ဆောက်မည်

 

Source : yangonmedia

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)