Transportation

ဗန်းမော်မြို့၌ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးဇုန်စီမံကိန်းတစ်ခု အောက်တိုဘာလတွင် စတင်တည်ဆောက်မည်

ဗန်းမော်မြို့၌ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးဇုန်စီမံကိန်းတစ်ခု အောက်တိုဘာလတွင် စတင်တည်ဆောက်မည် google

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးဇုန် စီမံကိန်း (အဆင့်မြင့် ကားကြီးဝင်း) ကို အမေရိကန်ဒေါ်လာ ငါးသန်းခန့် အကုန်အကျခံကာ အောက်တိုဘာလမှ စတင်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါစီမံကိန်း ပထမပိုင်းတွင် Express နှစ်ထပ်ဆောင် ကားဂိတ် ၂၆ ဂိတ်၊ နှစ်ထပ် လူနေ ဆိုင်ခန်း ၆၃ ခန်း၊ နှစ်ထပ် ယာဉ် ငယ်ဂိတ် ၄၂ ဂိတ်၊ သုံးထပ်ဟိုတယ် နှင့် ဆိုင်ခန်း (မြေညီထပ် Hall Type ဆိုင်ခန်း၊ ပထမထပ်နှင့် ဒုတိယထပ် ဟိုတယ်)၊ ယာဉ်ရပ်နား ရာ ၁၈၄ ခု၊ Express ယာဉ်ရပ်နားနေရာ ၄၂ ခု ပါရှိမည်ဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းတွင် ကုန်ကားကြီး ရပ်နားရာ နေရာ ၃၀၄ ခု၊ ဂိုဒေါင် အခန်း ၅၀ ပါရှိကာ စီမံကိန်းတတိယပိုင်းတွင် သစ်သီးပွဲရုံနှင့် ကုန်ပစ္စည်း လက်လီလက်ကားဇုန်၊ ကားဝပ်ရှော့၊ စက်သုံး ဆီဆိုင်၊ ရေဆေးဆီလိုက်၊ ကုန်ကားကြီးဝင်းနှင့် ဂိုဒေါင်များပါရှိမည်ဖြစ်ပါတယ်။

 

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/ports.html

 

“ကုမ္ပဏီက နှစ် ၅၀ လုပ်ကိုင်ခွင့်ရရှိမယ်။ ရရှိလာတဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ဗန်းမော်မြို့ ဖွံ့ဖြိုးရေးအတွက်ကို ခွဲဝေပေးရမယ်။ ခွဲဝေပေးရမယ့်အချိုးကို နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်။ ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်တစ်ခုတည်းကို ဦးမတည်ဘဲ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးကို အဓိကထားဆောင်ရွက်ရမယ်” ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးညီညီဖေတင်က ပြောကြားချက်အရ သိရပါတယ်။

 

 

 

 

ယင်းစီမံကိန်းကို ဗန်းမော်မြို့ သုံးမိုင်- ရွှေပြည်သာကွက်သစ်ရှိ မြေဧက ၃၀ ဒသမ ၄၉ ဧကပေါ်၌ ဆောင်ရွက်မည်ဖြစ်ပြီး စိန်မောင် နှမကုမ္ပဏီက နှစ် ၅၀ အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တာဝန်ယူ ထိန်းသိမ်းသွားမည်ဖြစ်ကာ စီမံကိန်းကို ၂၀၁၉ ခုနှစ်အောက်တိုဘာလမှ စတင်ကာ တည်ဆောက် သွားမည်ဟုသိခဲ့ရပါတယ်။

 

Read More - သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်

 

Source : yangonmedia

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)