Transportation

(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ယာဉ်ဝင်ရောက်မှုအလွန်နည်းပါးလျက်ရှိခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မူ ပုံမှန်မဖြစ်သေး

(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ယာဉ်ဝင်ရောက်မှုအလွန်နည်းပါးလျက်ရှိခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မူ ပုံမှန်မဖြစ်သေး google

ရှမ်း ပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်ယာဉ်အစီးရေ (၅၀ဝ)ခန့်ဝင်ရောက်မှုရှိနေသော်လည်း ပို့ကုန်ယာဉ်များဝင်ရောက်မှုမှာ အလွန်နည်းပါးလျက်ရှိနေပြီး မြန် မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီး ဆင်းမှုမှာလည်း ပုံမှန်မဖြစ်သေး ကြောင်း ကုန်တင်ယာဉ်မောင်းများဆီမှ သိရပါတယ်။

 

ပို့ကုန်ကားများတွင် ငါးရှဥ့် နှင့် ကဏန်းကားအနည်းငယ်သာ ဝင်ရောက်လျက်ရှိနေပြီး ကုန်သွယ်မှုပုံမှန်မဖြစ်သေးသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ထိုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေကြသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိနေသည်ဟု သိရပါတယ်။

 

ကုန်သွယ်ရေးဇုန်ထဲကို ရောက် နေတာ အခုဆိုရင်ငါးရက်လောက် ရှိပြီ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ကျွန်တော်တို့အ နေနဲ့ ကားခတွေနစ်နာဆုံးရှုံးမှုရှိသလို ကုန်သည်တွေအတွက်ပါ ထိခိုက်ပါတယ်လို့ ကုန်တင်ကား မောင်းသူ ဦးမြင့်နိုင်က ပြောခဲ့ပါတယ်။

 

လက်ရှိအချိန်တွင် ကုန်သွယ်ရေးဇုန်မှ ကုန်ကားများထွက်၍ မရသေးသည့်အတွက် ယာဉ်မောင်းများမှာ စားဝတ်နေရေး အခက်တွေ့ နေရသည့်အတွက် မူဆယ်မြို့ခံ စေတနာရှင်များက ပရဟိတအသင်း အဖွဲ့များမှ နေ့စဉ်လာရောက်လှူဒါန်းလျက် ရှိနေကြောင်း သိရပါတယ်။

 

“ကျွန်တော်တို့ တရုတ်ဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး ထွက်လာတာ အခုဆိုရင် ကုန်တွေကို လည်း အစစ်ဆေးခံပြီးပါပြီ။ ဂျူတီ လည်း ဆောင်ပြီးပါပြီ။ ဒါပေမဲ့ အခုထိ ထွက်မရသေးဘူး။ ဒီလိုပဲ ဆက်နေရဦးမယ်ဆိုရင်တော့ ကျွန် တော်တို့အတွက် အခက်အခဲအ များကြီးရှိနိုင်ပါတယ်”လို့ ကုန်ကား ယာဉ်နောက်လိုက်တစ်ဦးဖြစ်သူ မောင်မြတ်သိန်းကျော်က ပြောခဲ့ပါတယ်။

 

သွင်းကုန်အဖြစ် ဝင်ရောက် လာသည့် ကုန်ပစ္စည်းများကို ကုန် ကားကွင်းဝင်းတွင် တာဝန်ယူ ဆောင်ရွက်နေသည့် အကောက်ခွန်ဝန်ထမ်းများနှင့် ကုန်သွယ်ရေး ဦးစီးဌာမှ တာဝန်ရှိသူများအပါအဝင် ကိုယ်စားလှယ်များနှင့် ကုန်တင်၊ ကုန်ချအလုပ်သမားများက နယ်မြေအခြေအနေကောင်း လျှင် အဆင်သင့်ထွက်နိုင်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် လုပ်ဆောင်ပေးထားကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက် က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် လမ်းပိုင်းတွင် လုံခြုံစိတ်ချမှုမရှိ သေးသည့်အတွက် ကုန်တင်ယာဉ်များအပါအဝင် ခရီးသည်တင်ယာဉ် များလည်း သွားလာရေးခက်ခဲလျက် ရှိနေသည်ဟု သိခဲ့ရပါတယ်။

 

ကုန်သေတ္တာတင်ယာဉ်များ မောင်းနှင်သွားလာခွင့်ကို ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း သတ်မှတ်ထားပြီး ယာယီပြေးဆွဲခွင့်ဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ထပ်တိုးခွင့်ပြုထား

 

Source : yangonmedia

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)