Transportation

အိန္ဒိယ IndiGo လေကြောင်းလိုင်းက ရန်ကုန်-ကာလကတ္တား ခရီးစဉ်အား လာမည့် စက်တင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်

အိန္ဒိယ IndiGo လေကြောင်းလိုင်းက ရန်ကုန်-ကာလကတ္တား ခရီးစဉ်အား လာမည့် စက်တင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည် google

လာမည့် စက်တင်ဘာလ (၂၀) ရက်တွင် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGo လေကြောင်းလိုင်းက ရန်ကုန် - ကာလကတ္တား ခရီးစဉ်အဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

“ သူတို့ဘက်က ဒီကို ဘယ်အချိန်စတင်ပျံသန်းမလဲဆိုတဲ့ Schedule Plan ကိုတော့ လာတင်ပြထားပြီးပါပြီ” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောခဲ့ပါတယ်။

 

>>> Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ <<<

 

IndiGo လေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံ၏ Low Cost Carrrier လေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး IndiGo လေကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ မြို့ပေါင်း (၄၀)ကျော်နှင့် အိန္ဒိယနိုင်ငံ၏ ပြင်ပမြို့ (၂၀)ကျော်ကို ဈေးနှုန်းသက်သာစွာဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိခဲ့ရပါတယ်။

 

လက်ရှိ IndiGo အဲလိုင်း၌ Airbus နှင့် ATR အမျိုးအစား လေယာဉ်စီးရေ (၂၄၀) ဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလေဆိပ် (၅၈)ခုနှင့် နိုင်ငံတကာလေဆိပ် (၂၂)ခုသို့ နေ့စဉ် ခရီးစဉ်ပေါင်း (၁၄၀၀)ကျော် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။

 

>>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<

 

၂၀၀၆ ခုနှစ်က စတင်ပြေးဆွဲနေ့သည့် IndiGo အဲလိုင်းအနေဖြင့် လက်ရှိမှာ Best Low Cost Airline ဆု (၂)ဆု နှင့် Passernger Choice Award ဆုတို့ကို ရရှိထားခဲ့ပါတယ်။

 

လက်ရှိ ရန်ကုန်မှ အိန္ဒိယနိုင်ငံသို့ Myanmar Airways International ၊ Air India ၊ Air Asia တို့ တိုက်ရိုက်ပြေးဆွဲလျက်ရှိနေပြီး IndiGo Airline မှာ စတုတ္ထမြောက်တိုက်ရိုက်ပြေးဆွဲသည့် လေကြောင်းလိုင်းဖြစ်ပါတယ်။

 

လေဆိပ် ၂၆ ခုမာတိကာ

 

Source : betv

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)