Transportation
သီတင်းကျွတ်ကာလ ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန်-မော်လမြိုင်ရထားစီးမည်သူများသတိပြုဖွယ် google
  >>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<
သင်္ဃန်းကျွန်း-တောင်ငူခရီးစဉ်ပြေးဆွဲနေသော အမှတ် ၁၉ အဆန်/အမှတ် ၂၀ အစုန်ရထားအား ပဲခူးတောင်ငူ ခရီးစဉ်အဖြစ်ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ပြီး ၄င်းရထားဖြင့်ပင် တောင်ငူ-သာစည်ပြေးဆွဲသည့် အမှတ် ၂၁ အဆန်/ အမှတ် ၂၂ အစုန် ရထားများအား RBE ရထားဖြင့် အစားထိုးပြေးဆွဲပေးသွားမည် ဖြစ်သည်။
>>>  Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ <<<
Unicode ဖြင့်ဖက်ရန်
>>>>>>>>>
သီတင်းကျွတ်ကာလ ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန်-မော်လမြိုင်ရထားစီးမည်သူများသတိပြုဖွယ်
မိုင်အရှည် ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ရထားလမ်းပိုင်းစီမံကိန်း(အဆင့်-၁) ဖြစ်သော ရန်ကုန်-တောင်ငူ လမ်းပိုင်းအရှည် ၁၆၆ မိုင်ကို အောက်တိုဘာ ၁ ရက်မှ စတင်၍ စီမံကိန်းအဆင့် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်သည်။
ထို့ကြောင့် အချို့ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။စီမံကိန်းဆောင်ရွက်နေစဉ် ကာလအတွင်း ယာယီဖျက်သိမ်းမည့် ရထားခရီးစဉ်များ
၁။ အမှတ် ၁ အဆန်/အမှတ်၂ အစုန်ဖြစ်သော ရန်ကုန်-မန္တလေး စာပို့ရထား၊
၂။ အမှတ် ၉ အဆန်/အမှတ် ၁၀ အစုန်ဖြစ်သည့် ရန်ကုန်-သာစည် စာပို့ရထားများ၊
၃။ ရန်ကုန်-နေပြည်တော်ပြေးဆွဲနေသည့် အမှတ် ၃၁ အဆန်/အမှတ် ၃၂ အစုန်ရထား၊
၄။ အမှတ် ၃၅ အဆန်/အမှတ် ၃၆ အစုန်ဖြစ်သည့် ရန်ကုန်-မော်လမြိုင်ရထား၊
၅။ အမှတ် (၁၅/၁၆)၊ (၁၇) ဖြစ်သည့် နေပြည်တော်-မော်လမြိုင်ရထား တို့ဖြစ်ကြသည်။
  >>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<
ရန်ကုန်-နေပြည်တော်ပြေးဆွဲနေသည့် အမှတ် ၃၁ အဆန်/အမှတ် ၃၂ အစုန် ရထားအား ယာယီဖျက်သိမ်းထားခြင်းကြောင့် အမှတ် ၁၁ အဆန်/အမှတ် ၁၂ အစုန်ရထားသည် ကျောက်တံတခါး၊ ကညွတ်ကွင်း၊ ဇေယျဝတီ၊ မြို့လှနှင့်သာဝတ္ထိဘူတာများ၌ ထပ်တိုးရပ်တန့် သွားမည် ဖြစ်သည်။
သင်္ဃန်းကျွန်း-တောင်ငူခရီးစဉ်ပြေးဆွဲနေသော အမှတ် ၁၉ အဆန်/အမှတ် ၂၀ အစုန်ရထားအား ပဲခူးတောင်ငူ ခရီးစဉ်အဖြစ်ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ပြီး ၎င်းရထားဖြင့်ပင် တောင်ငူ-သာစည်ပြေးဆွဲသည့် အမှတ် ၂၁ အဆန်/ အမှတ် ၂၂ အစုန် ရထားများအား RBE ရထားဖြင့် အစားထိုးပြေးဆွဲပေးသွားမည် ဖြစ်သည်။
ရန်ကုန်-မန္တလေးရထားများ အချိန်စာရင်းပြောင်းလဲပြေးဆွဲခြင်းကြောင့် ရန်ကုန်ဆင်ခြေဖုံးရထားများဖြစ်သော ရန်ကုန်-အုတ်ဖိုစု၊ ရန်ကုန်-အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်-ရွာသာကြီးနှင့် ရန်ကုန်-တိုးကြောင်ကလေးရထားများကိုပါ အချိန်စာရင်းပြင်ဆင်ပြေးဆွဲသွားမည်ဖြစ်ရာ ပြင်ဆင်ပြောင်းလဲပြေးဆွဲမည့် ရထားများ၏အချိန်စာရင်းများကို သက်ဆိုင်ရာဘူတာအသီးသီး၌ ရထားစီးခရီးသည်များသိရှိစေရန်အတွက် ကြော်ငြာအသိပေးထားပါသည်။
Source- မြန်မာ့အလင်း
Myanmar Logistics Guide
Read times
Rate this item
(0 votes)