Warehouse

ရေစိုပျက်စီးသည့်ကိစ္စများ

ရေစိုပျက်စီးသည့်ကိစ္စများ google

ရေစိုပျက်စီးခြင်းအကြောင်းတရားများမှာ ရေခိုးရေငွေ့(moisture)၊ ရေငွေ့ကြောင့် ခဲသွားခြင်း (condensation)၊ မိုးရေ (rain)၊ ကုန်သေတ္တာအတွင်းသို့ ပင်လယ်ရေ ဝင်ရောက်ခြင်း (ingress of sea water into container) တို့ကြောင့်ဖြစ်သည်။

 

ရေခိုးရေငွေ့နှင့် ရေငွေ့ကြောင့် ခဲသွားခြင်းတို့သည် သာမန်အားဖြင့် လမ်းခရီးတစ်လျှောက်တွင် ရာသီဥတု မတူညီသော နေရာဒေသများကို ဖြတ်သန်းသွားလာသည့်အခါ ရာသီဥတု အခြေအနေ ပြောင်းလဲခြင်း (ဥပမာ- ပူအိုက်စိုစွတ်သောနေရာမှ အေး၍ခြောက်သွေ့သောနေရာ ထိုမှတစ်ဖန် မိုးများ၍ စိုစွတ်သောနေရာသို့) ကြောင့်ဖြစ်သည်။


ရေငွေ့ရိုက်၍ ခဲသွားခြင်းသည် အမျိုးအစား မမှန်သည့် ကုန်သေတ္တာကို အသုံးပြုပါကလည်း ဖြစ်ပေါ်နိုင်ပါသည်။ ဥပမာအားဖြင့် ခဲသွားနိုင်သည့် ပစ္စည်းမျိုးကို လေဝင်လေထွက်ကောင်းသော ကုန်သေတ္တာအစား ပုံမှန်ကုန်သေတ္တာအတွင်း ထည့်သွင်းထားခြင်းဖြစ်သည်။

 

 

No photo description available.

 

 

အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Trade Risk Guaranty (TRG) မှ ကုန်သေတ္တာဖြင့် ပစ္စည်းတင်ပို့မှု၏ ၁၀% ခန့်သည် ရေခိုးရေငွေ့ကြောင့် ကုန်ပစ္စည်းပျက်စီးမှုဖြစ်ပေါ်ကြောင်း ခန့်မှန်းထားသည်။ ကုန်သေတ္တာ အတွင်းရှိ ရေခိုးရေငွေ့များသည် အပြင်ရာသီဥတု အေးလာသည့်အခါ Container Rain ဟုခေါ်သည့် ရေစက်များအဖြစ်သို့ ပြောင်းလဲလာသည်။


ရေကြောင့် ကုန်ပစ္စည်းပျက်စီးမှုသည် ကုန်သေတ္တာအတွင်းသို့ ပင်လယ်ရေဝင်ရောက်ခြင်းကြောင့်လည်း ဖြစ်ပေါ်လေ့ရှိသည်။ ကုန်သေတ္တာတွင် အပေါက်များရှိနေခြင်း သို့မဟုတ် ကုန်သေတ္တာ တံခါးတွင် ရေမဝင်စေရန် ထားရှိသည့် sealing gaskets များ ပေါက်ပြဲနေခြင်း သို့မဟုတ် အနေအထား မမှန်ခြင်းနှင့် သင်္ဘော၏ ကုန်ပေါက်အတွင်းသို့ ပင်လယ်ရေများဝင်ရောက်ခြင်း တို့ကြောင့်ဖြစ်သည်။

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)