Warehouse

"ငါ အရမ်း လက်ပန်းကျ နေပြီ"

Kim Dong-hee သည် ယခုနှစ်ထဲမှာ တောင်ကိုရီးယားတွင် သေဆုံးခဲ့သည့် ပစ္စည်းပို့ ယာဉ်မောင်း ၁၅ ဦး အနက်မှ တစ်ဦး ဖြစ်သည်။

မစ္စတာကင်သည် သူ၏ဘဝနောက်ဆုံးရက်များတွင် ဆိုးလ်မြို့ပတ် ဝန်းကျင်တွင် ပစ္စည်းများ လိုက်လံပို့ဆောင်ပေးခြင်းကို ၂၄ နာရီနီးပါး ဆက်တိုက် လုပ်ကိုင်နေခဲ့သည်။
"ငါ အရမ်း လက်ပန်းကျ နေပြီ"
ဟုသူက ပြီးခဲ့သည့်လက လုပ်ဖော်ကိုင်ဖက်ထံ နံနက် ၄ နာရီ ၂၈ မိနစ်တွင် ပေးပို့ခဲ့သည့် စာသားမက်ဆေ့ခ်ျ၌ ရေးသားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် အသက် ၃၆ နှစ်ရှိ မစ္စတာကင်မ်သည် နှလုံးရောဂါကြောင့်အိမ်၌သေဆုံးနေသည်ကို တွေ့ရသည်။

ပစ္စည်းပို့ ယာဉ်မောင်း ၁၅ ဦး သေဆုံးခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံ logistics ကဏ္ဍတွင် လုပ်သားများကို ကာကွယ်စောင့်ရှောက်ရန် တောာင်းဆိုမှုများ ချက်ချင်းပေါ်ပေါက် စေခဲ့သည်။

တောင်ကိုရီးယားသမ္မတ Moon Jae-in က“ ကျွန်ုပ်တို့စနစ်၏ မျက်ကွယ်သောနေရာ” ၌ တည်ရှိနေသောပို့ဆောင်ရေးလုပ်သားများကို ကာကွယ်ပေးဖို့ အရေးယူဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

အလုပ်အကိုင်ဝန်ကြီးက ပြုပြင်ပြောင်းလဲမှုများ ပြုရန်အချက်များကို အဆိုပြုသည်။ နေ့စဉ်ပေးပို့မှုများကို တစ်ရက် ၂၄ နာရီပတ်လည် လုပ်ကိုင်နေကြခြင်းအစား ည၁၀ နာရီတွင် ရပ်တန့်ရန်နှင့် တစ်ပတ်လျှင် ၅ ရက်သာ အလုပ်လုပ်ရက် သတ်မှတ်ပြဌာန်းရန် အချက်များ ပါဝင်သည်။ ပုံမှန်အားဖြင့် တောင်ကိုရီးယားမှ ပစ္စည်းပို့ ယာဉ်မောင်းများသည် တစ်နေ့လျှင် ၁၃ နာရီမှ ၁၆ နာရီ အထိ အလုပ်လုပ်ကြရသည်။

 

_115175497_lee01187.jpg

ရာချီသော ပစ္စည်းပို့ယာဉ်များ အစီအရီ ရပ်ထားပြီး ယာဉ်မောင်းအသီးသီးတို့သည် မိမိပေးပို့ရမည့် ပစ္စည်းများကို ကားပေါ်တင်ကြသည်။ ကိုယ့်အထုပ်များကို ကိုယ်တိုင် ရွေးထုတ်ရယူကာ ကားပေါ်တင်ပြီးမှ စတီယာရင်နောက်မှ ထိုင်ပြီး ယာဉ်မောင်းအလုပ်ကို စတင်ရသည်။
မနက် ၆ နာရီခွဲတွင် သိုလှောင်ရုံသို့ ရောက်ရှိကြပြီး အလုပ်စသည်။ ပေးပို့ရမည့် အထုပ်များ ရွေးချယ်ရခြင်း၊ လိုအပ်ပါက ထုပ်ပိုးရခြင်းများကို ၄ နာရီမှ ၅ နာရီအထိ လုပ်ကိုင်ရသည်။ ကားပေါ်တင်ရာ၌လည်း အထုပ်အသေးအကြီး အရွယ်အစားအမျိုးမျိုးကို မောင်းနှင့်မည့် ခရီးစဉ်အရ ယူဖိုပ အဆင်ပြေအောင် တင်ရသည့်အပြင် ဆန့်နိုင်သမျှ များများဆန့်အောင်လည်း တင်ရသည်။
ပျမ်းမျှအားဖြင့် အထုပ်တစ်ထုပ် ပေးပို့ခြင်းအတွက် ၈၀၀ ဝမ် (အမေရိကန်ဒေါ်လာ ၀.၇၀ ) ရသည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် အထုပ် ၃၅၀ ဝန်းကျင် ပေးပို့သည်။ သိုလှောင်ရုံအတွင်း အစီအရီ ထပ်ထားရာ၍ အမြင့်မှ အထုပ်များကို ကြမ်းပြင်သို့ ချပေးရန်အတွက် အလုပ်သမားခကို သူတို့ ပေးရသည်။ အထုပ်ပေးပို့သည့်အခါ နောက်ကျခဲ့ပါက ဒဏ်ကြေးကိုလည်း သူတို့ ပေးဆောင်ရသည်။ အထုပ်ပျောက်လျှင် ပေးလျော်ရသည့်အပြင် ဒဏ်ကြေးပါ ဆောင်ရသည်။
အလုပ်သမားသမဂ္ဂမှ ဦးဆောင်ပြီး ဆန္ဒပြပွဲများ ရှိခဲ့သည်။ Lotte Global Logistics သည် အလုပ်သမားသမဂ္ဂနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ကုန်လှောင်ရုံတွင် ပစ္စည်း ရွေးထုတ်ရန် အလုပ်သမားတစ်ထောင် ဖြည့်တင်းပေးရန်၊ ဒဏ်ကြေးအမျိုးမျိုး ပေးဆောင်ရခြင်းကို ဖျက်သိမ်းရန်တို့ သဘောတူညီမှု ရရှိခဲ့သည်။

 

shin_bok_sun.jpg

Shin Bok-sun သည် အသက် ၄၃ နှစ်ရှိသူ ဖြစ်ပြီး သားသမီး ၃ ယောက်၏ မိခင်ဖြစ်သည်။ သားသမီးများနှင့် ညဘက် မအိပ်ခင် အတူနေရသည့် အချိန် အတော်နည်းနေသဖြင့် အလုပ်ဝန်ထုပ်ဝန်ပိုး လျော့ကျပြီး ယခုအတိုင်း ဝင်ငွေရရှိသည့်အဖြစ်ကို တောင့်တနေသည်။ “သူတို့က ချက်ပြုတ်စရာ ကုန်စိမ်းတွေကို မှာတယ်. နေ့လည်စာချက်ဖို့၊ ညစာချက်ဖို့ မှာကြတယ်။ အချိန်အနားကပ်မှ မှာကြတယ်။ နောက်ကျရင် မကျေမနပ်ဖြင့် ပြောဆိုကြတယ်။ အပြင်သွားမယ့် မနက်ကျမှ စကပ်အသစ် မှာတယ်။ နောက်ကျရင် ဖုန်းဆက်တယ်။ မနက်ဖက် အပြင်ထွက်ဖို့ မှာတာ၊ နေ့လည်ဆိုရင် မမီတော့ဘူးလို့ ပြောတယ်”
ဟု သူက မှာကြားသူများနှင့် ဖြစ်ရသည့် ပြဿနာများက သူ့အပေါ် ဖိစီးနေကြောင်း ပြောပြသည်။

ပစ္စည်းပို့ ယာဉ်မောင်းများ အမောစို့ နှလုံးအခုန်ရပ်ပြီး သေဆုံးသူ ၁၅ ဦးအထိ ရှိလာချိန်တွင် တောင်ကိုရီးယားမှ အွန်လိုင်းဈေးတယ်သူများတွင် စာနာမှုကို ပြသသူများ ပေါ်ထွက်လာခဲ့သည်။

"ပစ္စည်းပေးပို့သူရေ
အကြောင်းကြောင်းကြောင့် နောက်ကျပြီး လာပို့တာ အိုကေပါတယ်"
ဟု ပြတင်းပေါက်တွင် စာလုံးကြီးကြီးဖြင့် ရေးသားပြီး စာကပ်ထားသူများ ရှိလာသည်။
ပစ္စည်းပို ယာဉ်မောင်း ရောက်လာသည့်အခါ ကော်ဖီပူပူတစ်ခွက်ဖြင့် ဧည့်ခံသူများလည်း ရှိလာသည်။
ဆိုရှယ်မီဒီယာပေါ်တွင်
#it_is_ok_to_be_late
#Thankyoudeliverymen
#weneedtostopthedeathofdeliverymen
စသဖြင့် ရေးသားဖော်ပြမှုများကိုလည်း တွေ့ရသည်။


ကိုဗစ်ကူးစက်ရောဂါကြောင့် အွန်လိုင်း ၀ယ်ယူရန်ဖြစ်စေသော အပြောင်းအလဲသည် ဖြန့်ဝေရေးလုပ်သားများအပေါ် အလုပ်ချိန် များပြားသွားစေခဲ့သည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( Organization for Economic Cooperation and Development- OECD)၏ ဇူလိုင်လအစီရင်ခံစာအရ ဥရောပ၌ tအွန်လိုင်းအမှာစာများသည် ၅၀%၊ အာရှပစိဖိတ်တွင် ၇၀ ရာခိုင်နှုန်းနှင့်မြောက်အမေရိကတွင် ၁၂၀ ရာခိုင်နှုန်းယခင်နှစ်ကထက် မြင့်တက်ခဲ့သည်။ တောင်ကိုရီးယားသည် နဂိုကတည်းက အွန်လိုင်း ဈေးတယ်သည့်အကျင့် ရှိထားပြီး ဖြစ်သော်လည်း ကိုဗစ်ကြောင့် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဤအပြောင်းအရွေ့သည် အကောင်းဘက်သို့လည်း ပြောင်းလဲရောက်ရှိခဲ့သည်။

ယူကေ၊ အီတလီ၊ စပိန်နှင့်တရုတ်နိုင်ငံများ၌ ယာဉ်မောင်းများ သပိတ်မှောက်ခဲ့ကြသည်။ ယာဉ်မောင်းများ တိုးချဲ့ခန့်ထားကြသဖြင့် ထောင်ချီသော အရေအတွက်ရှိသည့် ယာဉ်မောင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေခဲ့သည်။ ယူအက်စ်တွင် Amazon.com Inc သည် ၀ယ်လိုအားမြင့်တက်လာမှုကို ကိုင်တွယ်ရန် “ ပစ္စည်းပို့ ယာဉ်မောင်းများ” ကို တိုးမြှင့်ငှားရမ်းခဲ့သည်။ ယူကေတွင် ပစ္စည်းပို့ ယာဉ်မောင်းများအား ကျန်းမာရေးနှင့်ဘေးကင်းရေး အထောက်အပံ့ခံစားခွင့်များ တိုးမြှင့်ပေးအပ်ခဲ့သည်။ စပိန်တွင် တရားဝင် အလုပ်စာချုပ်များဖြင့် လုပ်ကိုင်သည့်စနစ်သို့ ပြောင်းလဲရောက်ရှိခဲ့သည်။

Read times
Rate this item
(0 votes)