Knowledge

(Coxid-19 ) ကြောင့် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး ကန်ဓေါ်လာ ၂၇၂ သန်းခန့် ထိခိုက်နစ်နာ

(Coxid-19 ) ကြောင့် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး ကန်ဓေါ်လာ ၂၇၂ သန်းခန့် ထိခိုက်နစ်နာ google

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် (Coxid-19 ) ဗိုင်းရပ်စ်ကြောင့် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၂၇၂ သန်းခန့် ထိခိုက်နစ်နာခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

 

(Coxid-19) ကြောင့် နယ်စပ်ကုန် သွယ်မှုကတော့ ဒေါ်လာသန်း ၂၀၀ ကျော် ထိခိုက်တယ်ပြောလို့ရတယ်။ သို့သော် လည်း ပြန်ပြီးတော့ ငါးလအတွင်းကာလ ပေါ့လေ။ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုကို မနှစ်က ကာလတူနဲ့ ပြန်နှိုင်းယှဉ် ကြည့်လိုက်တော့ ကုန်သွယ်မှုက တိုး တက်တယ်။ နယ်စပ်ကုန်သွယ်မှုကတိုးတယ်။ တကယ်လို့သာ ဒါကြီးမရှိခဲ့ဘူးဆို ရင် ဒီထက်ပိုပြီးတော့ နယ်စပ်ကုန်သွယ်မှုက တိုးမယ်ဆိုတဲ့ဟာကို မျှော်မှန်းလို့ ရတာပေါ့ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက် ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင် လွင်ကပြောသည်။

 

လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ မတ်လ ၁၃ ရက်အထိ တရုတ်နိုင်ငံ ကုန်သွယ်မှုအခြေအနေမှာ အမေရိကန်ဒေါ်လာ ၁၇.၈၉ ဘီလီ ယံခန့်ထိ လုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန် ၈ ဘီလီယံကျော်၊ သွင်းကုန်က ၉ ဘီလီယံ
ကျော် အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

“ကုန်သွယ်ရေးက ကျန်တဲ့နေရာ တွေတော့ မပြောတတ်ဘူး။ မူဆယ်ဘက် ကတော့ နည်းနည်းပါးပါး ပြန်လုပ်နေပြီလို့ပြောလို့ရပါတယ်။ အခုတော့ ကုန်သွယ်မှု က ပြန်စနေပြီပေါ့။ အများကြီးမဟုတ်သေး ပေမယ့် ပြန်စတင်နေပြီ။ ပြီးခဲ့တဲ့ အပတ် ကဆိုရင် ကုန်သွယ်မှုပမာဏက ၁၀ သန်း ကနေ ၁၅ သန်းဝန်းကျင်လောက် ရလာတဲ့ အနေအထားတွေရတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အ ရာရှိတစ်ဦးကပြောသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူ နှိုင်းယှဉ်ပါက ကုန်သွယ်မှုမှာ ၂.၇၅ ဘီလီ ယံခန့် ပိုမိုတိုးတက်နေပြီး ပို့ကုန်တွင် ၁.၁ ဘီလီယံခန့်၊ သွင်းကုန်တွင် ၁.၆ ဘီလီယံ ခန့်တိုးတက်ခဲ့ကြောင်း သိရသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းတွင် ယခင်က နေ့စဉ်ပျဉ်းမျှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းဝန်းကျင်အထိ ကုန်သွယ် နိုင်ခဲ့ပြီး Covid-19 ဖြစ်သည့်အချိန်တွင် တစ်ရက် အမေရိကန်ဒေါ်လာ တစ်သန်း၊ နှစ်သန်းခန့်သာ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့ ကုန်သွယ်ရေးပြန်လည်စတင်နေပြီး မြန်မာဘက်မှ ပို့ကုန်အဖြစ် သစ်မွှေး၊ ငှက်ပျော၊ သကြား၊ လယ်ယာထွက်ကုန်များ ပို့ဆောင်နေပြီး တရုတ်နိုင်ငံဘက်မှလည်း အထည်ချုပ်ကုန်ကြမ်းများနှင့် အခြားစက် ရုံသုံးကုန်ကြမ်းများကို ပြန်လည်ပို့ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 

(Coxid-19 ) ေႀကာင့္ တရုတ္ - ျမန္မာနယ္စပ္ကုန္သြယ္ေရး ကန္ေဓၚလာ ၂၇၂ သန္းခန့္ ထိခိုက္နစ္နာ

 

တ႐ုတ္ႏိုင္ငံမွ စတင္ျဖစ္ပြားခဲ့သည့္ (Coxid-19 ) ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ျမန္မာနယ္စပ္ကုန္သြယ္ေရးတြင္ အေမရိကန္ေဒၚလာ ၂၇၂ သန္းခန႔္ ထိခိုက္နစ္နာခဲ့ရေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနမွ သိရွိရသည္။

 

(Coxid-19) ေၾကာင့္ နယ္စပ္ကုန္ သြယ္မႈကေတာ့ ေဒၚလာသန္း ၂၀၀ ေက်ာ္ ထိခိုက္တယ္ေျပာလို႔ရတယ္။ သို႔ေသာ္ လည္း ျပန္ၿပီးေတာ့ ငါးလအတြင္းကာလ ေပါ့ေလ။ တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္မႈကို မႏွစ္က ကာလတူနဲ႔ ျပန္ႏႈိင္းယွဥ္ ၾကည့္လိုက္ေတာ့ ကုန္သြယ္မႈက တိုး တက္တယ္။ နယ္စပ္ကုန္သြယ္မႈကတိုးတယ္။ တကယ္လို႔သာ ဒါႀကီးမရွိခဲ့ဘူးဆို ရင္ ဒီထက္ပိုၿပီးေတာ့ နယ္စပ္ကုန္သြယ္မႈက တိုးမယ္ဆိုတဲ့ဟာကို ေမွ်ာ္မွန္းလို႔ ရတာေပါ့ဟု စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ ေထာက္အၿမဲတမ္းအတြင္းဝန္ ဦးခင္ေမာင္ လြင္ကေျပာသည္။

 

လက္ရွိ ဘ႑ာႏွစ္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ မတ္လ ၁၃ ရက္အထိ တ႐ုတ္ႏိုင္ငံ ကုန္သြယ္မႈအေျခအေနမွာ အေမရိကန္ေဒၚလာ ၁၇.၈၉ ဘီလီ ယံခန႔္ထိ လုပ္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ပို႔ကုန္ ၈ ဘီလီယံေက်ာ္၊ သြင္းကုန္က ၉ ဘီလီယံေက်ာ္ အထိ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

 

“ကုန္သြယ္ေရးက က်န္တဲ့ေနရာ ေတြေတာ့ မေျပာတတ္ဘူး။ မူဆယ္ဘက္ ကေတာ့ နည္းနည္းပါးပါး ျပန္လုပ္ေနၿပီလို႔ေျပာလို႔ရပါတယ္။ အခုေတာ့ ကုန္သြယ္မႈ က ျပန္စေနၿပီေပါ့။ အမ်ားႀကီးမဟုတ္ေသး ေပမယ့္ ျပန္စတင္ေနၿပီ။ ၿပီးခဲ့တဲ့ အပတ္ ကဆိုရင္ ကုန္သြယ္မႈပမာဏက ၁၀ သန္း ကေန ၁၅ သန္းဝန္းက်င္ေလာက္ ရလာတဲ့ အေနအထားေတြရတယ္"ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ဌာန နယ္စပ္ကုန္သြယ္ေရးဦးစီးဌာနမွ အ ရာရွိတစ္ဦးကေျပာသည္။

 

ၿပီးခဲ့သည့္ ဘ႑ာႏွစ္ကာလတူ ႏႈိင္းယွဥ္ပါက ကုန္သြယ္မႈမွာ ၂.၇၅ ဘီလီ ယံခန႔္ ပိုမိုတိုးတက္ေနၿပီး ပို႔ကုန္တြင္ ၁.၁ ဘီလီယံခန႔္၊ သြင္းကုန္တြင္ ၁.၆ ဘီလီယံ ခန႔္တိုးတက္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္နယ္စပ္ကုန္သြယ္ေရးႏွင့္ ပတ္သက္ၿပီး မူဆယ္နယ္စပ္ကုန္သြယ္ ေရးစခန္းတြင္ ယခင္က ေန႔စဥ္ပ်ဥ္းမွ် တစ္ရက္လွ်င္ အေမရိကန္ေဒၚလာ ၁၀ သန္းမွ ၁၅ သန္းဝန္းက်င္အထိ ကုန္သြယ္ ႏိုင္ခဲ့ၿပီး Covid-19 ျဖစ္သည့္အခ်ိန္တြင္ တစ္ရက္ အေမရိကန္ေဒၚလာ တစ္သန္း၊ ႏွစ္သန္းခန႔္သာ ကုန္သြယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

 

လက္ရွိ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ တို႔ ကုန္သြယ္ေရးျပန္လည္စတင္ေနၿပီး ျမန္မာဘက္မွ ပို႔ကုန္အျဖစ္ သစ္ေမႊး၊ ငွက္ေပ်ာ၊ သၾကား၊ လယ္ယာထြက္ကုန္မ်ား ပို႔ေဆာင္ေနၿပီး တ႐ုတ္ႏိုင္ငံဘက္မွလည္း အထည္ခ်ဳပ္ကုန္ၾကမ္းမ်ားႏွင့္ အျခားစက္ ႐ုံသုံးကုန္ၾကမ္းမ်ားကို ျပန္လည္ပို႔ေဆာင္ ေနၿပီျဖစ္ေၾကာင္း သိရသည္။

 

Source ; ျပည္ျမန္မာ

 

Courier Services & Delivery Services သယ္ယူပို႔ေဆာင္ရးဝန္ေဆာင္မႈ ၉၃ ခုကိုရွာေဖြရန္ႏွိပ္ပါ 

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)