How To

Friday, 09 October 2020 13:31

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလျှက်ရှိသည့် Tradenet Member များအား အသိပေးကြေညာချက် ထုတ်ပြန်

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၁၅/၂၀၂၀) ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလျှက်ရှိသည့် Tradenet Member များအား အသိပေးကြေညာချက် ထုတ်ပြန်ခြင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းလိုင်စင်စနစ်ဖြင့် လိုင်စင် လျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထားသည်ဖြစ်စေ Tradenet 2.0 စနစ်စတင်သည့် အချိန် တွင် ထပ်မံဖြည့်သွင်းထားသည့် အဆိုပါ Email, Password ဖြင့်သာ အသုံးပြုရမည်ဖြစ်သည့် အတွက် အသုံးပြုနေသည့် Email၊ Password နှင့် အချက်အလက်များအား သတ်မှတ်ရက် မတိုင်မီ မှန်ကန်သေချာစွာ ဖြည့်သွင်းဆောင်ရွက်ပေးရန် ကြိုတင်အသိပေး အကြောင်းကြားအကြောင်းကြားအပ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ( ၁၅ /၂၀၂၀) ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၈ ရက် အကြောင်းအရာ။ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလျှက်ရှိသည့် Tradenet Member များအား အသိပေးကြေညာချက် ထုတ်ပြန်ခြင်း ၊ ၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Tradenet 2.0စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဆန်းမှ စတင်၍အဆင့်လိုက် စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂။ အဆိုပါ Tradenet 2.0 စနစ်တွင်လက်ရှိအသုံးပြုဆောင်ရွက်လျက်ရှိသည့် Myanmar Tradenet o¢d (Fully Online) ရှိ Member များ၏ အချက်အလက်များအား ဆက်လက် အသုံးပြုသွားရမည်ဖြစ်သည့်အတွက် လက်ရှိ Myanmar Tradenet တွင် Member ဖြစ်သည့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ Member အချက်အလက်များအား Myanmar Tradenet တွင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေး၍ Update ပြုလုပ်ပေးရန်ဖြစ်ပြီး ထပ်မံလိုအပ်သည့် အချက် အလက် (Email, Password, Mobile No ,NRC No)များကို ဖြည့်သွင်းခြင်းနှင့် ယခင် Update ပြုလုပ်ထားရာတွင် Email တစ်ခုတည်း အသုံးပြု၍ ကုမ္ပဏီတစ်ခုထက် ပိုမိုဖြည့်သွင်းထားရှိသော ကုမ္ပဏီများအနေဖြင့် (၂၅.၁၀.၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ကုမ္ပဏီအလိုက် Email တစ်ခုစီ ပြင်ဆင်ပေးရန် အသိပေးအကြောင်းကြားပါသည်။ ၃။ လိုင်စင်လျှောက်ထားရန် eservice. myanmartradenet.com စနစ်အတွင်း ဝင်ရောက်သည်နှင့် အဆိုပါအချက်အလက်များ ဖြည့်သွင်းပြင်ဆင်ပြီးမှသာ လိုင်စင်လျှောက်ထားမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် (၂၅.၁၀.၂၀၂၀) ရက်နေ့ အထိ Tradenet Member အချက်အလက်များအား Update ပြုလုပ်ခြင်း မရှိသည့် ကုမ္ပဏီများ အနေဖြင့် လိုင်စင်လျှောက်ထားမှုလု ပ်ငန်းများအား ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ Myanmar Tradenet 2.0 စတင်သည့်အချိန်မှသာ Member အသစ်အနေဖြင့် ပြန်လည်လျှောက်ထား ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၄။ သို့ပါ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းလိုင်စင်စနစ်ဖြင့် လိုင်စင်လျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထားသည်ဖြစ်စေ Tradenet 2.0 စနစ်စတင်သည့် အချိန် တွင် ထပ်မံဖြည့်သွင်းထားသည့် အဆိုပါ Email, Password ဖြင့်သာ အသုံးပြုရမည်ဖြစ်သည့် အတွက် အသုံးပြုနေသည့် Email Password နှင့် အချက်အလက်များအား သတ်မှတ်ရက် မတိုင်မီ မှန်ကန်သေချာစွာ ဖြည့်သွင်းဆောင်ရွက်ပေးရန် ကြိုတင်အသိပေး အကြောင်းကြားအပ် ပါသည်။ ကုန်သွယ်ရေးဦးစီးဌာန

Friday, 09 October 2020 02:10

CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများသို့ ပန်ကြားချက် ထုတ်ပြန်

၁၅-၁၀-၂၀၂၀ နောက်ဆုံးထား၍ http://www.myanmartradenet.com.mm/signature/ တွင် အချက်အလက်များဖြည့်သွင်းပေးပါရန်

Thursday, 08 October 2020 07:45

ကားအစီး ၇၀၀၀ တင်ဆောင်နိုင်ပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ကူးသန်းမယ့် ခေတ်ပေါ် ရွက်သင်္ဘော

ကားအစီးရေ ၇၀၀၀ အထိ တင်ဆောင်နိုင်မည့် ကားသင်္ဘောသည် ရေနံထွက် လောင်စာဆီအစားသဘာဝအလျောက် လေတိုက်သည်ကို ရွက်လွှင့်ပြီး ရွေ့လျားစေမည်ဖြစ်ပြီး ရေနံထွက် လောင်စာဆီသင်္ဘောများ၏ အမြန်နှုန်းမျိုးဖြင့် ခရီးနှင်မည် ဖြစ်သည်။

Tuesday, 29 September 2020 13:01

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရေက်ရန် ဗီဇာကိစ္စ ဂျပန်သံရုံးမှ အသိပေးထုတ်ပြန်

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရေက်ရန် ၊ ကာလရှည်နေထိုင်ရန်အတွက် သွားရောက်ရန်

Friday, 25 September 2020 04:52

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှာ မှတ်ပုံတင်နည်း

COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း

Sunday, 13 September 2020 00:43

အကောက်ခွန်ရုံးချုပ်အတွင်းသို့ ကားများဝင်ထွက်သည့်နေရာမှသာ အေးဂျင့်များ အဝါကတ်ချိတ်ဆွဲပြီး ဝင်ရောက်ရမည်

အကောက်ခွန်ရုံးချုပ်အတွင်းသို့ ကားများဝင်ထွက်သည့်နေရာမှသာ အေးဂျင့်များ အဝါကတ်ချိတ်ဆွဲပြီး

Wednesday, 02 September 2020 08:53

နေပြည်တော် အဝင်နှင့် ပြန်လည်ဝင်ရောက်ခြင်းတို့အတွက် အသိပေး ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်ကောင်စီ အမိန့်အမှတ်(၉၄/၂၀၂၀) ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်သို့လာရောက်သူများနှင့်

Wednesday, 05 August 2020 04:37

အိမ်စီးကား၊ လူစီးယာဉ် ပြည်ပမှ တင်သွင်း သည့်အခါ အခွန်ရာနှုန်း တွက်ချက်ပုံများ

အိမ်စီးကား၊ လူစီးယာဉ် ပြည်ပမှ တင်သွင်း သည့်အခါ အခွန်ရာနှုန်း တွက်ချက်ပုံများ

Friday, 12 June 2020 04:08

ထိုင်းနဲ့ Travel Bubbles ခရီးသွားလာရေးဆိုင်ရာ သဘောတူညီချက်ရဖို့ နိုင်ငံတချို့ စီစဉ်နေ

ကပ်ရောဂါ ကာလအတွင်း Travel Bubbles လို့ခေါ်တဲ့ အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာနှစ်နိုင်ငံ