Rules and Regulations

အကောက်ခွန်ဦးစီးဌာနကြေညာချက် Importer/Exporter များနှင့် MACCS Declarant များသိသာနိုင်ပါရန်

အကောက်ခွန်ဦးစီးဌာနကြေညာချက် Importer/Exporter များနှင့် MACCS Declarant များသိသာနိုင်ပါရန် google

၁။ ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်သော TIN No. (Tax Payer IdentificationNumber) များအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် Unique Number အဖြစ် လိုက်ပါသုံးစွဲနိုင် စေရေးအတွက် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါသည်။

 

၂။ ယင်းလုပ်ငန်းစဉ်အရ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးနေသည့် ပို့ကုန်သွင်းကုန်မှတ်ပုံတင်အမှတ် (ပသက) အား TIN No. Format သို့ ပြောင်းလဲသုံးစွဲတော့မည်ဖြစ်သကဲ့သို့ အကောက်ခွန်ဦးစီးဌာန၏ MACCS System တွင်လည်း ၅-၁-၂၀၂၀ ရက်နေ့တွင် ပသက မှတ်ပုံတင်အမှတ်အသစ်များအား လက်ခံဆောင်ရွက်ပေးနိုင်ရေး ပထမအဆင့်အနေဖြင့် တစ်ပြိုင်နက်တည်း လိုက်ပါပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ အကောက်ခွန်ဦးစီးဌာနက လိုက်ပါပြောင်းလဲရာတွင် MACCS System အတွင်း ထိုက်သင့်သော ပြုပြင်ပြောင်းလဲမှု Upgrade များ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းလွှာအမှတ် (၇/၂၀၁၉)နှင့် (၈/၂၀၁၉) တို့ဖြင့် TIN No. Format သို့ ပြင်ဆင်ထားခြင်းမရှိသည့် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့် သမဝါယမအသင်းလီမိတက်များ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းမှတ်ပုံတင် (ITC) နှင့် တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင်နံပါတ်များအစား ၅-၁-၂၀၂၀ ရက်နေ့မှ စတင်၍ TIN No. ဖြင့် တူညီစွာ ပြောင်းလဲအသုံးပြုဆောင်ရွက်နိုင်ရေးအတွက် ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်အသစ်များ ပြန်လည်လျှောက် ထားကြရန်နှင့် လျှောက်ထားခဲ့ခြင်းမရှိပါက ၅-၁-၂၀၂၀ ရက်နေ့မှစ၍ ပို့ကုန်သွင်းကုန်နှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ကြေညာချက်ထုတ် ပြန်ထားခဲ့ပါသည်။

 

၄။ အထက်ပါ ထုတ်ပြန်ကြေညာချက်အရ ပထမအဆင့်အနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော ပကသအမှတ်များအား TIN No. အဖြစ်သို့ ပြောင်းလဲခြင်းအတွက် အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်တွင် လိုအပ်သော Data Migration လုပ်ငန်းစဉ် ကို (၅.၁.၂၀၂၀) ရက်နေ့ နံနက် (၃:၀၀) နာရီမှ (၁၀:၀၀) နာရီ အတွင်း ဆောင်ရွက်မည် ဖြစ်ရာ အဆိုပါအချိန်အတွင်း ကြေညာလွှာများ တင်သွင်းခြင်းကို ခေတ္တရပ်ဆိုင်းထားပေး နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ System Release ပြုလုပ်သည့် ယင်းကာလ နောက်ပိုင်း ကြေညာလွှာတင်သွင်းခြင်းနှင့် လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်များတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက ဖြေရှင်းရမည့်လုပ်ငန်းစဉ်များကို ၃၀-၁၂-၂၀၁၉ ရက်နေ့တွင် အ ကောက်ခွန်ဦးစီးဌာန၏ Website နှင့် MACCS Facebook စာမျက်နှာပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ကြေညာချက်များ ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။UMFCCI, MCBA နှင့် MIFFA တို့ကိုလည်း တရားဝင်အကြောင်းကြားစာများ ပေးပို့ သွားမည် ဖြစ်ပါသည်။

 

၅။ ထိုသို့ MACCS System အတွင်း Data Migration များပြုလုပ်ပြီးပါက MACCS စနစ် အနေဖြင့် ယခင် ပသကမှတ်ပုံတင် အဟောင်းများဖြင့် လုပ်ငန်းဆောင်ရွက်မှု အပေါ်တွင် လက်ခံဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်သဖြင့် အထက်အပိုဒ် (၃) ပါ ကုန်သွယ်ရေး ဦးစီးဌာန၏ ကြေညာချက်ပါအတိုင်း အချိန်မီလိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။

 

၆။ သို့ဖြစ်ပါ၍ သွင်းကုန်ထုတ်ကုန်လုပ်ငန်း များဆောင်ရွက်နေသူများ၊ MACCS Declarant များအနေဖြင့် အထက်ဖေါ်ပြပါ အပြောင်းအလဲဖြစ်စဉ်နှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ ကြေညာချက်များကို website နှင့် Facebook စာမျက်နှာတို့တွင် စဉ်ဆက်မပြတ် ဝင်ရောက် ကြည့်ရှုပေးကြပါရန်နှင့် အခက်အခဲများရှိပါက Help Desk Section သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း လေးစားစွာ အသိပေးနှိုးဆော်အပ်ပါသည်။

 

>>> Logistics Services ေထာက္ပံ့သယ္ယူပုိ႔ေဆာင္စီမံေရးလုပ္ငန္းေပါင္း ၅၀၅ခုကိုရွာရန္ႏိွပ္ပါ <<<

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

အေကာက္ခြန္ဦးစီးဌာနေၾကညာခ်က္ Importer/Exporter မ်ားႏွင့္ MACCS Declarant မ်ားသိသာႏိုင္ပါရန္

 

၁။ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သတ္မွတ္ေသာ TIN No. (Tax Payer IdentificationNumber) မ်ားအား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာနႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔တြင္ Unique Number အျဖစ္ လိုက္ပါသုံးစြဲႏိုင္ ေစေရးအတြက္ အဆင့္ဆင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိေနပါသည္။

 

၂။ ယင္းလုပ္ငန္းစဥ္အရ ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ေပးေနသည့္ ပို႔ကုန္သြင္းကုန္မွတ္ပုံတင္အမွတ္ (ပသက) အား TIN No. Format သို႔ ေျပာင္းလဲသုံးစြဲေတာ့မည္ျဖစ္သကဲ့သို႔ အေကာက္ခြန္ဦးစီးဌာန၏ MACCS System တြင္လည္း ၅-၁-၂၀၂၀ ရက္ေန႔တြင္ ပသက မွတ္ပုံတင္အမွတ္အသစ္မ်ားအား လက္ခံေဆာင္႐ြက္ေပးႏိုင္ေရး ပထမအဆင့္အေနျဖင့္ တစ္ၿပိဳင္နက္တည္း လိုက္ပါေျပာင္းလဲသြားမည္ျဖစ္ပါသည္။ ထိုကဲ့သို႔ အေကာက္ခြန္ဦးစီးဌာနက လိုက္ပါေျပာင္းလဲရာတြင္ MACCS System အတြင္း ထိုက္သင့္ေသာ ျပဳျပင္ေျပာင္းလဲမႈ Upgrade မ်ား ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

 

၃။ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္ေသာ သတင္းလႊာအမွတ္ (၇/၂၀၁၉)ႏွင့္ (၈/၂၀၁၉) တို႔ျဖင့္ TIN No. Format သို႔ ျပင္ဆင္ထားျခင္းမရွိသည့္ ကုမၸဏီမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနတြင္ မွတ္ပုံတင္ျခင္းမရွိသည့္ သမဝါယမအသင္းလီမိတက္မ်ား၊ အစိုးရဌာနမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား၊ တစ္ဦးခ်င္းကုန္သြယ္မႈလုပ္ငန္းမွတ္ပုံတင္ (ITC) ႏွင့္ တစ္ဦးခ်င္း ကုန္သြယ္ခြင့္ပါမစ္မွတ္ပုံတင္နံပါတ္မ်ားအစား ၅-၁-၂၀၂၀ ရက္ေန႔မွ စတင္၍ TIN No. ျဖင့္ တူညီစြာ ေျပာင္းလဲအသုံးျပဳေဆာင္႐ြက္ႏိုင္ေရးအတြက္ ၃၁-၁၂-၂၀၁၉ ရက္ေန႔အထိ ကုန္သြယ္ေရးဦးစီးဌာနသို႔ မွတ္ပုံတင္အသစ္မ်ား ျပန္လည္ေလွ်ာက္ ထားၾကရန္ႏွင့္ ေလွ်ာက္ထားခဲ့ျခင္းမရွိပါက ၅-၁-၂၀၂၀ ရက္ေန႔မွစ၍ ပို႔ကုန္သြင္းကုန္ႏွင့္ ဆက္စပ္သည့္လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ျခင္းမရွိေၾကာင္း ေၾကညာခ်က္ထုတ္ ျပန္ထားခဲ့ပါသည္။

 

၄။ အထက္ပါ ထုတ္ျပန္ေၾကညာခ်က္အရ ပထမအဆင့္အေနျဖင့္ ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ေပးေသာ ပကသအမွတ္မ်ားအား TIN No. အျဖစ္သို႔ ေျပာင္းလဲျခင္းအတြက္ အေကာက္ခြန္ဦးစီးဌာန၏ MACCS စနစ္တြင္ လိုအပ္ေသာ Data Migration လုပ္ငန္းစဥ္ ကို (၅.၁.၂၀၂၀) ရက္ေန႔ နံနက္ (၃:၀၀) နာရီမွ (၁၀:၀၀) နာရီ အတြင္း ေဆာင္႐ြက္မည္ ျဖစ္ရာ အဆိုပါအခ်ိန္အတြင္း ေၾကညာလႊာမ်ား တင္သြင္းျခင္းကို ေခတၱရပ္ဆိုင္းထားေပး ႏိုင္ပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ System Release ျပဳလုပ္သည့္ ယင္းကာလ ေနာက္ပိုင္း ေၾကညာလႊာတင္သြင္းျခင္းႏွင့္ လိုင္စင္ျဖတ္ေတာက္ျခင္းလုပ္ငန္းစဥ္မ်ားတြင္ အခက္အခဲတစ္စုံတစ္ရာ ေပၚေပါက္လာခဲ့ပါက ေျဖရွင္းရမည့္လုပ္ငန္းစဥ္မ်ားကို ၃၀-၁၂-၂၀၁၉ ရက္ေန႔တြင္ အ ေကာက္ခြန္ဦးစီးဌာန၏ Website ႏွင့္ MACCS Facebook စာမ်က္ႏွာေပၚတြင္ အခ်ိန္ႏွင့္တစ္ေျပးညီ ေၾကညာခ်က္မ်ား ထုတ္ျပန္ေပးမည္ ျဖစ္ပါသည္။UMFCCI, MCBA ႏွင့္ MIFFA တို႔ကိုလည္း တရားဝင္အေၾကာင္းၾကားစာမ်ား ေပးပို႔ သြားမည္ ျဖစ္ပါသည္။

 

၅။ ထိုသို႔ MACCS System အတြင္း Data Migration မ်ားျပဳလုပ္ၿပီးပါက MACCS စနစ္ အေနျဖင့္ ယခင္ ပသကမွတ္ပုံတင္ အေဟာင္းမ်ားျဖင့္ လုပ္ငန္းေဆာင္႐ြက္မႈ အေပၚတြင္ လက္ခံေဆာင္႐ြက္ေပးႏိုင္ေတာ့မည္ မဟုတ္သျဖင့္ အထက္အပိုဒ္ (၃) ပါ ကုန္သြယ္ေရး ဦးစီးဌာန၏ ေၾကညာခ်က္ပါအတိုင္း အခ်ိန္မီလိုက္နာေဆာင္႐ြက္ေပးၾကရန္ လိုအပ္ပါသည္။

 

၆။ သို႔ျဖစ္ပါ၍ သြင္းကုန္ထုတ္ကုန္လုပ္ငန္း မ်ားေဆာင္႐ြက္ေနသူမ်ား၊ MACCS Declarant မ်ားအေနျဖင့္ အထက္ေဖၚျပပါ အေျပာင္းအလဲျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ အေကာက္ခြန္ဦးစီးဌာနမွ ေၾကညာခ်က္မ်ားကို website ႏွင့္ Facebook စာမ်က္ႏွာတို႔တြင္ စဥ္ဆက္မျပတ္ ဝင္ေရာက္ ၾကည့္ရႈေပးၾကပါရန္ႏွင့္ အခက္အခဲမ်ားရွိပါက Help Desk Section သို႔ ႐ုံးခ်ိန္အတြင္း ေမးျမန္းစုံစမ္းႏိုင္ပါေၾကာင္း ေလးစားစြာ အသိေပးႏႈိးေဆာ္အပ္ပါသည္။

 


Myanmar 
Logistics Guide

 

Read times
Rate this item
(0 votes)