Rules and Regulations
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ သိသာရန်
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ သိသာရန် google
၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးသော ကုမ္ပဏီများအနေဖြင့် MyCO Online စနစ်ဖြင့် ရရှိခဲ့သော ကုမ္ပဏီမှတ်ပုံတင်အမှတ် TIN No.(9 digit) အား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ရှိ ကုမ္ပဏီမှတ်ပုံတင်အမှတ်နေရာတွင် ပြင်ဆင်ပြီးသော ကုမ္ပဏီများ နှင့် သမဝါယမအသင်းလီမိတက်များသည် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းစဉ်များအား Online ပေါ်မှ အသုံးပြု ဆောင်ရွက် နိုင်ရန်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၏ ပသက မှတ်ပုံတင်အမှတ်နေရာတွင် TIN No. (9 digit) အား ကုန်သွယ်ရေးဦးစီးဌာန၌ အောက်ပါအချက်များနှင့်အတူ ပြင်ဆင်ခြင်း လျှောက်ထားကြရန်ဖြစ်သည်။
(က) ကုမ္ပဏီ(Letter Head) ပါ လျှောက်လွှာ
(ခ) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (မူရင်း/မိတ္တူ)
(ဂ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
(ဃ) ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏မှတ်ပုံတင်
၂။ ဤကဲ့သို့ ပြင်ဆင်လျှောက်ထားမှုအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ကတ်ပြားကြေး (၅၀ဝိ/-) ကျပ်သာ ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ အသိပေးကြေညာအပ်ပါသည်။
Zawgyi ဖြင့်ဖက်ရှု့ရန်
>>>>>>>>>>
aa
Myanmar Logistics Guide
Read times
Rate this item
(0 votes)