Rules and Regulations

ပုံမှန်လိုင်စင်ဖြင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီများမှ လုပ်ငန်းသုံးယာဉ်အရောင်းစင်တာ ဖွင့်လှစ်ဆောင်ရွက်ရန်အတွက် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် (SOP)

ပုံမှန်လိုင်စင်ဖြင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီများမှ လုပ်ငန်းသုံးယာဉ်အရောင်းစင်တာ ဖွင့်လှစ်ဆောင်ရွက်ရန်အတွက် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် (SOP) google

၁။ လုပ်ငန်းသုံးယာဉ်အရောင်းစင်တာဖွင့်လှစ်မည့် ပုံမှန်လိုင်စင်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီ များသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ရရှိပြီးဖြစ်ရမည်။ အရောင်းစင်တာဖွင့်လှစ်ရန်အတွက် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်ရှိရပါမည်။

 

၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားခြင်း

 


(က) ကုမ္ပဏီLetter Head ဖြင့် လျှောက်လွှာ
(ခ) ကုမ္ပဏီထူထောင်ပြီးသော Myco အထောက်အထား၊ စာရွက်စာတမ်းများ
(ဂ) ဒါရိုက်တာဓာတ်ပုံနှင့် လိပ်စာဇယား

 


၃။ စီးပွားရေးအကျိုးဆောင်လျှောက်ထားခြင်း
(က) ကုမ္ပဏီမှလျှောက်လွှာ
(ခ) ကုမ္ပဏီမှတ်ပုံတင်မူရင်း/မိတ္တ
(ဂ) စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်ခန့်စာ၊ စာချုပ်၊ သံရုံးထောက်ခံချက်၊ Notary Public
(ဃ) ခန့်အပ်ထားသည့် ပြည်ပကုမ္ပဏီအဖွဲ့အစည်း၏မူရင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မှတ်ပုံတင်အထောက်အထား
(င) စီးပွားရေးအကျိုးဆောင် ခန့်အပ်စာပေါ်တွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ အတည်ပြုချက် (Endorsement) ပါရှိရမည်။

 


၄။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်ရမည်။ တိုင်းဒေသကြီးခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင် ရရှိခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းသုံးမော်တော် ယာဉ်များ တင်သွင်းဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်၍ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်ဖြင့် ယာယီ (၆) လ ဖွင့်လှစ်ခွင့်ပြုပါမည်။ ထိုသို့ယာယီခွင့်လှစ်ခွင့်ပြုစဉ် ကာလအတွင်း တိုင်းဒေသကြီး ခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင်ရရှိအောင် ဆောင်ရွက်ရမည်။

 

၅။ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ(Deposit)အဖြစ် မြန်မာကျပ်ငွေ သိန်း(၅၀၀)အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိ အမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းရမည်။

 


၆။ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ (၉၀၀၀) ရှိရမည်ဖြစ်ပါသည်။ အရောင်းစင်တာအဆောက်အဦ အကျယ်အဝန်းအား (၃၀၀၀) စတုရန်းပေ ရှိရမည်။ အရောင်းစင်တာရုံးခန်း အကျယ်အဝန်းအား (၃၀၀) စတုရန်းပေ ရှိရမည်။ အရောင်းစင်တာ ဧည့်နားနေခန်း အကျယ်အဝန်းအား (၂၀၀) စတုရန်းပေ ရှိရမည်။

 


၇။ အရောင်းစင်တာဖွင့်လှစ်မည့် မြေနေရာသည် မြေပိုင်ဖြစ်လျှင် ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဦး၏ နာမည်ပေါက်ဂရမ်မူရင်းအထောက်အထား၊ ငှားရမ်းထားသည့် မြေဖြစ်လျှင် တံဆိပ်ခေါင်းကပ်ထားသည့် အငှားစာချုပ်မူရင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အထောက်အထား တင်ပြ ရမည်။

 


၈။ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်း စင်တာ ဖွင့်လှစ်လိုပါက Downtown Area ၏ ပြင်ပတွင် ဖွင့်လှစ်ခွင့်ပြုပါမည်။

 


Ceiling စီးရေ သတ်မှတ်ချက်

 


၁။ ဖွင့်လှစ်ခွင့်ရရှိပြီးသည့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများအား ၂၀၁၅ ခုနှစ် မော်ဒယ်မှ ၂၀၁၉ ခုနှစ် မော်ဒယ်အထိ လုပ်ငန်းသုံးမော်တော်ယာဉ်များကို ခွင့်ပြုပါမည်။

 


၂။ စတင်ခွင့်ပြုချိန်မှ (၆) လအတွင်း Ceiling စီးရေ (၄၀) စီး၊ (၆) လမှ (၁) နှစ်အတွင်း Ceiling စီးရေ (၆၀) စီးနှင့် (၁) နှစ်ပြည့်ပြီးပါက Ceiling စီးရေ (၈၀) စီးအား ခွင့်ပြုပါမည်။

 


၃။ ရောက်ရှိ/ ရောင်းချပြီးသည့် မော်တော်ယာဉ်များအား လူအမည် (သို့မဟုတ်) ကုမ္ပဏီအမည်ဖြင့် ယာဉ်မှတ်ပုံတင်နိုင်ရေးအတွက် “လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာတွင် မော်တော် ယာဉ်ဝယ်ယူခွင့်ပါမစ်” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ One Stop Service အဖွဲ့ရုံးတွင် လျှောက်ထားရမည်။

 


၄။ ရောက်ရှိ/ ရောင်းချ/ ယာဉ်မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်စာရင်းအား မော်တော်ယာဉ် အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့များထံ တင်ပြ၍ မြေပြင်စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် Ceiling စီးရေအရ ထပ်မံတင်သွင်းခွင့်ပြုပါမည်။

 


Zawgyi

 


ပုံမွန္လိုင္စင္ျဖင့္ ပို႔ကုန္သြင္းကုန္ကုမၸဏီမ်ားမွ လုပ္ငန္းသုံးယာဥ္အေရာင္းစင္တာ ဖြင့္လွစ္ေဆာင္႐ြက္ရန္အတြက္ လုပ္ငန္းေဆာင္႐ြက္ပုံအဆင့္ဆင့္(SOP)

 


၁။ လုပ္ငန္းသုံးယာဥ္အေရာင္းစင္တာဖြင့္လွစ္မည့္ ပုံမွန္လိုင္စင္ျဖင့္ ေဆာင္႐ြက္သည့္ ကုမၸဏီ မ်ားသည္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္ ရရွိၿပီးျဖစ္ရမည္။ အေရာင္းစင္တာဖြင့္လွစ္ရန္အတြက္ စီးပြားေရးအက်ိဳးေဆာင္ မွတ္ပုံတင္လက္မွတ္ရွိရပါမည္။

 


၂။ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္ေလွ်ာက္ထားျခင္း
(က) ကုမၸဏီLetter Head ျဖင့္ ေလွ်ာက္လႊာ
(ခ) ကုမၸဏီထူေထာင္ၿပီးေသာ Myco အေထာက္အထား၊ စာ႐ြက္စာတမ္းမ်ား
(ဂ) ဒါ႐ိုက္တာဓာတ္ပုံႏွင့္ လိပ္စာဇယား
၃။ စီးပြားေရးအက်ိဳးေဆာင္ေလွ်ာက္ထားျခင္း
(က) ကုမၸဏီမွေလွ်ာက္လႊာ
(ခ) ကုမၸဏီမွတ္ပုံတင္မူရင္း/မိတၱ
(ဂ) စီးပြားေရးအက်ိဳးေဆာင္ခန္႔အပ္သည့္ခန္႔စာ၊ စာခ်ဳပ္၊ သံ႐ုံးေထာက္ခံခ်က္၊ Notary Public
(ဃ) ခန္႔အပ္ထားသည့္ ျပည္ပကုမၸဏီအဖြဲ႕အစည္း၏မူရင္းႏိုင္ငံတြင္ မွတ္ပုံတင္ထားသည့္ မွတ္ပုံတင္အေထာက္အထား
(င) စီးပြားေရးအက်ိဳးေဆာင္ ခန္႔အပ္စာေပၚတြင္ သက္ဆိုင္ရာႏိုင္ငံရွိ ျမန္မာသံ႐ုံး၏ အတည္ျပဳခ်က္ (Endorsement) ပါရွိရမည္။

 


၄။ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ခြင့္ျပဳခ်က္ႏွင့္ သက္ဆိုင္ရာ စည္ပင္သာယာေရးအဖြဲ႕မ်ားထံမွ လုပ္ငန္းလိုင္စင္ရယူေဆာင္႐ြက္ရမည္။ တိုင္းေဒသႀကီးခြင့္ျပဳခ်က္ႏွင့္ စည္ပင္လုပ္ငန္းလိုင္စင္ ရရွိျခင္းမရွိပါက ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕၏ လုပ္ငန္းသုံးေမာ္ေတာ္ ယာဥ္မ်ား တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ေရးႏွင့္ပတ္သက္၍ ကန္႔ကြက္ရန္မရွိေၾကာင္း ေထာက္ခံခ်က္ျဖင့္ ယာယီ (၆) လ ဖြင့္လွစ္ခြင့္ျပဳပါမည္။ ထိုသို႔ယာယီခြင့္လွစ္ခြင့္ျပဳစဥ္ ကာလအတြင္း တိုင္းေဒသႀကီး ခြင့္ျပဳခ်က္ႏွင့္ စည္ပင္လုပ္ငန္းလိုင္စင္ရရွိေအာင္ ေဆာင္႐ြက္ရမည္။

 

၅။ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္အေရာင္းစင္တာဖြင့္လွစ္မည့္ ကုမၸဏီ၏ ဘဏ္စာရင္းတြင္ အာမခံေငြ(Deposit)အျဖစ္ ျမန္မာက်ပ္ေငြ သိန္း(၅၀၀)အား ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ အသိ အမွတ္ျပဳထားသည့္ ဘဏ္တစ္ခုခုတြင္ သီးျခားေငြစာရင္းဖြင့္လွစ္၍ ထည့္သြင္းသိမ္းဆည္းရမည္။

 


၆။ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္အေရာင္းစင္တာအက်ယ္အဝန္းသည္ အနည္းဆုံး စတုရန္းေပ (၉၀၀၀) ရွိရမည္ျဖစ္ပါသည္။ အေရာင္းစင္တာအေဆာက္အဦ အက်ယ္အဝန္းအား (၃၀၀၀) စတုရန္းေပ ရွိရမည္။ အေရာင္းစင္တာ႐ုံးခန္း အက်ယ္အဝန္းအား (၃၀၀) စတုရန္းေပ ရွိရမည္။ အေရာင္းစင္တာ ဧည့္နားေနခန္း အက်ယ္အဝန္းအား (၂၀၀) စတုရန္းေပ ရွိရမည္။

 


၇။ အေရာင္းစင္တာဖြင့္လွစ္မည့္ ေျမေနရာသည္ ေျမပိုင္ျဖစ္လွ်င္ ကုမၸဏီ ဒါ႐ိုက္တာတစ္ဦးဦး၏ နာမည္ေပါက္ဂရမ္မူရင္းအေထာက္အထား၊ ငွားရမ္းထားသည့္ ေျမျဖစ္လွ်င္ တံဆိပ္ေခါင္းကပ္ထားသည့္ အငွားစာခ်ဳပ္မူရင္း၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ထားသည့္ အေထာက္အထား တင္ျပ ရမည္။

 


၈။ ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္း လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ အေရာင္း စင္တာ ဖြင့္လွစ္လိုပါက Downtown Area ၏ ျပင္ပတြင္ ဖြင့္လွစ္ခြင့္ျပဳပါမည္။

 


Ceiling စီးေရ သတ္မွတ္ခ်က္

 


၁။ ဖြင့္လွစ္ခြင့္ရရွိၿပီးသည့္ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ အေရာင္းစင္တာမ်ားအား ၂၀၁၅ ခုႏွစ္ ေမာ္ဒယ္မွ ၂၀၁၉ ခုႏွစ္ ေမာ္ဒယ္အထိ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္မ်ားကို ခြင့္ျပဳပါမည္။

 


၂။ စတင္ခြင့္ျပဳခ်ိန္မွ (၆) လအတြင္း Ceiling စီးေရ (၄၀) စီး၊ (၆) လမွ (၁) ႏွစ္အတြင္း Ceiling စီးေရ (၆၀) စီးႏွင့္ (၁) ႏွစ္ျပည့္ၿပီးပါက Ceiling စီးေရ (၈၀) စီးအား ခြင့္ျပဳပါမည္။

 


၃။ ေရာက္ရွိ/ ေရာင္းခ်ၿပီးသည့္ ေမာ္ေတာ္ယာဥ္မ်ားအား လူအမည္ (သို႔မဟုတ္) ကုမၸဏီအမည္ျဖင့္ ယာဥ္မွတ္ပုံတင္ႏိုင္ေရးအတြက္ “လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ အေရာင္းစင္တာတြင္ ေမာ္ေတာ္ ယာဥ္ဝယ္ယူခြင့္ပါမစ္” ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ One Stop Service အဖြဲ႕႐ုံးတြင္ ေလွ်ာက္ထားရမည္။

 


၄။ ေရာက္ရွိ/ ေရာင္းခ်/ ယာဥ္မွတ္ပုံတင္ၿပီးစီးသည့္ ေမာ္ေတာ္ယာဥ္စာရင္းအား ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာ ေျမျပင္စစ္ေဆးေရးအဖြဲ႕မ်ားထံ တင္ျပ၍ ေျမျပင္စစ္ေဆးေရးအဖြဲ႕၏ ေထာက္ခံခ်က္ျဖင့္ Ceiling စီးေရအရ ထပ္မံတင္သြင္းခြင့္ျပဳပါမည္။

 


Source; MOC

Read times
Rate this item
(0 votes)