Rules and Regulations

အထူး"က" ကုန်စည်လုပ်ငန်းလိုင်စင်နှင့်ကားနှင့်ပတ်သတ်သည့်လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင်အမျိုးအစားများ

အထူး"က" ကုန်စည်လုပ်ငန်းလိုင်စင်နှင့်ကားနှင့်ပတ်သတ်သည့်လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင်အမျိုးအစားများ google

ကားနဲ့ပတ်သတ်သည့်လုပ်ငန်းလိုင်းစင်များကတော့ 

 

"က" "ခ" "ဂ" "ဃ" "င" အပြင် အထူး"က" ၊
"စ" လုပ်ငန်းလိုင်စင်ဆိုပြီးရှိပါတယ်
ကဲ လုပ်ငန်းလိုင်စင်
တစ်ခုချင်းအလိုက် လေ့လာကြရအောင်ဗျာ။

 

No photo description available.

 

"က" လုပ်ငန်းလိုင်စင်
*********************

 

ရန်ကုန်-မန္တလေးမှ မြို့အသီးသီးဆီသို့
အဝေးပြေးလမ်းမကြီးပေါ်မောင်းနှင်သွားလာနေတဲ့
ကုန်တင်ယာဉ်ကြီးတွေမှာ
ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက်ပြုလုပ်ထားတဲ့
"က" ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်ပါ။

 

"က" လုပ်ငန်းလိုင်စင်နဲ့ပတ်သတ်လို့ မရှင်းမရှင်း
ဖြစ်နေတဲ့ကိစ္စလေးတွေလည်းရှိပါတယ်
container တို့ ဆီးဘောက်ဆာတို့လိုကားမျိုးဆိုရင်
"က"မပေးဘူး ညာဘာပေါ့
ဒါလေးကိုလည်း ရှင်းပြချင်ပါတယ်။

 

Tractor Head/ Prime Mover နဲ့ Semi Trailer ကဲ့သို့
ချိတ်ဆွဲယာဉ်(ခေါင်းတွဲ)နှင့် နောက်တွဲယာဉ်
(ထွေလာ)တို့ဟာ သီးခြားစီဖြစ်လို့
ယာဉ်နှစ်စီးအဖြစ်သတ်မှတ်ပြီး
"က" လုပ်ငန်းလိုင်စင် ထုတ်ပေးပါတယ်
သစ်လုံးတင်ယာဉ်၊ ကုန်သေတ္တာတင်ယာဉ်နဲ့ Dangerous Goods တင်ဆောင်တဲ့ယာဉ်တွေကိုတော့ အပိုင်း(၂)နဲ့တြိဂံမှာ
အထူး"က"ဟု မှတ်သားထုတ်ပေးပါတယ်
ဒါက ကုန်ပစ္စည်းမဟုတ်လို့ ဘာညာ
စသည်ဖြင့် တွေးတောနေမှာစိုးလို့ပါ။

 

 

No photo description available.

 


"ခ"လုပ်ငန်းလိုင်စင်
*******************

ခရီးသည်ပို့ဆောင်ခွင့်ပါ
အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ
ခရီးသည်တင်ယာဉ် Express တွေမှာ
"ခ" လုပ်ငန်းလိုင်စင်လုပ်ထားပါတယ်
ခရီးသည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်ပါ။

 

No photo description available.

 


"ဂ"လုပ်ငန်းလိုင်စင်
*******************

Taxi တွေအတွက်ပါ
စင်လုံးငှားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်ပါ။

 

No photo description available.

 


"ဃ" လုပ်ငန်းလိုင်စင်
*********************

အပြာရောင်ကားနံပါတ်နဲ့
လုပ်ငန်းလိုင်စင် "ဃ"ကလဲ အပြာပါ.
ဃ လုပ်ငန်းမှာနှစ်မျိူးကွဲပြားသွားပါသေးတယ်
ဃ-အခြားနဲ့ ဃ ရိုးရိုးပါ
ဃ-အခြားက (ပဋိညာဉ်ပို့ဆောင်ခွင့်)
နိုင်ငံခြားသားခရီးသည်တွေကို Taxi လုပ်တာပါ
ဃ ရိုးရိုးက
စက်ရုံ၊ကုပ္ပဏီစသည်တို့ကိုကြိုပို့ပါ။

 

 

No photo description available.


"င" ကိုယ်ပိုင်စီးပွားရေးပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်
************************************************

အိမ်မှာကားလေးဝယ်ထားတယ်
ဥပမာ ဟိုက်ဂျက်လိုမျိုးလေးပေါ့
ကိုယ်ပိုင်ကားလေး နံပါတ်အနက်နဲ့
တနိုင်တပိုင်စီးပွားရေးလေးလုပ်လို့
အိမ်ဆိုင်လေးနဲ့ အခြားအလုပ်လေးအတွက်
ပစ္စည်းလေးတွေ သယ်မယ် ပို့မယ်ဆိုရင်
"င" ကိုယ်ပိုင်စီးပွားပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်လုပ်ထားရပါ့မယ်(အစိမ်းရောင်)
အပိုင်း(၂)မှာတော့
ကုန်မာ/စားသောက်ကုန်/အလှကုန် စသည့်ဖြင့်
မိမိလုပ်ငန်းအမျိုးအစားပါဖော်ပြလို့ပါ။

 


"စ" လုပ်ငန်းလိုင်စင်
*******************

တစ်ခါတလေမှသာတွေ့ရတဲ့ "စ" လုပ်ငန်းလိုင်စင်ပါ ယာယီပို့ဆောင်ခွင့်(သို့)အထူးလိုအပ်ချက်များ
ဖြည့်တင်းရန်အတွက်လည်းကောင်း
လိုင်စင်အသစ်လဲလှယ်ချိန် ရက်ကြာနေတဲ့အခါ
အသုံးပြုတဲ့ လုပ်ငန်းလိုင်စင်ပါ.
ဘုရားဖူးကားတွေမှာတွေ့ရတက်ပါတယ်။

 

Zawgyi ဖြင့်ဖက်ရှု့ရန်

>>>>>>>>>>

 


 

"က" "ခ" "ဂ" "ဃ" "င" အပြင် အထူး"က" ၊
ကဲ လုပ်ငန်းလိုင်စင်

 


 

"က" လုပ်ငန်းလိုင်စင်
*********************


 

"က"မပေးဘူး ညာဘာပေါ့

 


 


 


"ခ"လုပ်ငန်းလိုင်စင်
*******************


 

 


 


"ဂ"လုပ်ငန်းလိုင်စင်
*******************

Taxi တွေအတွက်ပါ

 

 



"ဃ" လုပ်ငန်းလိုင်စင်
*********************

ဃ လုပ်ငန်းမှာနှစ်မျိုးကွဲပြားသွားပါသေးတယ်
ဃ ရိုးရိုးက

 

 


 


************************************************

အပိုင်း(၂)မှာတော့

 


"စ" လုပ်ငန်းလိုင်စင်
*******************


 

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)