Rules and Regulations

မီနီအိုးဝေ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတို့သိရှိထားသင့်တဲ့ အကြောင်းအရာ

နေရာအတော်များများမှာ မီနီအိုးဝေလေးတွေ အသုံးပြုမှုများပြားလာတာကိုတွေ့မြင်နေရပါတယ်။ခရီးသည်များ၊ဈေးသွားဈေးပြန်၊မြို့တွင်းမြို့ပြင်၊သွားလိုရာရာနေရာတို့ကို သင့်တော်‌သောအခကြေးငွေနဲ့ပြေးဆွဲနေကြတာမြို့တိုင်းနီးပါးပါ။

 

အဲ့ဒီလိုပြေးဆွဲ‌နေကြတာ နံပါတ်အနက်တွေပါသလို နံပါတ်အနီတွေလဲပါပါတယ် အနီရော အနက်ပါ ခရီးသည်တင်ပြေးဆွဲနေတာ တွေ့မြင်ရတာမို့မီနီအိုးဝေ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတို့သိရှိထားသင့်တဲ့ အကြောင်းအရာလေးပြောပြေ‌ပေးချင်ပါတယ်။

 

နံပါတ်အနက်ဟာ ကိုယ်ပိုင်ယာဉ်ဖြစ်ပြီးနံပါတ်အနီက အငှားယာဉ်ပါပထမဆုံး အငှားယာဉ်လုပ်မယ်ဆိုရင် နံပါတ်ဟာ အနီဖြစ်ရပါ့မယ် မိမိယာဉ်ဟာနံပါတ်အနီ ဖြစ်ပြီးပြီဆိုရင်လုပ်မည့် လုပ်ငန်းအမျိုးအစားကို ရွေးချယ်ရပါ့မယ် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းလိုင်စင်လိုအပ်ပါတယ်ဟိုးအရင် သုံးဘီးတွေမှာတော့ကုန်ပစ္စည်းတင်မယ်ဆိုရင် လုပ်ငန်းလိုင်စင် "က"ကိုယ်ပိုင်စီးပွားဆိုရင် လုပ်ငန်းလိုင်စင် "င"စသည်ဖြင့်လုပ်ခဲ့ကြတာပါအခု မီနီအိုးဝေကို Taxi အဖြစ်ပြေးဆွဲမယ်ဆိုရင်လိုအပ်လာပါပြီ"ဂ"(စင်းလုံးငှား)လုပ်ငန်းလိုင်စင်ပါ။

 

သက်ဆိုင်ရာကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ကုန်လမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရုံးတွေမှာမိမိလုပ်လိုတဲ့လုပ်ငန်းလိုင်စင်တွေ လျှောက်ထားရယူနိုင်ပါတယ်။

 

နံပါတ်အနီ အငှားယာဉ်(Taxi) "ဂ" လုပ်ငန်းလိုင်စင် ရယူထားသည့်ယာဉ်များမှသာ Taxi ဆွဲခွင့်ရှိတာမို့မကိုက်ညီသည့်မီနီအိုးဝေယာဉ်များမှာယာဉ်စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခံရတဲ့အခါအဆင်မပြေဖြစ်လာနိုင်သည်ကို အရိုးခံစိတ်ထားနဲ့ မိမိသိရှိသမျှ ပြောပြလိုက်ပါတယ်။

 

( မီနီအိုဝေ နံပါတ်အနီ အငှားယာဉ် Taxi "ဃ" ယာဉ်မောင်းလိုင်စင်ဖြင့်မောင်းနိုင်နံပါတ်အနက် အနိမ့်ဆုံး"ဟ"ယာဉ်မောင်းလိုင်စင်ဖြင့်မောင်နိုင်)

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

မီနီအိုးေဝ ယာဥ္ပိုင္ရွင္နဲ႔ ယာဥ္ေမာင္းသူတို႔သိရွိထားသင့္တဲ့ အေၾကာင္းအရာ

 

ေနရာအေတာ္မ်ားမ်ားမွာ မီနီအိုးေဝေလးေတြ အသုံးျပဳမႈမ်ားျပားလာတာကိုေတြ႕ျမင္ေနရပါတယ္။ခရီးသည္မ်ား၊ေဈးသြားေဈးျပန္၊ၿမိဳ႕တြင္းၿမိဳ႕ျပင္၊သြားလိုရာရာေနရာတို႔ကို သင့္ေတာ္‌ေသာအခေၾကးေငြနဲ႔ေျပးဆြဲေနၾကတာၿမိဳ႕တိုင္းနီးပါးပါ။

 

အဲ့ဒီလိုေျပးဆြဲ‌ေနၾကတာ နံပါတ္အနက္ေတြပါသလို နံပါတ္အနီေတြလဲပါပါတယ္ အနီေရာ အနက္ပါ ခရီးသည္တင္ေျပးဆြဲေနတာ ေတြ႕ျမင္ရတာမို႔မီနီအိုးေဝ ယာဥ္ပိုင္ရွင္နဲ႔ ယာဥ္ေမာင္းသူတို႔သိရွိထားသင့္တဲ့ အေၾကာင္းအရာေလးေျပာေျပ‌ေပးခ်င္ပါတယ္။

 

နံပါတ္အနက္ဟာ ကိုယ္ပိုင္ယာဥ္ျဖစ္ၿပီးနံပါတ္အနီက အငွားယာဥ္ပါပထမဆုံး အငွားယာဥ္လုပ္မယ္ဆိုရင္ နံပါတ္ဟာ အနီျဖစ္ရပါ့မယ္ မိမိယာဥ္ဟာနံပါတ္အနီ ျဖစ္ၿပီးၿပီဆိုရင္လုပ္မည့္ လုပ္ငန္းအမ်ိဳးအစားကို ေ႐ြးခ်ယ္ရပါ့မယ္ လုပ္ငန္းအမ်ိဳးအစားအလိုက္ လုပ္ငန္းလိုင္စင္လိုအပ္ပါတယ္ဟိုးအရင္ သုံးဘီးေတြမွာေတာ့ကုန္ပစၥည္းတင္မယ္ဆိုရင္ လုပ္ငန္းလိုင္စင္ "က"ကိုယ္ပိုင္စီးပြားဆိုရင္ လုပ္ငန္းလိုင္စင္ "င"စသည္ျဖင့္လုပ္ခဲ့ၾကတာပါအခု မီနီအိုးေဝကို Taxi အျဖစ္ေျပးဆြဲမယ္ဆိုရင္လိုအပ္လာပါၿပီ"ဂ"(စင္းလုံးငွား)လုပ္ငန္းလိုင္စင္ပါ။

 

သက္ဆိုင္ရာကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၊ကုန္လမ္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း႐ုံးေတြမွာမိမိလုပ္လိုတဲ့လုပ္ငန္းလိုင္စင္ေတြ ေလွ်ာက္ထားရယူႏိုင္ပါတယ္။

 

နံပါတ္အနီ အငွားယာဥ္(Taxi) "ဂ" လုပ္ငန္းလိုင္စင္ ရယူထားသည့္ယာဥ္မ်ားမွသာ Taxi ဆြဲခြင့္ရွိတာမို႔မကိုက္ညီသည့္မီနီအိုးေဝယာဥ္မ်ားမွာ ယာဥ္စစ္ေဆးေရးအဖြဲ႕မ်ားႏွင့္ စစ္ေဆးခံရတဲ့အခါအဆင္မေျပျဖစ္လာႏိုင္သည္ကို အ႐ိုးခံစိတ္ထားနဲ႔ မိမိသိရွိသမွ် ေျပာျပလိုက္ပါတယ္။

 

( မီနီအိုေဝ နံပါတ္အနီ အငွားယာဥ္ Taxi "ဃ" ယာဥ္ေမာင္းလိုင္စင္ျဖင့္ေမာင္းႏိုင္နံပါတ္အနက္ အနိမ့္ဆုံး"ဟ"ယာဥ္ေမာင္းလိုင္စင္ျဖင့္ေမာင္ႏိုင္)

 

Credit; ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)